တရားမဝင်သစ်ကားတစ်စီးကို တမူးPDF ဖမ်းဆီး
***************************
ဒီဇင်ဘာ ၂၄ ၊ ၂၀၂၂ ။
ပြည်သူ့ကာကွယ်ရေးတပ်မတော်(တမူးမြို့) တပ်ရင်း(၁) တပ်ဖွဲ့ဝင်များသည် ယနေ့ဒီဇင်ဘာ ၁၄ရက်၊ နံနက်၆နာရီတွင် တရားမဝင် သစ်ကားတစ်စီးကို ဖမ်းဆီးခဲ့သည်ဟု တမူးPDFက ထုတ်ပြန်ထားသည်။
တမူးPDFတပ်ဖွဲ့ဝင်များသည် တမူး-အောင်ဇေယျကားလမ်းပိုင်း၌ ကင်းပုန်းဝပ်၍ နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်နေစဥ် အောင်ဇေယျရွာဘက်မှ တမူးမြို့ဘက်သို့ ဦးတည်မောင်းနှင်လာသည့် သစ်တင်ကားတစ်စီးအား ရပ်တန့်စစ်ဆေးခဲ့သည်။
ထိုသို့စစ်ဆေးခဲ့ရာ ၎င်းသစ်တင်ကားပေါ်တွင် အင်ကညင်သစ်ခွဲသားများ သယ်ဆောင်လာသည်ကို တွေ့ရှိခဲ့ရသည်။
ထိုသစ်ခွဲသားများနှင့်ပတ်သက်၍ ဆက်လက်စုံစမ်းစစ်ဆေးခဲ့ရာ တရားမဝင်သစ်များဖြစ်သည်ကို သိရှိရသည့်အတွက် ပြည်သူ့ကာကွယ်ရေးတပ်မတော်(တမူးမြို့) တပ်ရင်း(၁)မှ ၎င်းသစ်ခွဲသားများကို အပြတ်ဖမ်းဆီးခဲ့ပြီး သစ်တင်ကားကိုမူ ပြန်လွှတ်ပေးခဲ့သည်။
တမူး PDF တပ်ရင်း တပ်ဖွဲ့ဝင်များသည် တမူး-အောင်ဇေယျကားလမ်းပိုင်းအား မျက်ခြေမပြတ် စောင့်ကြည့်လျှက်ရှိပြီး စစ်ကောင်စီထုတ် ကုန်ပစ္စည်းများ၊ ၎င်းတို့လက်ပါးစေများ၏ကုန်ပစ္စည်းများ၊ တရားမဝင်သစ်၊ ကျွဲ၊ နွား၊ မူးယစ်ဆေးဝါး ဖမ်းဆီးနေသည်။
ထို့ပြင်၎င်းလုပ်ငန်းများမှရရှိသည့် တရားမဝင် ငွေမည်းများအား စစ်ဆေးတွေ့ရှိပါက လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်ဟု တမူး ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း(၁) ကထုတ်ပြန်ထားသည်။