• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • ယူကရိန်းဒရုန်းစစ်ဆင်ရေးအတွင်း ရုရှားတိုက်လေယာဥ် ၄၀ ကျော် ပျက်စီး
  • စခန်းသိမ်းတိုက်ပွဲအတွင်း ပစ်ကူပေးနေသည့် မြို့စောင့်တပ်ကို ပူးပေါင်းတပ်ဖွဲ့ လက်နက်ကြီးဖြင့် ပြန်ပစ်ခတ်
  • မဟာမိတ်တပ်များနှင့် ပူးပေါင်းကာ စစ်ရေးလှုပ်ရှားနေဟု ရန်ကုန်တိုင်း၏ ပထမဆုံး တပ်ရင်း ၅၁၀၁ထုတ်ပြန်
  • ထားဝယ်မြို့နယ်တွင် လက်နက်ကြီးကျည်ထိမှန်မှုကြောင့် ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူ
  • တစ်ပတ်အတွင်း ငလျင်သင့်ဒေသများတွင် လေကြောင်း တိုက်ခိုက်ခံရ၍ ပြည်သူ ၃၀ နီးပါးသေဆုံး
  • တစ်ပတ်ကျော် မိုးရွာသွန်းမှုကြောင့် လူနေအိမ်နှင့် တံတားများ ပြိုကျပျက်စီး
  • ကျောက်ဖြူတိုက်ပွဲအတွင်း ဒုဗိုလ်မှူးကြီး တစ်ဦး အပါအဝင် စစ်သုံ့ပန်း ၁၅ ဦး ဖမ်းမိ
  • ခွေး ၅၀၀ ခန့် စောင့်‌ရှောက်ထားသည့် ဂေဟာ တစ်ခုလုံး လေဆင်နှာမောင်းကြောင့် ပျက်စီး
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»ဆောင်းပါး»မြန်မာ့အမျိုးသမီးတွေ ပဋိပက္ခကာလ အတွင်း ဘာတွေ ကြုံနေရသလဲ
ဆောင်းပါး

မြန်မာ့အမျိုးသမီးတွေ ပဋိပက္ခကာလ အတွင်း ဘာတွေ ကြုံနေရသလဲ

thanlwinkhetBy thanlwinkhetMarch 8, 2025Updated:April 9, 2025No Comments2 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

