အမီးလေး
ငလျင်ဗဟိုချက် မန္တလေးအနီးရှိ မကွေးတိုင်း၊ စလင်းမြို့နယ်၊ တညောင်ရွာအား ယနေ့ နံနက် ၆ နာရီခွဲမှစတင်ကာ စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ၆ ကြိမ်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဒေသခံ အချို့ထံမှ သိရသည်။
ဒေသခံအမျိုးသားတစ်ဦးက “ကျနော်ရွာက ခုမနက်ပဲ ပြောနေတဲ့ တညောင်ရွာ EPC ရုံးဘက်မှာ ဟုတ်ပါတယ်။ မနက် ၉ နာရီ ခွဲလောက်ထိ ၈ ခါလာတယ်။ ၆ ခါကြဲတယ်။ အထိအခိုက်တော့ မကြားရသေးဘူး” ဟု ပြောသည်။
ထို့အပြင် ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်တွင်လည်း မတ်လ ၃၀ ရက်က စစ်ကောင်စီတပ်မှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရကာ လူနေအိမ် နှစ်လုံး ပျက်စီးခဲ့သည်ဟု သိရသည်။
မတ်လ ၂၈ ရက်တွင် မြန်မာနိုင်ငံအတွင်း အလွန်ပြင်းထန်သော အင်အားကြီးငလျင် လှုပ်ခတ်မှုကြောင့် ပြည်သူများ သေကြေဆုံးရှုံးမှုများ ရှိနေချိန်တွင် စစ်ကေ
ာင်စီတပ်က လေကြောင်းဗုံးကြဲမှုများကို မရပ်နားဘဲ နေ့စဉ်နီးပါး ဆက်တိုက်လုပ်ဆောင်လျက်ရှိသည်။




ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကရင်နီပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းဒေသများအတွင်း လေယာဉ် အသုံးပြုကာ ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်နေခြင်းဖြစ်သည်။
ငလျင်စတင်ဖြစ်ပွားသည့် မတ်လ ၂၈ ရက်နေ့တွင်ပင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်သို့ လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ငလျင်ဒဏ် အပြင်းအထန် ခံစားနေရသော စစ်ကိုင်တိုင်း၊ ချောင်းဦးမြို့နယ်တွင်မူ အင်ဂျင်တပ်လေထီးများဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
နောင်ချိုမြို့နယ် ဗုံးကြံခံရမှုတွင် ဒေသခံ ခုနစ်ဦး သေဆုံးခဲ့ပြီး လူနေအိမ်နှင့် စာသင်ကျောင်းများ ပျက်စီးခဲ့သည်ဟု သိရသည်။
ပုံစာ – မတ်လ ၃၀ ရက်က ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်တွင် စစ်ကောင်စီတပ် လေယာဉ်ဗုံးကြဲမှုကြောင့် ပျက်စီးခဲ့သော မြင်ကွင်း