• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • ထီးဖိုးစံကျေးရွာကို စစ်ကော်မရှင်တပ် ဗုံး ၃၇ လုံးကြဲချ
  • မိုင်းငေါ့ကို စစ်တပ်ဗုံးကြဲ၍ ဒေသခံများ သေဆုံး
  • Amazon Web Services (AWS) ပြတ်တောက်မှုကြောင့် Signal၊ Zoom အပါအဝင် အက်ပလီကေးရှင်းများ နာရီပိုင်းကြာ ရပ်တန့်
  • ကျားဖြန့်လုပ်ငန်းများ လည်ပတ်နေသည့် KK Park အား စစ်တပ်မှ ရှင်းလင်း
  • သံတွဲနှင့် ဂွတွင် ညအချိန် ငါးဖမ်းခြင်းအား AA ကန့်သတ်
  • ဖမ်းဆီးခံ မြန်မာအလုပ်သမားများ ထိုင်းလဝက အချုပ်ထောင်သို့ ပို့ဆောင်ခံရ
  • ရခိုင်တွင် လက်နက်ကြီး နေ့စဉ် ပစ်ခတ်မှုကြောင့် စစ်ရှောင်များ တိုးလာ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»ဆောင်းပါး»အာဏာပိုင်တွေကိုယ်တိုင်လက်နက်ရောင်းနေတဲ့အရှေ့တောင်အာရှ – ဇာတ်သိမ်းပိုင်း
ဆောင်းပါး

အာဏာပိုင်တွေကိုယ်တိုင်လက်နက်ရောင်းနေတဲ့အရှေ့တောင်အာရှ – ဇာတ်သိမ်းပိုင်း

thanlwinkhetBy thanlwinkhetAugust 27, 2024No Comments4 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

ဘုန်းမောင်

သြဂုတ် ၂၇၊ ၂၀၂၄။

ထိုင်းရေတပ်တွင် ဒုဗိုလ်မှူးကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ဖူးသူ Boonsak Butnean သည် အရာရှိကောင်း တစ်ယောက်ဖြစ်ခဲ့ပါသည်။  

“ကျွန်တော် ရိုးရိုးသားသားလုပ်ကိုင်ဆောင်ရွက်နေတာတွေ အောင်မြင်လာခဲ့ပေမယ့် အဲဒါက ကျွန်တော့်ဌာ နကလူတွေအတွက်တော့ သတင်းဆိုးပါပဲ” ဟု သူကရှင်းပြလေသည်။

ထို့နောက်မှာတော့ ၎င်း၏အသက်ကိုခြိမ်းခြောက်သောအန္တရာယ်နှင့် စတင်ရင်ဆိုင်ခဲ့ရသည်ဟု Boonsak က ပြောခဲ့ပါသည်။ သူ့ကိုသတ်နိုင်သူ မည်သူ့ကိုမဆို ဘတ် ၁၀၀,၀၀၀ (အမေရိကန်ဒေါ်လာ ၂,၇၀၀) ပေး မည်ဟု ဆုကြေးထုတ်ထားပြီးဖြစ်ကြောင်းကိုလည်း သူသိရှိလာခဲ့ရသည်ဟု Boonsak ကဆိုသည်။ နောက် ဆုံး အားကိုးအားထားပြုဖွယ်ရာ ကောက်ရိုးတစ်မျှင်ကိုလွှတ်ချဖို့ ဆုံးဖြတ်ပြီးနောက်မှာတော့ Boonsak  တစ်ယောက်  ရေတပ်ကနေ လုံးဝနုတ်ထွက်လိုက်လေတော့သည်။

အဆိုးဆုံးအပိုင်းကိုလည်း Boonsak က ဆက်လက်ပြောဆိုခဲ့ပါသေးသည်။ ၎င်းအားဆုကြေးဘတ် ၁၀၀,၀၀၀ ထုတ်ခဲ့သူမှာ အစိုးရအရာရှိတစ်ယောက်ဖြစ်နေခဲ့ပါသည်ဟူ၏။

“လူဆိုးလို့မင်းထင်ထားတဲ့သူက လူကောင်းဖြစ်ချင်ဖြစ်နေတတ်သလို လူကောင်းလို့မင်းထင်ထားတဲ့ လူက လည်း လူဆိုးဖြစ်ချင်ဖြစ်နေတတ်တာပါပဲ”