အာဏာသိမ်းကာလ လေးနှစ်ကျော် အတွင်းမှာ အမျိုးသမီးတွေရဲ့ အခြေခံရပိုင်ခွင့်တွေ အပြင် အမျိုးသမီးတွေ အရပ်သား အစိုးရလက်ထက်ကနေ အခု တော်လှန်ရေးအစိုးရ အထိ တစိုက်မတ်မတ် တောင်းဆိုနေကြတဲ့ ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့နေရာတွေနဲ့ ခေါင်းဆောင်ပိုင်း တွေမှာ အမျိုးသမီးတွေ ပါဝင်နိုင်ပြီးလားဆိုတာကို အမျိုးသမီး အရေးလှုပ်ရှားတဲ့ Sister 2 Sister အဖွဲ့ ဦးဆောင်ကော်မတီဝင် မသဥ္ဇာရွှန်းလဲ့ရည်ကို မေးမြန်းထားပါတယ်။
မေး။ ။ အာဏာသိမ်းပြီး နောက်ပိုင်း အမျိုးသမီးတွေ နိုင်ငံရေးမှာ ပါဝင်နိုင်မှုနှုန်းက ဘယ်လို့ အခြေအနေရှိပါသလဲ။ ဆုံးဖြတ်ပိုင်ခွင့် ရှိတဲ့နေရာတွေမှာ ရောက်လာပြီလား။
ဖြေ။ ။ အာဏာသိမ်းပြီးနောက်ပိုင်းမှာ ကျွန်မတို့ အမျိုးသမီးတွေဟာ လူငယ်တွေနဲ့ တန်းတူ မြန်မာနိုင်ငံရဲ့ အကြီးမားဆုံးသော လူအင်အားဖြည့်တာနဲ့ အညီ နိုင်ငံရေးမှာ အမျိုးသားတွေနဲ့ ရင်ဘောင်တန်းပြီးတော့ နိုင်ငံရေးတောင်းဆို လှုပ်ရှားတဲ့ တိုက်ပွဲတွေမှာ ရှေ့ဆုံးကနေ မားမားမတ်မတ် ပါဝင်ခဲ့တယ်။ နမူနာအားဖြင့် ပြန်ပြီးပြောပြရမယ်ဆိုရင် ဖေဖော်ဝါရီ ၆ ရက်နေ့မှာ အထည်ချုပ်အလုပ်သမား ထောင်နဲ့ချီ ရန်ကုန်မြို့လမ်းမတွေပေါ်မှာ လမ်းလျှောက်ဆန္ဒပြခဲ့ကြတယ်။ ဒါကို အားလုံး အမှတ်ရမယ်လို့ ထင်ပါတယ်။ ပြောရမယ်ဆိုရင် အမျိုးသမီးတွေ နိုင်ငံရေးမှာ ပါဝင်မှုနှုန်းက အရင့် အရင်မှာကတည်းက ရှိခဲ့တယ်။ ဒီနေ့ကာလမှာတော့ ဆိုရှယ်မီဒီယာတွေနဲ့ မီဒီယာ အစုအဖွဲ့အသီးသီးက မီးမောင်းထိုးပြမှုတွေ မီဒီယာတွေက သတင်းထည့်သွင်းရေးသားမှုတွေကြောင့် အမျိုးသမီးတွေ ပါဝင်မှုနှုန်းက အခုမှ ပိုများလာသလို မြင်ရပေမဲ့ ကျွန်မတို့ မြင်တာက ၁၉၈၈ ကတည်းက အမျိုးသမီးတွေ နိုင်ငံရေးမှာ ဦးဆောင် တိုက်ပွဲဝင်ခဲ့တာမှာ နောက်ကောက်မကျခဲ့ပါဘူး။
မေး။ ။ ဆရာမတို့ လူထုအစိုးရလက်ထက်ကတည်းက တစိုက်မတ်မတ် တောင်းဆိုလာတဲ့ ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ နေရာတွေမှာ ၃၀ ရာခိုင်နှုန်းခွင့်က အခုကာလမှာ တိုးတက်လာပါသလား။
ဖြေ။ ။ ဆုံးဖြတ်ချက်ချနိုင်တဲ့ လူအင်အားကို ကြည့်မယ်ဆိုရင် မြင်သာထင်သာတာကတော့ NUG ရဲ့ တော်လှန် အစုအဖွဲ့တွေထဲမှာ အမျိုးသမီးတွေရဲ့ ပါဝင်မှုက ၁၅ ရာခိုင်နှုန်းမကျော်သေးဘူး။ ဒါကိုကြည့်ခြင်းအား ဖြင့် အမျိုးသမီးတွေရဲ့ ပါဝင်မှုကို ပိုပြီးတော့ မြင့်တက်လာအောင် ဘယ်လို့နည်းနဲ့ ဆောင်ရွက်လို့ရမလဲဆိုတာ ကျွန်မတို့ ပြည်သူတွေ အားလုံးက ဝိုင်းဝန်းအဖြေရှာကြစေလိုတယ်။ အမျိုးသမီးတွေက အနိမ့်ဆုံး ၃၀ ရာခိုင်နှုန်းပါဝင်ဖို့ကို ပြောတာ ဖြစ်ပါတယ်။ အမျိုးသမီးတွေဟာ ဆုံးဖြတ်ချက်ချနိုင်တဲ့ နေရာတွေမှာ ရှိသင့်တယ်ဆိုတာမျိုးကို တောင်းဆိုကြတယ်။ အဲလို တောင်းဆိုတဲ့အခါမှာလည်း ကြုံရာကျပန်း အမျိုးသမီးဖြစ် ပြီးရောဆိုပြီးတော့ ထည့်သွင်းနေရာပေးတာထက် တကယ်စနစ်တကျနဲ့ ပြုစုပျိုးထောင်တာ ပြီးရင် ဘဏ္ဍရေးအားဖြင့် လူအင်အား စိတ်အင်အား အထူးသဖြင့် နိုင်ငံရေး စိတ်ဆန္ဒကို သေချာထည့်သွင်းပြီးတော့ အမျိုးသမီးခေါင်းဆောင်တွေကို နေရာပေးတာမျိုး လုပ်သင့်ပါတယ်။
