မကွေးတိုင်း ချောက်မြို့နယ်အတွင်းရှိ မြို့နယ်စည်ပ င်သာယာရေးရုံးနှင့် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးနှစ်ရုံးကိုယမန်နေ့ ဇန်နဝါရီ ၅ရက်ညနေပိုင်းကပစ်ခတ်သတိ ပေးခဲ့သည်ဟု Chauk Guerrilla Force တာဝန်ခံ ရဲဘော်ဘကုန်းက သံလွင်ခက်ကိုပြောသည်။
ယမန်နေ့ည ၆နာရီခွဲခန့်အချိန်တွင် အဆိုပါရုံးနှစ်ရုံးကို တပြိုင်နက်တည်း ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး CGF ချောက်မြို့နယ်ပျောက်ကြားတပ်ဖွဲ့နှင့်အတူ King Fighter၊ Hunter Dragon Group၊ ရေနံချောင်းဖေကံကောင်း၊ Nway Oo FM ထောက်ပို့အဖွဲ့များပူးပေါင်းကာ လုပ်ဆော င်ခဲ့သည်ဟု သိရသည်။
စည်ပင်ရုံးကို လက်ပစ်ဗုံးတစ်လုံးပစ်သွင်းခဲ့သော်လည်း errorတက်သဖြင့် မပေါက်ကွဲခဲ့ဘဲ သေနတ် ငါးချက်ပစ်ဖောက်ခဲ့ကြောင်း၊ လျှပ်စစ်မီတာရုံးကို သေနတ်သုံးချက်ဖောက်ပစ်ခတ် သတိပေးခဲ့ကြောင်း သိရသည်။
” ခြိမ်းခြောက်ပစ်ခတ်သတိပေးတဲ့သဘောမျိုးပဲ“ဟု တာဝန်ခံကပြောသည်။ မြို့နယ်စည်ပင်သာယာရေးရုံးသည်ပြည်သူများကို မငဲ့ညှာဘဲ အခွန်တိုးမြှင့်ကောက်ခံနေကြောင်း၊ ရေမီတာဒဏ်ကြေးမဆောင်နိုင်သည့်အိမ်များကို ရေဖြတ်မှုများလုပ်ဆောင်နေကြောင်းသိရသည်။
အလားတူ လျှပ်စစ်မီတာရုံးသည်လည်း မီတာခွန်များ ဆောင်ရန် ရပ်ကွက်များတွင် လိုက် အော်နေပြီး မဆောင်ပါက မီတာဖြုတ်မည်ဟု ပြည်သူများအား ခြိမ်းခြောက်နေသည်ဟု ရဲဘော်ဘကုန်းက သံလွင်ခက်ကိုပြောသည်။
“ပြည်သူတွေဆီကတိုင်ကြားတာတွေရှိလို့ ခုလိုပစ်ခတ်ခဲ့တာ non cdmတွေဖြစ်နေတာလည်းတစ်ကြောင်းပေါ့ ပြည်သူ့အခွန်နဲ့စားနေတဲ့ ဝန်ထမ်းတွေကို ပြည်သူတွေကို ခြိမ်းခြောက်နေတာမဖြစ်သင့်တာ“ဟု ၎င်းကဆိုသည်။
ချောက်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများကို ခြိမ်းခြောက်အတင်းအကြပ် ငွေကြေးကောက်ခံနေခြင်းများနောက်နောင်မပြုလုပ်ရန် သတိပေးထားပြီးဖြစ်သောကြောင့် နောက်ထပ် ပြုလုပ်လာလျှင် မည်သူ့ကိုမျှသက်ညှာတော့မည် မဟုတ်ဟု ကာကွယ်ရေးတပ်ဖွဲ့များက သတိပေးထားသည်။
Website ->https://eng.thanlwinkhet.net/