• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • တစ်လခွဲအတွင်း စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၄၀၀ ကျော် သေဆုံး
  • ကျားဖြန့်ငွေလိမ်ဂိုဏ်းများမှ ယူဂန်ဒါနိုင်ငံသား ၂၆ ဦးကို ပြန်ပို့ 
  • အငြင်းပွားမှုဖြစ်ပွားနေသည့် ချန်းရိစက်ရုံဝန်ထမ်းများအား အလုပ်သမားဒုဝန်ကြီးမှ လုပ်ငန်းခွင်ပြန်ဝင်ရန် တိုက်တွန်း
  • အိန္ဒိယစစ်တပ်ပစ်ခတ်မှုကြောင့် မြန်မာလက်နက်ကိုင်တပ်ဖွဲ့ဝင်တွေ သေဆုံး
  • သဘာဝဘေးနဲ့ လူလုပ်ဒုက္ခသံသရာကြီးထဲက မြန်မာနိုင်ငံ
  • စစ်ကောင်စီ အသုံးပြုနေသော တိုက်လေယာဉ်နှင့် ဗုံးများကို တရုတ် ထောက်ပံ့ပေးနေ
  • UWSA က ရှမ်းအရှေ့မှာ သတ္တုတိုးမြှင့်တူးဖော်လာ
  • စစ်ကောင်စီတပ်သား ၁၆ ဦး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံသို့ ခိုလှုံ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»နေ့စဉ်သတင်း»အစည်းအဝေးပြုလုပ်နေသည့် လဝကအရာရှိများ အပစ်ခံရ
နေ့စဉ်သတင်း

အစည်းအဝေးပြုလုပ်နေသည့် လဝကအရာရှိများ အပစ်ခံရ

thanlwinkhetBy thanlwinkhetJanuary 26, 2023No Comments1 Min Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

အစည်းအဝေးပြုလုပ်နေသည့် လဝကအရာရှိများ အပစ်ခံရ
***********************

သံလွင်ခက်။
ဇန်နဝါရီ ၂၆၊ ၂၀၂၃။

ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်ရှိ လူဝင်မှုကြီးကြပ်ရေးရုံး ယမန်နေ့ ဇန်နဝါရီ ၂၅ ရက် ည ၇ နာရီခွဲ အချိန်တွင် အပစ်ခံခဲ့ရသည်ဟု ဒေသခံများက သံလွင်ခက်သတင်းဌာနကို ပြောသည်။

လူဝင်မှုကြီးကြပ်ရေးရုံး ဌာနအရာရှိများ အစည်းအဝေးလုပ်နေချိန် အပစ်ခံခဲ့ရခြင်းဖြစ်သည်ဟု ဒေသခံအမျိုးသားတစ်ဦးက သံလွင်ခက်ကို ပြောသည်။

၎င်းက “ ညဘက် အစည်းဝေးလုပ်နေချိန်မှာ ပစ်ခံရတာ။ မိုင်းထောင်ခဲ့တယ်လို့ သူတို့ (စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ) ယူဆပြီး အစည်းဝေးခန်းထဲကသူတွေကို မိုင်းမရှင်းခင်ထိ အပြင်ပေးမထွက်ဘူးလို့လည်း ပြောတယ်  ” ဟု ဆိုသည်။

အဆိုပါဖြစ်စဉ်ကြောင့် လဝက ဦးစီးမှူးနှင့် ရုံးဝန်းထမ်း အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများက ဆိုသော်လည်း ထိခိုက်ပျက်စီးမှု အသေးစိတ်အခြေအနေကို သံလွင်ခက်သတင်းဌာနက ဆက်လက်အတည်ပြုနေဆဲဖြစ်သည်။

အထက်ပါဖြစ်စဉ်နှင့် ပတ်သက်၍ မည်သည့်အဖွဲ့က လုပ်ဆောင်သည်ကို ထုတ်ပြန်ထားခြင်း မရှိသေးပေ။

စစ်ကောင်စီက ရွေးကောက်ပွဲ ပြုလုပ်ရန် ပြင်ဆင်လာသလို စစ်ကိုင်းတိုင်း၊ မကွေးတိုင်း အပါအဝင် ဒေသတချို့တွင် ရွေးကောက်ပွဲကော်မရှင်ရုံးနှင့် လူဝင်မှုကြီးကြပ်ရေးရုံးတချို့လည်း မီးရှို့ခံနေရသည်။

မိုင်းထောင်ဖောက်ခွဲခြင်း၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်းနှင့် မီးရှို့မှုများကြောင့် ၂၀၂၂ ခုနစ် ဇန်နဝါရီလမှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ အထိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ၁၃ ခုနှင့် ရုံးသုံးပစ္စည်းများ ပျက်စီးခဲ့သည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ အပါအဝင် တော်လှန်ရေးအင်အားစုများကလည်း စစ်ကောင်စီ၏ နိုင်ငံရေးထွက်ပေါက်ဖြစ်သည့် ရွေးကောက်ပွဲကို ကန့်ကွက်ကြရန် ပြည်သူများကို နှိုးဆော်ထားသည်။