ထိုင်းနိုင်ငံ၏အခြေအနေကို ပိုပြီးရှုပ်ထွေးစေသည်က ထိုင်းနိုင်ငံ၏ “စေတနာ့ဝန်ထမ်းကာကွယ်ရေးတပ်ဖွဲ့” ဖြစ်သည်။ (ထိုင်းဘာသာစကားအားဖြင့် กองอาสารักษาดินแดน; ဟုခေါ်သော “စေတနာ့ဝန်ထမ်း ကာကွယ် ရေးတပ်ဖွဲ့” ကို ထိုင်းနယ်စပ် (အထူးသဖြင့် မလေးရှားနယ်စပ်နှင့် မြန်မာနှင့်ထိစပ်နေသော တာခ့်ပြည်နယ် ဧရိယာအတွင်း) တွင် မတည်မငြိမ်ဖြစ်စေသော လက်နက်ကိုင်သောင်းကျန်းသူများနှင့် လူကုန်ကူးမှုများအား ကာကွယ်နိုင်ရန် ထိုင်းအစိုးရက ၁၉၅၄ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည်။ ၎င်းသည် ပြည်နယ်အုပ်ချုပ်ရေးဦး စီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနအောက်က အရံတပ်ဖွဲ့လည်း ဖြစ်သည်။ ဘာသာပြန်သူ)

စေတနာ့ဝန်ထမ်းကာကွယ်ရေးတပ်ဖွဲ့ ဝင်တစ်ယောက်နှင့်အတူ မယ်ဆောက်တွင် ညဘက်ကင်းလှည့်ချိန်၌ အဆိုပါ တပ်ဖွဲ့ဝင်များက ယခုကဲ့သို့ရှင်းပြခဲ့လေသည်။

“ကျွန်တော်တို့အတွက် တရားဝင်သင်တန်းမျိုးမရှိပေမယ့် တရားမဝင်နယ်စပ်ဖြတ်ကျော်မှုတွေ၊ မှောင်ခိုသ မားတွေနဲ့ ထိုင်းပိုင်နက်အတွင် ဘယ်လိုယိုဖိတ်မှုမျိုးကိုမဆိုစောင့်ကြည့်ဖို့ တာဝန်ပေးထားတယ်။ အထူးသ ဖြင့်ကတော့ ရဲတပ်ဖွဲ့ဝင်တွေ ဒါမှမဟုတ် နယ်စပ်လုံခြုံရေးအားနည်းတဲ့နေရာတွေမှာပေါ့”

ထိုအရာများအားလုံးဆောင်ရွက်နိုင်ရန်က လက်ချည်းဗလာမျှဖြင့်တော့ အလုပ်ဖြစ်မည်မဟုတ်။ လက်နက် လိုအပ်ပါသည်။ ထို့အတွက်ကိုလည်း အာဏာပိုင်များက စီစဥ်ပေးပြီးသားဖြစ်၏။

စေတနာ့ဝန်ထမ်း ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ယောက်ချင်းစီ၏လက်ထဲတွင် လက်နက်အမျိုးမျိုးဝယ်ယူနိုင် ရန်အတွက် လိုင်စင်တစ်ခုစီရှိထားကြပါသည်။ လိုင်စင်တစ်ကြိမ်ထုတ်ပေးပြီးသည်နှင့် မည်သည့်စစ်ဆေးမှု မျှမရှိဘဲ သေနတ်အများအပြားနှင့် ခဲယမ်းမီးကျောက်အများအပြား ဝယ်ချင်သလိုဝယ်လို့ရသည်ဟု ၎င်းတို့ ကပြောပြသည်။

ထိုကဲ့သို့သော “စေတနာ့ဝန်ထမ်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များ” သို့မဟုတ် “တာဝန်ထမ်းဆောင်နေဆဲ ရဲနှင့် စစ်သားများ” သည် လက်နက်မှန်သမျှ အလွယ်တကူဝယ်ရောင်းလုပ်နိုင်ကြသူများဖြစ်ကြသဖြင့် ၎င်းတို့ အား တားဆီးရန်မှာ လွယ်ကူသောအရာမဟုတ်ပါ။  အထူးသဖြင့် မြန်မာနိုင်ငံနယ်စပ်တွင် လက်နက်များအ လွယ်တကူဝယ်ရောင်းနေကြပါသည်။ နိုင်ငံကထွက်သွားပြီးသောလက်နက်များအား ပြန်လည်ခြေရာခံဖို့ဆို သည်က လွယ်ကူသောကိစ္စတော့လည်းမဟုတ်ပါ။

