ရန်ကုန်မြို့၊ ပန်းဘဲတန်းမြို့နယ်၊ မဟာဗန္ဓုလလမ်း၊ ၂၉လမ်းနှင့် လမ်း၃၀ ကြားတွင်ရှိသော တိတ်ရှိန်ရွှေဆိုင်အား မတ်လ ၂၃ ရက်၊ ယနေ့ နံနက်ပိုင်းတွင် ဓါးပြတိုက်ခံရသဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များလာရောက်စစ်ဆေးခဲ့သည်ဟု အဆိုပါရွှေဆိုင်အနီးမှ ဆိုင်ရှင်တစ်ဦးက ပြောသည်။
တိုတ်ရှိန်ရွှေဆိုင်အား ဆိုင်ဖွင့်ရန် ပြင်ဆင်နေချိန် နံနက် ၉ နာရီခွဲခန့်တွင် Mask တပ်ထားသော အမျိုးသားလေးဦးမှ ဆိုင်အတွင်းသို့ ဝင်ရောက်လာပြီး ဆိုင်ဝန်ထမ်းများအား သေနတ်ဖြင့် ချိန်ကာ ခြိမ်းခြောက်ပြောဆိုခဲ့သည်။
“ရွှေထည်တွေပါသွားတာပဲ သိရတယ်။ ရဲတွေရောက်လာပြီးတော့ CCTV တပ်ထားတာတွေ လိုက်စစ်တယ်။ မြင်လိုက်ရတဲ့ လူတွေ လိုက်စုံစမ်းတယ်” ဟု ဆိုင်ရှင်တစ်ဦးက ပြောသည်။
ပြည်တွင်းအခြေစိုက်သတင်းဌာနအချို့၏ ရေးသားဖော်ပြချက်တွင် တိတ်ရှိန်ရွှေဆိုင်ဓါးပြးတိုက်ခံရမှုတွင် ရွှေထည်ပစ္စည်းမျိုးစုံ ၂၀ ကျပ်သားခန့်ကို ကျူးလွန်သူများက ယူဆောင်သွားသည်ဟု ဖော်ပြထားသည်။