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်နေ့ကလည်း စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲအတွက် မြောင်နယ်အတွင်း လူဦးရေစာရင်းကောက်ခံခဲ့သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းလေးဦးကို မြောင်မြို့နယ်တော်လှန်ရေးတပ် – MRA က ဖမ်းဆီးကာ NUG အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေဖြင့် တရားစွဲဆိုထားသည်။

ပုံစာ – ရွေးကောက်ပွဲကျင်းပရန် လူဦးရေစာရင်း ကောက်ယူနေသည့် စစ်ကောင်စီ ထိန်းချုပ် ဌာနဆိုင်ရာပူးပါင်းအဖွဲ့များမြင်ကွင်း။

Author

  • thanlwinkhet
    thanlwinkhet

    View all posts
နေ့စဉ်သတင်း
Share. Facebook Twitter WhatsApp
Previous Articleကော့ကရိတ်၊ ကျုံဒိုးတိုက်ပွဲ စစ်ကောင်စီတပ်မှ ၉၀ ကျော်သေဆုံးပြီး အထိအခိုက်များစွာဖြင့် တပ်ပြန်ဆုတ်
Next Article ဘုရားဖူးကား လက်နက်ကြီးထိလို့ အမျိုးသမီးလေးဦး ဒဏ်ရာရ
thanlwinkhet
  • Website

Related Posts

အငြင်းပွားမှုဖြစ်ပွားနေသည့် ချန်းရိစက်ရုံဝန်ထမ်းများအား အလုပ်သမားဒုဝန်ကြီးမှ လုပ်ငန်းခွင်ပြန်ဝင်ရန် တိုက်တွန်း

May 19, 2025

စစ်ကောင်စီ အသုံးပြုနေသော တိုက်လေယာဉ်နှင့် ဗုံးများကို တရုတ် ထောက်ပံ့ပေးနေ

May 17, 2025

UWSA က ရှမ်းအရှေ့မှာ သတ္တုတိုးမြှင့်တူးဖော်လာ

May 17, 2025

Leave A Reply Cancel Reply

Recent Posts

  • တစ်လခွဲအတွင်း စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၄၀၀ ကျော် သေဆုံး
  • ကျားဖြန့်ငွေလိမ်ဂိုဏ်းများမှ ယူဂန်ဒါနိုင်ငံသား ၂၆ ဦးကို ပြန်ပို့ 
  • အငြင်းပွားမှုဖြစ်ပွားနေသည့် ချန်းရိစက်ရုံဝန်ထမ်းများအား အလုပ်သမားဒုဝန်ကြီးမှ လုပ်ငန်းခွင်ပြန်ဝင်ရန် တိုက်တွန်း
  • အိန္ဒိယစစ်တပ်ပစ်ခတ်မှုကြောင့် မြန်မာလက်နက်ကိုင်တပ်ဖွဲ့ဝင်တွေ သေဆုံး
  • သဘာဝဘေးနဲ့ လူလုပ်ဒုက္ခသံသရာကြီးထဲက မြန်မာနိုင်ငံ

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

တစ်လခွဲအတွင်း စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၄၀၀ ကျော် သေဆုံး

ကျားဖြန့်ငွေလိမ်ဂိုဏ်းများမှ ယူဂန်ဒါနိုင်ငံသား ၂၆ ဦးကို ပြန်ပို့ 

အငြင်းပွားမှုဖြစ်ပွားနေသည့် ချန်းရိစက်ရုံဝန်ထမ်းများအား အလုပ်သမားဒုဝန်ကြီးမှ လုပ်ငန်းခွင်ပြန်ဝင်ရန် တိုက်တွန်း

အိန္ဒိယစစ်တပ်ပစ်ခတ်မှုကြောင့် မြန်မာလက်နက်ကိုင်တပ်ဖွဲ့ဝင်တွေ သေဆုံး

ယခင်သတင်းများ

  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • ဓာတ်ပုံသတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

တစ်လခွဲအတွင်း စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၄၀၀ ကျော် သေဆုံး

May 20, 2025

ကျားဖြန့်ငွေလိမ်ဂိုဏ်းများမှ ယူဂန်ဒါနိုင်ငံသား ၂၆ ဦးကို ပြန်ပို့ 

May 19, 2025

အငြင်းပွားမှုဖြစ်ပွားနေသည့် ချန်းရိစက်ရုံဝန်ထမ်းများအား အလုပ်သမားဒုဝန်ကြီးမှ လုပ်ငန်းခွင်ပြန်ဝင်ရန် တိုက်တွန်း

May 19, 2025

အိန္ဒိယစစ်တပ်ပစ်ခတ်မှုကြောင့် မြန်မာလက်နက်ကိုင်တပ်ဖွဲ့ဝင်တွေ သေဆုံး

May 19, 2025

သဘာဝဘေးနဲ့ လူလုပ်ဒုက္ခသံသရာကြီးထဲက မြန်မာနိုင်ငံ

May 18, 2025

စစ်ကောင်စီ အသုံးပြုနေသော တိုက်လေယာဉ်နှင့် ဗုံးများကို တရုတ် ထောက်ပံ့ပေးနေ

May 17, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.