၂၀၂၁ ခုနှစ်အတွင်း ရှမ်းပြည်နယ်နှင့်နယ်နိမိတ်ချင်းထိစပ်နေသော မယ်ဆိုင်ကနေ မြန်မာနိုင်ငံတွင်းသို့ မှောင် ခိုဝင်ရောက်ရန်ကြိုးပမ်းနေသူများထံက သေနတ် ၂၇ လက်နှင့် ခဲယမ်းမီးကျောက် ၅၀,၀၀၀ ဝန်း ကျင်ကို ထိုင်းနိုင်ငံ၏ အကောက်ခွန်ဌာနအရာရှိများက ဖမ်းဆီးနိုင်ခဲ့သည်။ ဖမ်းဆီးနိုင်ခဲ့သည့်အအဆိုပါ လက်နက်အ များစုသည် အစိုးရအဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ သို့မဟုတ် ထိုင်းစစ်တပ်တပ်ဖွဲ့ဝင်များကသာ လျှော့ဈေးဖြင့် တရားဝင်ဝယ်ယူခွင့်ရရှိထားကြသော လက်နက်များဖြစ်ကြလေသည်။

တစ်နည်းဆိုရသော် အထက်ဖော်ပြပါပုဂ္ဂိုလ်များအတွက် ရည်ရွယ်ဖွင့်လှစ်ထားကြသော “သက်သာချောင်ချိ ရေး လက်နက်အရောင်းဆိုင်” များက လက်နက်နှင့် ခဲယမ်းမီးကျောက်များဖြစ်ပါသည်။ ထိုင်းအစိုးရ၏ ဆောင်ရွက်ချက်တချို့က လက်နက်တရားဝင်ကိုင်ဆောင်ရန်ခွင့်ပြုထားသဖြင့် အထက်ဖော်ပြပါလက်နက်အ ရောင်းဆိုင်များကလက်နက်များသည် မှောင်ခိုဈေးကွက်များတွင် အလွယ်တကူအဆုံးသတ်သွားလေ့ရှိသ ဖြင့် ထိုအန္တရာယ်ကိုမပေါ့ဆကြရန် တာဝန်ရှိသူများကသတိပေးထားသည်။

မယ်ဆောက်က စေတနာ့ဝန်ထမ်းကာကွယ်ရေးအဖွဲ့ဝင်ဖြစ်သော ဗမာတိုင်းရင်းသား ၂ ဦးသည် ထိုင်းက ထုတ်ပေးထားသောလက်နက်များယူဆောင်ကာ စစ်အာဏာရှင်များအားဆန့်ကျင်ရန် ထိုင်း- မြန်မာနယ်စပ် တလျှောက်တိုက်ပွဲဝင်နေကြသော မြန်မာစစ်အာဏာရှင်ဆန့်ကျင်ရေး လက်နက်ကိုင်အုပ်စုများထံသွား ရောက်ပူးပေါင်းခဲ့သည်ဟု ဝန်ခံထွက်ဆိုထားသည်။

စေတနာ့ဝန်ထမ်းတစ်ယောက်အနေဖြင့် ခုခံမှုတွင်ပါဝင်ခဲ့ရခြင်းအကြောင်းကို Jay က ယခုလိုရှင်းပြခဲ့သည်။ ပြည်သူ့စစ်တစ်ယောက်အဖြစ်ရှိနေစဥ်တုန်းက ၎င်း၏အခန်းကဏ္ဍမှာ မြေမြုပ်မိုင်းထောင်ခြင်းဖြစ်သည်။

