အမီးလေး
ကရင်နီပြည်နယ်ရှိ စစ်ရှောင်စခန်းများတွင် ရေရှားပါးမှုကြောင့် ပြည်သူများ အရေးပြားရောဂါများဖြစ်ပွားနေပြီး ဆေးဝါးလုံလုံလောက်လောက် မရရှိခြင်းကြောင့် ကုသရန် ခက်ခဲနေသည်ဟု ကျေးလက်မြေအဖွဲ့၏ အမှုဆောင် ဒါရိုက်တာ မမူစဲကပြောသည်။
“ရေရှားပါးမှုကြောင့်ဖြစ်တယ်၊နေရာတော်တော်များများမှာ အရင်ကတည်းကိုမှ ရေရှားတယ်၊အခုလည်း ပိုရှား တယ်၊အားသောအားဖြင့် ချောင်းတွေမှာချိုးရတယ်။ခပ်ရတယ်၊ချောင်းကနေ ဆင်းလာတဲ့ ရေတွေကို အဆင့်ဆင့် ဖြတ်လာတဲ့ ရေကိုချိုးရတော့ ယားတယ်၊အမှိုက်တွေပါလာတော့ ရေကယားတာတွေ ဖြစ်တယ်၊ပြည်သူတွေက ရေကိုမဝယ်သုံးနိုင်လို့ပေါ့၊ ရေရှားတော့ ရေကိုအဆင့်ဆင့် ပြန်သုံးရတယ် သုံးပြီးသား ရေကို တခါပြန်သုံးရတဲ့ အနေအထားမျိုးလည်းရှိတယ်” ဟုဆိုသည်။
ဒီမောဆို့မြို့နယ်နှင့် ဖူဆိုမြို့နယ်တို့ရှိ စစ်ရှောင်စခန်းများတွင် ကလေးလူကြီးအားလုံး အရေပြားရောဂါ ဖြစ်ပွား နေခြင်းဖြစ်ပြီး ဆေးဝါးများလည်း လိုအပ်နေကြောင်း ၎င်းကဆက်ပြောသည်။
“ယားနာတွေ ကလေးအမျိုးသမီး လူကြီးလူငယ် အမျိုးသားအသက်အပိုင်းအ ခြားမရွေးဖြစ်နေကြပါ တယ်၊အ ရေးပြားယားနာတွေက အစိုယားတာရှိတယ်၊အခြောက်ရှိတယ်။ အနာဖြစ်တဲ့ပုံစံခြင်း မတူကြ ဘူး၊ယားနားလည်း တစ်ကိုယ်လုံးဖြစ်တယ်။ လူကြီးလည်း တစ်ကိုယ်လုံးဖြစ်သလိုမျိုး ကလေးလည်း တစ်ကိုယ်လုံးဖြစ်တယ်၊ နေရာလပ်မကျန်အဲလိုမျိုးဖြစ် နေတယ်၊အခုဆိုလို့ရှိရင် လိမ်းဆေးကော သောက်ဆေးကော လိုအပ်နေ ပါတယ် ၊စစ်ရှောင်စခန်းတော်တော်များများမှာဖြစ်တယ်” ဟုဆိုသည်။
ယင်းသို့ ရေရှားပါးလာမှုကြောင့် စစ်ရှောင်စခန်းများတွင် ယားနာများဖြစ်ပွားနေခြင်းမှာ နှစ်လ ခန့်ရှိနေပြီးဖြစ်ပြီး ကရင်နီပြည်နယ်အား စစ်ကောင်စီတပ်အနေဖြင့် ဆေးဝါးများသယ်ယူခွင့်ပိတ်ထားခြင်းကြောင့် ပျောက်ကင်းရန် ခက်ခဲ နေသည်ဟု သိရသည်။
ကရင်နီပြည်နယ်တွင် စစ်ရှောင်ပြည်သူ ၃၀၀,၀၀၀ နီးပါးရှိပြီး စစ်ကောင်စီတပ်အနေဖြင့် လေယာဉ်ဗုံး ကြဲမှုများ အကြာခဏပြုလုပ်နေပြီး စစ်ဘေးရှောင်စခန်းများနှင့် ဆေးရုံ၊ဆေးခန်းများအား ပစ်ခက်တိုက်ခိုက်နေခြင်း ကြောင့် လုံလောက်သည့် ဆေးကုသမှုရရှိရန် ခက်ခဲနေသည်။
ထို့အပြင် စစ်ကောင်စီသည် ၎င်း လက်လွတ်ဆုံးရှုံးသွားသည့် နယ်မြေများအား ကုန်သွယ်ခွင့်ပိတ်ထားခြင်း ကြောင့် အဆိုပါနယ်မြေများတွင် အရေးပြားရောဂါ အပါအဝင် အခြားသောကျန်းမာရေးပြဿနာများအား ကုသရန် ခက်ခဲနေသည်။
ပုံစာ – စစ်ရှောင်စခန်းတစ်ခုတွင် အရေပြားယားနာများဖြစ်နေသည့် ကလေးသူငယ်များနှင့် အသက်ကြီးရွယ်အိုများ