သံလွင်ခက်
အောက်တိုဘာ ၁၇၊ ၂၀၂၄။
မကွေးတိုင်း၊ မြိုင်မြို့နယ်မှ ဈေးဝယ်သွားသည့် ကား ၅ စီးကို ကံနီရွာသို့ရိက္ခာပို့ရန်ဟုဆိုကာ ပခုက္ကူ အခြေစိုက် အမှတ်- ၁၀၁ ခြေမြန်တပ်မဌာနချုပ်က ပြန်ပေးဆွဲဖမ်းဆီးခဲ့သည်ဟု ဒေသခံများထံမှ သိရ သည်။
ပြီးခဲ့သည့် အောက်တိုဘာ ၁၂ ရက်တွင် မြိုင်မြို့နယ်မှ ပခုက္ကူမြို့သို့ ဈေးသွားဝယ်သည် ကားငါးစီးနှင့် ခရီးသည်များကို (တမခ – ၁၀၁) တပ်မမှူးဦးဆောင်ကာ ပခုက္ကူမြို့အဝင်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
“မြိုင်နယ်ကမို့ ဖမ်းတာ။ မြိုင်နယ်က ကံနီပျူစောထီးရွာကို ကား ၂ စီးက ရိက္ခာပို့ပေးရမယ်။ ၃ စီးက ၁၀၁ မှာ ချန်ထားခဲ့ရတယ်။ ကံနီကို ရိက္ခာပို့မပေးရင် ဒီ ၃ စီးက သိမ်းပြီးသားပေါ့ အဲလိုလုပ်တာ။ လိုင် စင်တွေလည်း သိမ်းလိုက်တာ” ဟု မြိုင်မြို့နယ်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
ထိုသို့ ရိက္ခာပို့ရန်ညွှန်ကြားသူမှာ ပခုက္ကူအခြေစိုက် အမှတ် – ၁၀၁ ခြေမြန်တပ်မဌာနချုပ်မှ တပ်မမှူး ဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။
ယမန်နေ့က ပြန်ပေးဆွဲခံရသည့် ကား ၂ စီးမှာ မြိုင်မြို့နယ်ထဲက ကံနီရွာသို့ ရိက္ခာသွားရောက် ပို့ဆောင် ခြင်းမပြုဘဲ နေအိမ်သို့ပြန်လည်ရောက်ရှိပြီး ကျန်ကား ၃ စီးမှာ ဖမ်းဆီးခံထားရသည်ဟု သိရသည်။
ပုံစာ – မကွေးတိုင်းအတွင်း မြင်တွေ့ရသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တချို့။ ( ပုံ – အဟောင်း )