ယင်းက ၁၉၉၇ ခုနှစ်တွင် ထိုင်းနိုင်ငံပါဝင်လက်မှတ်ရေးထိုးခဲ့သည့် “မြေမြုပ်မိုင်းတားဆီးရေး”သဘောတူ ညီချက်အပေါ်  ကြီးမားသောချိုးဖောက်မှုလည်းဖြစ်ပါသည်။ ယင်းအပြင် အဆိုပါဒေသရှိထိုင်းဗိုလ်ချုပ်များ က သူပုန်အဖွဲ့များအားထောက်ပံ့နိုင်ရန်အတွက် စစ်လက်နက်ပစ္စည်းများပါဝင်သော ထရပ်ကားများအား နယ်စပ်ဖြတ်ကျော်မောင်းနှင်ရန် ၎င်းအား ကြိမ်ဖန်များစွာခိုင်းစေခဲ့ကြောင်း Jay ကဆက်လက်ရှင်းပြခဲ့ သည်။ သူလုပ်ဆောင်ပေးခဲ့ရသည်များက ငွေအတွက်သက်သက်သာဖြစ်ကြောင်း နောက်ပိုင်းမှာတော့ Jay သဘောပေါက်လာခဲ့သည်။

Jay ၏ခရီးစဥ်များက ရေခဲတုံးအပိုင်းအစတစ်ခု၏ အစွန်အဖျားပေါ်နင်းထားရသော စွန့်စားခန်းများဖြစ်ခဲ့ပါ သည်။ ထိုင်းစစ်တပ်သည် မြန်မာနိုင်ငံတွင်းရှိ EAO များအသုံးပြုနေကြသည့်လက်နက်များအား အဓိက ထောက်ပံ့‌ပေးနေသူဖြစ်ကြောင်း စွပ်စွဲချက်များကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေသော်လည်း ထိုင်းစစ်တပ် အကြီးအကဲကတော့ အဆိုပါစွပ်စွဲချက်များအား လူသိရှင်ကြားငြင်းဆိုထားပါသည်။

အမှန်တကယ်မှာတော့ မြန်မာနိုင်ငံတွင်အသုံးပြုနေကြသောလက်နက်များသည် ထိုင်းစစ်တပ်သိုလှောင်ရုံ များဆီက အစပြုလာခဲ့ခြင်းဖြစ်သည်။

ခိုးယူခြင်း သို့မဟုတ် ငွေကြေးအမြတ်ထုတ်ခြင်း

လွန်ခဲ့သောဆယ်စုနှစ်များစွာအကြာကပင် ထိုင်းနိုင်ငံတောင်ပိုင်းတွင် သွေးထွက်သံယိုအကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ပါသည်။ Ayu သည် ထိုင်းအာဏာပိုင်များကိုဆန့်ကျင်သူတစ်ယောက်ဖြစ်သည်။ (Ayu နှင့် ပတ် သက်သောအကြောင်းအရာများအား အပိုင်း ၂ တွင် ရှာဖွေဖတ်ရှုနိုင်ပါသည်) သို့သော် အချို့သော ထိုင်းလုံခြုံ ရေးတပ်ဖွဲ့ဝင်များသည် Ayu ထူထောင်ထားသော ထိုင်းနိုင်ငံတောင်ပိုင်းရှိ မူစလင်လက်နက်ကိုင် အဖွဲ့များထံ လက်နက်များပေးအပ်ခဲ့ကြသည်ဟု Ayu ကပြောသည်။

“ဟုတ်တယ်ဗျ။ ထိုင်းစစ်တပ်က ကျွန်တော်တို့ကို လက်နက်တွေရောင်းပေးခဲ့တယ်”

တစ်ချိန်တည်းမှာပဲ Ayu က ထိုင်းအာဏာပိုင်များလက်ထဲကသေနတ်များအား နည်းလမ်းပေါင်းစုံသုံးပြီး မိမိ တို့ထံရောက်ရှိအောင်ဆောင်ရွက်နိုင်သည်ဟုလည်းပြောသည်။ ထိုနည်းလမ်းများမှာ ဝယ်ယူခြင်း သို့မဟုတ် ခိုးယူခြင်း သို့မဟုတ် စခန်းမီးရှို့ကာခိုးယူခြင်းများဖြစ်သည်ဟု ဆိုသည်။

“သေနတ်တော်တော်များများကတော့ သူတို့ကိုတိုက်ခိုက်ပြီးမှ ရလာတာတွေပါ” ဟု Ayu ကပြောသည်။