မေး။ ။ အထူးသဖြင့် ပဋိပက္ခနယ်မြေတွေမှာ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာ၊ အတင်းဓမ္မ ဖမ်းဆီးတာတွေကို စစ်ကောင်စီအပါအဝင် တော်လှန်ရေး အဖွဲ့တွေကပါ လုပ်နေတဲ့ အပေါ် ဘယ်လို့ သုံးသပ်ချင်ပါလဲ။
ဖြေ။ ။ ကျွန်မတို့ အမျိုးသမီးတွေ ဒီကာလမှာ လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်မှုတွေကို စစ်ကောင်စီရဲ့ ကျူးလွန်တာကို မြောက်မားစွာကြုံရတယ်။ စစ်ကောင်စီရဲ့ ကျူးလွန်တာကို တရားဥပဒေစိုးမိုးမှု လျော့နည်းလာတာမို့လို ကျွန်မတို့ အမျိုးသမီးတွေဟာ ပြည်တွင်းတွေထဲမှာ အိမ်တွေထဲမှာ လုပ်ငန်းခွင်တွေထဲမှာ လိင်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ နှောက်ယှက်အကြမ်းဖက်မှုတွေကို နေ့စဉ်နဲ့ အမျှ ကြုံတွေ့ခံစား နေရတယ်။ အဆင်ခြင်မဲ့ သတ်ဖြတ်မှုတွေကိုလည်း ကျွန်မတို့ မြင်တွေ့နေရတာ ပြည်သူတွေ အသိဖြစ်ပါလိမ့်မယ်။ ဆိုတော့ ဘယ်အပိုင်းတွေမှာတိုးတက်လဲ။ ကျွန်မတို့ အမျိုးသမီးတွေ နိုင်ငံရေးမှာ ပါဝင်မှုက တချိန်တည်းမှာ တိုးတက်နေသလို အမျိုးသမီးတွေ နိုင်ငံရေးမှာ ပါဝင်မှုကို မုန်းတီးတဲ့ ဖိုဝါဒီတွေရဲ့ သတ်ဖြတ်မှု ကျား၊ မ အခြေခံတဲ့ ငြင်းစဲမှုတွေ၊ အမျိုးသမီးတွေကို အက်စစ်နဲ့ လောင်းတဲ့အထိ ယုတ်မာပက်စက် မှုတွေကို အမျိုးသမီးတွေ ကြုံနေရတယ်။ ပြောရမယ်ဆိုရင် လုံခြုံရေးအားဖြင့် အားနည်းချက်တွေ အများကြီးကို ရင်ဆိုင်နေရတယ်။ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို ပဋိပက္ခကာလအတွင်းမှာ ဘယ်သူကပဲ ကျူးလွန်သည်ဖြစ်စေ ရာဇဝတ်မှုတွေ ဖြစ်တယ်။ စစ်ကောင်စီရဲ့ ကျူးလွန်မှုကို ကမ္ဘာနဲ့ အဝန်းက မှတ်တမ်းယူထားသလို တစ်ချိန်တည်းက ကျူးလွန်တဲ့သူက ကျွန်မတို့ရဲ့ မိဘမောင်ဘွားတွေ ဒါမှ မဟုတ် ကျွန်မတို့ရဲ့ ရဲဘော်ရဲဘက်တွေ ဖြစ်နေရင်တောင်မှ အရေးယူရမယ်ဆိုတဲ့ ခံယူချက်နဲ့ ကျွန်မတို့ရဲ့ တော်လှန်ညီကိုမောင်နှမတွေဟာ ကျူးလွန်တဲ့သူက ကိုယ့်ရဲဘော်ဖြစ်နေပါစေ ဂုတ်ကဆွဲပြီး တရားရုံးတက်ရမယ်။ ဖမ်းဆီးမယ် ထောင်ချမယ် ဆိုတာမျိုး မြေပြင်မှာ တာဝန်ယူမှု တာဝန်ခံမှု အပြည့်နဲ့ စနစ်ကောင်းတွေ တည်ဆောက်နေကြတယ်ဆိုတာကို လည်း ကျွန်မတို့ မြင်ရမှာ ဖြစ်ပါတယ်။ ပြောရမယ်ဆိုရင် တော်လှန်ရေးအဖွဲ့တွေမှာ ပြတ်သားတဲ့ ရပ်တည်ချက် ရှိကြတာက အထူးသဖြင့် လူငယ် အင်အားစုတွေမှာ ကျူးလွန်သူက ဘယ်သူပဲ ဖြစ်နေပါစေ ချွင်းချက်မရှိ ပြစ်ဒဏ်ပေးရမယ်ဆိုတဲ့ ခံယူချက် ဒီဟာက တော်လှန်ရေးကို ဆက်လက်မောင်းနှင်နေတဲ့ အခြေခံ တော်လှန်ရေး နိုင်ငံရေး ခံယူချက်လို့ ကျွန်မတို့ မြင်ပါတယ်။
မေး။ ။ မတ်လ 8 ရက်နေ့ နိုင်ငံတကာ အမျိုးသမီးများနေ့ အတွက် အမျိုးသမီးထုကို သတင်းစကားပါးပေးပါဦးရှင့်။
ဖြေ။ ။ ကျွန်မတို့ အမျိုးသမီးတွေမှာ လိုအပ်တဲ့ ခွန်အားပါဝါရှိတယ်။ လိုအပ်နေတဲ့ အရင်းအမြစ်တွေသာ ကျွန်မတို့ ရရှိမယ်ဆိုရင် ဘာမဆိုစွမ်းဆောင်နိုင်ပါတယ်။ ကျွန်မတို့ အားလုံး အတူတကွပေါ့နော် အမျိုးသမီးအချင်းချင်း သွေးစည်းညီညွတ်မှုကို မပျက်စေဘဲနဲ့ ကျွန်မတို့ မဟာဖိုဝါဒကို ဆက်လက်တော်လှန်ကြဖို့ အရေးကြီးတယ်လို့ ပြောချင်ပါတယ်။
အခုလို အချိန်ပေးဖြေကြားပေးလို့ သံလွင်ခက်က ကျေးဇူးတင်ပါတယ်။

