သံလွင်ခက်
အောက်တိုဘာ ၁၂၊ ၂၀၂၄။
စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့သိမ်းစစ်ဆင်ရေးကို ၅ ကြိမ်မြောက်ဆင်နွှဲခဲ့ပြီး အောက်တိုဘာလ (၈) ရက်တွင် အောင် မြင်စွာ တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု NUG- ကာကွယ်ရေးဝန်ကြီးဌာနမှ ယနေ့ထုတ်ပြန်လိုက်သည်။
စစ်တပ်အင်အား ၇၀၀ ကျော်ရှိသည့် တပ်ပေါင်းစုကို တော်လှန်ရေးတပ်ပေါင်းစုက ဗုံး ၅,၀၀၀ ကျော်ကြားက သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
ပင်လည်ဘူးမြို့သည် ကောလင်း၊ ဝန်းသို၊ ဗန်းမောက်၊ ဖောင်းပြင်မြို့များနှင့်ဆက်စပ်နေပြီး ဧရာဝတီမြစ်ဝှမ်းနှင့် ချင်းတွင်းမြစ်ဝှမ်း ဆက်သွယ်သော လမ်းကြောင်းပေါ်မှ မဟာဗျူဟာကျသည့် မြို့ဖြစ်သည်။
ပင်လည်ဘူးမြို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခြင်းကြောင့် ရန်သူ့တပ်၏ အရေးပါသော ခံစစ်လိုင်းတခု ချိုးဖျက်နိုင်ခဲ့ပြီး PDF တပ်မတော်၏ တိုက်စွမ်းရည်ကို ပြသနိုင်ခဲ့သည်ဟု NUG က ဆိုထားသည်။
မြေပြန့်ဒေသတွင် ထုအင်အား ဖြင့် ဆင်နွှဲသော မဟာဗျူဟာထိုးစစ်၏ အရေးကြီးသော အောင်ပွဲကို ရယူနိုင်ခဲ့ခြင်း လည်းဖြစ်သည်ဟု ဖော်ပြထားသည်။
စစ်ဆင်ရေးများအတွင်း မဆုတ်မနစ်သော ဇွဲသတ္တိဖြင့် အသက်၊ ခန္ဓာကိုယ်တို့ကို ပေးဆပ်စွန့်လွှတ်သွားသည့် ပြည်သူ့ တော်လှန်ရေးရဲဘော်များကို ဂုဏ်ပြုဦးညွှတ်လျက် ယခုအောင်ပွဲမှရရှိသောအောင်စိတ်ဖြင့် တော်လှန်ရေးအောင်မြင် သည်အထိ ဆက်လက် ကြိုးပမ်းအားထုတ်သွားမည်ဟု NUG က ထုတ်ပြန်ထားသည်။
ဓာတ်ပုံ- NUG-MOD