လက်နက်များနှင့်ပတ်သက်ပြီး ဗိုလ်ချုပ် Narim Busaman ယုံကြည်ထားပုံက တစ်မျိုးဖြစ်သည်။ လက် နက်ကိုင်အဖွဲ့များလက်ထဲ လက်နက်ကိုင်ဆောင်ထားခြင်း၏တကယ့်အန္တရာယ်က သက်ဆိုင်ရာတာ ဝန်ရှိသူ များက လိုလိုလားလားလွှဲပြောင်းပေးခြင်းကြောင့်မဟုတ်ဘဲ အန္တရာယ်က တရားဝင်ဖွင့်လှစ်ထားသော စတိုး ဆိုင်များထဲက လုယက်မှုများဆီကလာခြင်းဖြစ်သည်ဟုဆိုသည်။

ထိုအမြင်က ကုလသမဂ္ဂ မူးယစ်ဆေးဝါး နှင့် ရာဇဝတ်မှုဆိုင်ရာရုံး – UNODC ၏အမြင်ကို ပြန်လည်မျှဝေ ထားခြင်းသာဖြစ်သည်။ ၂၀၂၀ ခုနှစ်ကဖော် ပြခဲ့သော အဆိုပါအစီရင်ခံစာ၌ လက်နက်သိုလှောင်ထားသော နိုင်ငံများ၏ အန္တရာယ်ကြီးမားပုံကို မီးမောင်း ထိုးဖော်ပြထားပါသည်။

ပဋိပက္ခများရှိနေခြင်းကြောင့် စစ်ဘက်နှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာအေဂျင်စီများ လက်နက်ကိုင်ဆောင် ထားခြင်းသည် လမ်းလွှဲမည့်အန္တရာယ်များနှင့်ရင်ဆိုင်ရနိုင်ပြီး အကျင့်ပျက်ခြစားမှုများ၊ သတင်းပေါက်ကြား မှုများကကာကွယ်နိုင်ရန် သင့်လျော်သောစီမံခန့်ခွဲမှု၊ သိုလှောင်မှု၊ သယ်ယူပို့ဆောင်ရေးနှင့် လက်နက်စွန့်ပစ် ခြင်းများကို သေချာဆောင်ရွက်ဖို့လိုကြောင်းနှင့် လုံလောက်သောစီမံခန့်ခွဲမှုများမရရှိခဲ့ပါက လက်နက်ကိုင် ဆောင်ထားခြင်းကြောင့်ရင်ဆိုင်ရမည့်အန္တရာယ်များ ပိုမိုတိုးလာနိုင်သည်ဟု Llewelyn Jones ကဆိုသည်။

“M16 လိုလက်နက်တွေရှာရတာက ကျွန်တော်တို့အတွက်တော့ ပုံမှန်အလုပ်တစ်ခုပါပဲ”ဟု ဗိုလ်ချုပ်က ပြော သည်။

၂၀၂၃ ခုနှစ်တုန်းကလည်း ဗီယက်နမ်နိုင်ငံတွင် အလားတူဖြစ်ရပ်ဖြစ်ပွားခဲ့ပြီး လူ ၉ ဦးသေဆုံးခဲ့သည်။ ယင်း ဖြစ်ရပ်ကိုဆောင်ရွက်ခဲ့ကြသူများက ဗီယက်နမ်နိုင်ငံတွင်ဖယ်ကျဥ်ခံထားရသော တိုင်းရင်းသားလူမျိုးစုတစ် ခု၏လူနည်းစုများက ပြည်နယ်ရှိရဲအဆောက်အအုံ ၂ လုံးကိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ထိုသို့ တိုက်ခိုက်ခဲ့ ခြင်း၏ရည်ရွယ်ချက်က ရဲဌာနတွင်ရှိသော လက်နက်နှင့်ခဲယမ်းမီးကျောက်များခိုးယူရန်ဖြစ်သည်ဟု ဗီယက် နမ်အာဏာပိုင်များက အခိုင်အမာဆိုသည်။

အဆိုပါ တိုက်ခိုက်မှုအတွက် ယခုနှစ်အစောပိုင်းတွင် လူပေါင်း ၉၀ ကျော်အား ရုံးတင်စစ်ဆေးခဲ့ပြီး သေနတ် ၂၃ လက်၊ ကျည်ဆံ ၁,၁၉၉ တောင့်၊ လက်ပစ်ဗုံးနှင့် အခြားဖောက်ခွဲရေးပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်။