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous ArticleOne Championship မှာ ရုရှားဖိုက်တာကို စိုးလင်းဦး ရှုံးနိမ့်
Next Article ရခိုင်တွင် စစ်ကောင်စီ ဗုံးကြဲခြင်းကြောင့် ၂ ရက်အတွင်း နေအိမ် ၂၀၀ ကျော် မီးလောင် ပျက်စီး
thanlwinkhet
  • Website

Related Posts

တရုတ်အမြတ်ထွက်တဲ့ စစ်ကောင်စီရွေးကောက်ပွဲ

May 25, 2025

သဘာဝဘေးနဲ့ လူလုပ်ဒုက္ခသံသရာကြီးထဲက မြန်မာနိုင်ငံ

May 18, 2025

တရုတ်လိုလားတဲ့ရှမ်းမြောက်နဲ့ TNLA စစ်ရေးအပြောင်းအလဲ

May 11, 2025

Leave A Reply Cancel Reply

Recent Posts

  • ယူကရိန်းဒရုန်းစစ်ဆင်ရေးအတွင်း ရုရှားတိုက်လေယာဥ် ၄၀ ကျော် ပျက်စီး
  • စခန်းသိမ်းတိုက်ပွဲအတွင်း ပစ်ကူပေးနေသည့် မြို့စောင့်တပ်ကို ပူးပေါင်းတပ်ဖွဲ့ လက်နက်ကြီးဖြင့် ပြန်ပစ်ခတ်
  • မဟာမိတ်တပ်များနှင့် ပူးပေါင်းကာ စစ်ရေးလှုပ်ရှားနေဟု ရန်ကုန်တိုင်း၏ ပထမဆုံး တပ်ရင်း ၅၁၀၁ထုတ်ပြန်
  • ထားဝယ်မြို့နယ်တွင် လက်နက်ကြီးကျည်ထိမှန်မှုကြောင့် ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူ
  • တစ်ပတ်အတွင်း ငလျင်သင့်ဒေသများတွင် လေကြောင်း တိုက်ခိုက်ခံရ၍ ပြည်သူ ၃၀ နီးပါးသေဆုံး

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

ယူကရိန်းဒရုန်းစစ်ဆင်ရေးအတွင်း ရုရှားတိုက်လေယာဥ် ၄၀ ကျော် ပျက်စီး

စခန်းသိမ်းတိုက်ပွဲအတွင်း ပစ်ကူပေးနေသည့် မြို့စောင့်တပ်ကို ပူးပေါင်းတပ်ဖွဲ့ လက်နက်ကြီးဖြင့် ပြန်ပစ်ခတ်

မဟာမိတ်တပ်များနှင့် ပူးပေါင်းကာ စစ်ရေးလှုပ်ရှားနေဟု ရန်ကုန်တိုင်း၏ ပထမဆုံး တပ်ရင်း ၅၁၀၁ထုတ်ပြန်

ထားဝယ်မြို့နယ်တွင် လက်နက်ကြီးကျည်ထိမှန်မှုကြောင့် ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူ

ယခင်သတင်းများ

  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • ဓာတ်ပုံသတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

ယူကရိန်းဒရုန်းစစ်ဆင်ရေးအတွင်း ရုရှားတိုက်လေယာဥ် ၄၀ ကျော် ပျက်စီး

June 2, 2025

စခန်းသိမ်းတိုက်ပွဲအတွင်း ပစ်ကူပေးနေသည့် မြို့စောင့်တပ်ကို ပူးပေါင်းတပ်ဖွဲ့ လက်နက်ကြီးဖြင့် ပြန်ပစ်ခတ်

June 2, 2025

မဟာမိတ်တပ်များနှင့် ပူးပေါင်းကာ စစ်ရေးလှုပ်ရှားနေဟု ရန်ကုန်တိုင်း၏ ပထမဆုံး တပ်ရင်း ၅၁၀၁ထုတ်ပြန်

June 2, 2025

ထားဝယ်မြို့နယ်တွင် လက်နက်ကြီးကျည်ထိမှန်မှုကြောင့် ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူ

June 1, 2025

တစ်ပတ်အတွင်း ငလျင်သင့်ဒေသများတွင် လေကြောင်း တိုက်ခိုက်ခံရ၍ ပြည်သူ ၃၀ နီးပါးသေဆုံး

June 1, 2025

တစ်ပတ်ကျော် မိုးရွာသွန်းမှုကြောင့် လူနေအိမ်နှင့် တံတားများ ပြိုကျပျက်စီး

May 31, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.