သံလွင်ခက်
အောက်တိုဘာလ ၂၈ ၊၂၀၂၄။
ပဲခူးတိုင်း၊ ခရိုင် ၃ ခုအတွင်းရှိ စစ်ကောင်စီစစ်ကြောင်းနှင့် အထိုင်စခန်းများကို ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့များက စစ်ဆင်ရေးဖော်ဆောင်ခဲ့ပြီး ၃ ရက်အတွင်း စစ်ကောင်စီတပ်သား ၁၇ ဦး သေဆုံးကာ ခြောက်ဦးဒဏ်ရာရရှိခဲ့သည်ဟု တောင်ပိုင်းစစ်ဒေသက ယနေ့တွင် ထုတ်ပြန်သည်။
တောင်ပိုင်းအမှတ် ၂ စစ်ဒေသခွဲနယ်မြေများဖြစ်သည့် ပဲခူးတိုင်း၊ သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်၊ ညောင်လေးပင်ခရိုင် ပဲနွယ်ကုန်းမြို့ (ကျောက်တံခါးမြို့နယ်)၊ ကျောက်ကြီးမြို့နယ်၊ တောင်ငူခရိုင်တောင်ငူမြို့နယ်တို့တွင် တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲများအတွင်း သေနတ်တစ်လက်ကို ရေတာရှည်မြို့နယ် ပကဖအဖွဲ့က သိမ်းဆည်းရမိခဲ့သည်ဟု ဖော်ပြထားသည်။
ထိုတိုက်ပွဲများတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) နှင့် KNLA တပ်ရင်း၉ ဒရုန်းအဖွဲ့တို့ ပူးပေါင်းပါဝင်ခဲ့ကြသည်ဟု ဖော်ပြထားသည်။
ပုံစာ- တောင်ပိုင်းစစ်ဒေသ ပူးပေါင်းအဖွဲ့ဝင်များ။ ဓာတ်ပုံ-PDF Southern Military Region