တစ်ချိန်တည်းမှာပဲ ဗီယက်နမ်၊ ထိုင်း၊ ကမ္ဘောဒီးယားနှင့် မြန်မာနိုင်ငံတို့တွင် လက်နက်နှင့် ခဲယမ်းမီး ကျောက်စက်ရုံများ များပြားလာခဲ့သည်။ အဆိုပါစက်ရုံအများအပြားသည် တရားဝင်ကြီးကြပ်မှု သို့မဟုတ် နိုင်ငံတကာကသတ်မှတ်ထားသောစံနှုန်းများအပေါ် လိုက်နာမှုမရှိဘဲ မီးခိုးရောင်နယ်မြေများတွင် တရားဝင် လည်ပတ်နေကြခြင်းဖြစ်သည်။

အဆိုပါစက်ရုံများကထွက်လာသောလက်နက်နှင့် ခဲယမ်းမီးကျောက်များအား မှောင်ခိုဈေးကွက်သို့ တင်ပို့ ရောင်းချြခင်းပြလုပ်မည်မဟုတ်ပါကြောင်း ဝန်ခံချက်များ သို့မဟုတ် လက်နက်တင်ပို့ရောင်းချခြင်းမပြုရန် နိုင်ငံတကာက ပိတ်ဆို့ထားသောနိုင်ငံများမပါဝင်ဖို့ သေချာစွာဆောင်ရွက်ထားရပေမည်။

“နိုင်ငံတကာဥပဒေအရဆိုရင်လည်း နိုင်ငံတွေဟာ သူတို့ရဲ့ ပြည်တွင်းလက်နက်ထုတ်လုပ်နိုင်စွမ်းကို စတင် ခြင်းမပြုလုပ်ကြဖို့ တားမြစ်ထားပါတယ်။  ပြည်ပကိုတင်ပို့တဲ့အခါမှာလည်း ဒီလက်နက်တွေကို ဘယ်လို အသုံးပြုရမယ်ဆိုတဲ့ လိုက်နာရမယ့်တာဝန်ဝတ္တရားတွေရှိပါတယ်”ဟု လက်နက်ကျွမ်းကျင်သူတစ်ယောက် ဖြစ်သလို နိုင်ငံတကာရာဇဝတ်မှုများနှင့် လူ့အခွင့်အရေးအထူးပြုရှေ့နေများအဖွဲ့က ဒေါက်တာ သောမတ်စ် ဟာမစ်လ်တန် ကပြောသည်။

“နိုင်ငံတွေက နိုင်ငံခြားကစစ်တပ်တွေ ဒါမှမဟုတ် လုံခြုံရေးတပ်ဖွဲ့တွေဆီ လက်နက်တွေတရားဝင်တင်ပို့နိုင် ဖို့အတွက် ကိုယ့်ပြည်တွင်းမှာပဲ လက်နက်တွေထုတ်လုပ်လာကြတဲ့အခါ တခြားလူတွေလက်ထဲဥပဒေမဲ့ ရောက်သွားတာမျိုးမဖြစ်ဖို့အတွက်ဆို အခုပြောခဲ့တဲ့စည်းကမ်းတွေက အထူးသက်ဆိုင်ပါတယ်” ဟု လည်း ဒေါက်တာကပြောသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် မြန်မာပြည်သးအများစုက ရွေးကောက်တင်မြှောက်ထားသော အရပ် သားအစိုးရကိုဖြုတ်ချပြီး အာဏာသိမ်းယူခဲ့ချိန်ကစ၍ တော်လှန်ရေးအုပ်စုများက လက်နက်များကြံဖန် အသုံးပြုခဲ့ကြသည်။ အမေရိကန်ပြည်ထောင်စုတွင် အခြေစိုက်လေ့ရှိသည့် လက်နက်အရေးတက်ကြွလှုပ် ရှားသူများနှင့် လက်နက်ဝါသနာရှင်များက 3D ပုံနှိပ်သေနတ်များအား မည်ကဲ့သို့ဖန်တီးကြောင်း အသိပညာ များမျှဝေခဲ့ပြီးနောက် အချို့သော EAO များက ယင်းနည်းတူလုပ်ဆောင်နေကြသည်ဟုသိရသည်။ မြန်မာ့ ပြည်တွင်းစစ်၌ ပြုပြင်နိုင်သောကာဘိုင်စတိုင်ရိုင်ဖယ်များ၊ 3D ရိုက်နှိပ်ထားသော FGC- 9၊ ၉ မမ ဆီမီး- အော်တိုမစ်တစ်ပစ္စတိုများအား ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုလာနေတာကို တွေ့နေရပါသည်။

