One Championship ကစီစဉ်ကျင်းပပေးတဲ့ ONE Fight Night 29 ပွဲမှာ မြန်မာဖိုက်တာ စိုးလင်းဦးဟာ ရုရှားဖိုက်တာ Dmitrii Kovtun ကို အမှတ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။
အဆိုပါပွဲကို ထိုင်းနိုင်ငံဘန်ကောက်မြို့မှာရှိတဲ့ Lumpinee Muay Thai Stadium မှာ ဒီကနေ့ နေ့လယ်ပိုင်းက ပြုလုပ်ခဲ့တာပါ။
မြန်မာဖိုက်တာစိုးလင်းဦးဟာ One Championship မှာ စာချုပ်ချုပ်ဆိုခဲ့ပြီးတဲ့နောက် ထိုးသတ်ခွင့်ရတဲ့ ပွဲသုံးပွဲလုံးမှာ အရှုံးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
ဒါကြောင့် စိုးလင်းဦးဟာ လာမဲ့ပွဲစဉ်တွေမှာ ရှုံးပွဲတွေနဲ့ ထပ်ရင်မဆိုင်ရဖို့ ရုန်းကန်ရပါဦးမယ်။