စကားမောင်
အောက်တိုဘာ ၁၇၊ ၂၀၂၄။
စစ်ကိုင်းတိုင်း၊ ဘုလတင်မြို့နယ်အနီးတဝိုက်ရွာများသို့ စစ်ကောင်စီက ၇ ရက်ကြာ စစ်ကြောင်းထိုးပြီး ဒေသခံ ၅၀ ဝန်းကျင်ကို ဖမ်းဆီးကာ ၃ ဦးကို သတ်ဖြတ်ခဲ့သည်ဟု ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၁၀ ရက်မှ စတင်ကာ အနောက်မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နမခ)မှ အင် အား ၈၀ ခန့်ပါသည့် စစ်ကြောင်းသည် သံချပ်ကာကားတို့ဖြင့် ဘုတလင်မြို့ပေါ်အနီးတဝိုက်ကျေးရွာများကို ယနေ့အထိ စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။
ထို့အပြင် ယင်းစစ်ကြောင်းသည် ဘုတလင်မြို့နယ်ထဲရှိ ပဲပြစ်တောရွာတွင် ၃ ရက်ကြာတပ်စွဲခဲ့ပြီး ယမန် နေ့ည အောက်တိုဘာလ ၁၆ ရက်တွင် ထိုရွာကို မီးရှို့ဖျက်စီးခဲ့သည်ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
လတ်တလောတွင် နောက်ထပ်သေဆုံးသူဦးရေနှင့် မီးလောင်ပျက်စီးသည့် အိမ်ခြေအရေအတွက်ကို မသိရှိရသေးပေ။