လက်ရှိအချိန်မှာတော့ အဆိုပါပေါင်းစပ်မှုများက အသုံးဝင်နေသေးသောအရာတစ်ခုဖြစ်သော်လည်း နောက် ပိုင်းမှာတော့ လက်နက်များတိုးပွားလာခြင်းအပေါ် စီမံခန့်ခွဲရန် (သို့) ထိန်းချုပ်ရန်ခက်ခဲနေပေလိမ့်မည်။

“ကျွန်တော်တို့လုပ်ကိုင်ဆောင်ရွက်နေရတဲ့ တခြားဒေသတွေနဲ့ယှဥ်ရင် အရှေ့တောင်အာရှမှာရှိတဲ့ လက်နက် သိုလှောင်ရုံတွေမှာ Mag လို့ခေါ်တဲ့ Magazine တွေတော့ အတွေ့ရနည်းနေပါသေးတယ်။ မကြာခဏဆိုသ လို ကျွန်တော်တို့က နိုင်ငံတော်လုံခြုံရေးဆိုင်ရာကဏ္ဍအတွက် သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ပူးပေါင်းပြီး နည်းပညာပိုင်းဆိုင်ရာအကဲဖြတ်မှုတွေ ပြုလုပ်လေ့ရှိသလို တိုးတက်မှုအတွက်လည်း သီးခြားကဏ္ဍအလိုက် အကြံပြုချက်တွေရှိတယ်ဆိုပေမယ့် ဒီဒေသတွေမှာတော့ ကျွန်တော်ပြောခဲ့တဲ့အရာတွေက မလုပ်ကြည့်ရ သေးတဲ့အရာလည်းဖြစ်နေပါတယ်” ဟု Jones ကပြောသည်။ တစ်ဆက်တည်းမှာပဲ ၎င်းက “လက်နက်နဲ့ခဲ ယမ်းမီးကျောက်တိုးပွားလာခြင်းက လက်နက်နဲ့ဆက်စပ်နဲ့အန္တရာယ်တွေကို မလွဲမသေဖြစ်စေပါတယ်” ဟု ပြောသည်။

စီမံခန့်ခွဲမှုညံ့ဖျင်းသော ခဲယမ်းမီးကျောက်စက်ရုံများနှင့် ယာယီထုတ်လုပ်ရန်ရည်ရွယ်ထားသောစက်ရုံများ ကဝမ်းနည်းဖွယ်ကောင်းသောအကျိုးဆက်များ ဖြစ်ပေါ်စေနိုင်ပါသည်။ ယခုနှစ် ဧပြီလတွင်ပင် ကမ္ဘောဒီး ယား၏ပြည်နယ်တစ်ခုဖြစ်သော Kampong Speu တွင်ပေါက်ကွဲမှုများဆက်တိုက်ဖြစ်ပွားခဲ့သဖြင့် စစ် သား ၂၀ ဦးသေဆုံးခဲ့သည်။ ပထဆုံးဖြစ်ပွားခဲ့သောပေါက်ကွဲမှုက ပြင်းထန်လွန်းသဖြင့် တစ်ကီလိုမီတာ အကွာအဝေးတွင်ရှိသော စက်ရုံတစ်ရုံနှင့် လူနေအိမ်များပျက်စီးခဲ့သည်။

ကမ္ဘောဒီးယားအစိုးရကတော့ အဆိုပါပေါက်ကွဲမှုကို စစ်အခြေစိုက်စခန်းတွင် လက်နက်ခဲယမ်းများပေါက် ကွဲခဲ့မှုအဖြစ်ဖော်ပြခဲ့ပြီး ခဲယမ်းများအား ထိုနေရာတွင် သိမ်းဆည်းထားခြင်းရှိ၊ မရှိကိုတော့ ရှင်းရှင်းလင်း လင်းမသိရပါ။

