သံလွင်ခက်
အောက်တိုဘာ ၂၈၊၂၀၂၄။
ကရင်အမျိုးသားအစည်းအရုံး ကေအဲန်ယူ- မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ ခေါပူ (ခေါပုတ်) အုပ်စု နှင့် ပါဟိုက်အုပ်စု၊ ဆောဘွဲဒဲကျေးရွာအား စစ်ကောင်စီက ၂ ရက်အတွင်း Y-12 ဖြင့် ဗုံးအလုံး ၇၀ ကျော် ကြဲချတိုက်ခိုက်ခဲ့သဖြင့် ကျောင်းနှင့် နေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့သည်ဟု ကေအဲန်ယူ-မူတြော်ခရိုင်က ယမန်နေ့တွင် ထုတ်ပြန်သည်။
အဆိုပါဗုံးများသည် ဘူးသိုမြို့နယ်၊ ဆောဘဲဒဲကျေးရွာသို့ ဗုံး (၂)လုံးကျရောက်ပေါက်ကွဲပြီး ကျောင်းအဆောက်အဦးတစ်လုံးနှင့် အိမ်ခြေ (၃) လုံး ထိခိုက်ပျက်စီးခဲ့သည်။ ထို့အပြင် ယင်းကျေးရွာအနီးတစ်ဝိုက်ရှိနေရာများသို့ ဗုံးများ ကျရောက်ပေါက်ကွဲခဲ့သည်ဟု ထုတ်ပြန်ထားသည်။
ပုံစာ-လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့သည့် နေအိမ်နှင့် စာသင်ကျောင်းမြင်ကွင်း။ ဓာတ်ပုံ-KNU-Mutraw News