ကမ္ဘောဒီးယားနိုင်ငံ၏ ကမ်းရိုးတန်းမြို့ဖြစ်သော Sihanoukville နှင့် အနီးရှိ Ream ဆိပ်ကမ်းများကတဆင့် လက်နက်အစိတ်အပိုင်းများအား နိုင်ငံတွင်းသို့ခိုးသွင်းနေပြီဖြစ်သည်ဟု Z က သတိပေးခဲ့သည်။ ယင်းနေရာ များတွင် အသေးစားလက်နက်စက်ရုံများရှိနေပြီး လက်နက်များလှိျု့ဝှက်ထားကြပါသည်။

အဆိုပါ ယာယီဆောက်လုပ်ထားကြသော ခဲယမ်းစက်ရုံများအနက်ကတစ်ခုမှာ Tea မိသားစုနှင့် နီးစပ်ပြီး ရေတပ်လေ့ကျင့်ရေးသင်တန်းကျောင်းအနောက်ဘက်ရှိ ကုန်လှောင်ရုံကြီးတွင် သိုဝှက်ထားသည်ဟု သူက ပြောသည်။

Z နှင့် အခြားသောသတင်းရင်းမြစ်များအရဆိုလျှင်မူ တည်နေရာများသည် Tea မိသားစုနှင့်သက်ဆိုင်နေပါ သည်။ ကုန်လှောင်ရုံဘက်ဆီသွားရောက်လည်ပတ်ရန် မိမိတို့ချဥ်းကပ်ခဲ့ချိန်မှာတော့ လုံခြုံရေးများက မိမိ တို့အား ဝင်ခွင့်မပြုခဲ့ပါ။ လမ်းသစ်ဖောက်လုပ်နေသောကြောင့်ဟု ဆိုပါသည်။ သို့သော်လည်း အဆိုပါနေရာ တွင် အသစ်ဆောက်လုပ်ထားသောအဆောက်အအုံများ၏ ကောင်းကင်ဂြိုဟ်တုဓာတ်ပုံဖော်ပြချက်များအရ ဆိုလျှင်မူ ဟိုတယ်တစ်ခုဆိုသည်ထက် သံသယရှိစရာကောင်းသောဂိုဒေါင်များ၊ ကုန်လှောင်ရုံများနှင့်ဆင်တူ နေသည်ကို တွေ့ရှိခဲ့ရပါသည်။

ဖော်ပြခဲ့သောအချက်အလက်များအရဆိုလျှင်မူ ကမ္ဘောဒီးယား၏ကာကွယ်ရေးဝန်ကြီးများပါဝင်ပတ်သက် နေသော လက်နက်မှောင်ခိုလုပ်ငန်းက ဒေသတွင်းအတွက်ဗဟိုချက်တစ်ခုဖြစ်လာနေပြီး ယင်းကိုလည်း မကြာခင်အချိန်အတွင်း လျှော့ချပစ်နိုင်လိမ့်မည်ဟု မမျှော်လင့်နိုင်သေးပါ။

စီးကရက်ဖင်စီခံကို နာနာကိုက်ထားလျက်ကပင် စီးကရက်မီးခိုးများအား Ayu မှုတ်ထုတ်လိုက်လေသည်။ စီးကရက်မီးခိုးငွေ့များက ကောင်းကင်ကြီးသဖွယ် သူမျက်နှာကိုဖုံးလွှမ်းလျက်ရှိနေကြ၏။

ထိုအရာများကြား ကပင် Ayu က “သူတို့က ကျွန်တော်တို့ကို လက်နက်တွေတင်ပို့ဖို့ အမြဲအဆင်သင့်ရှိနေ ကြတယ်။ နောက်ပြီး ဒီနယ်မြေထဲမှာ ရှိတဲ့ တခြားလူတွေကလည်း လက်နက်အမြဲလိုနေကြတယ်လေ”

__________

‘The Diplomat’ တွင်ဖော်ပြထားသော ဆောင်းပါးရှင် ‘Lindsey Kennedy’ နှင့် Nathan Paul Southern’ တို့၏ ‘In Southeast Asia, the Authorities Are the Biggest Gun Dealers in Town’ ကို ဆီလျော် အောင်ရေးသားသည်။

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleစစ်ကောင်စီတပ်၏ ဗုံးကြဲမှုကြောင့် သီပေါ ဒေသခံအမျိုးသား(၂)ဦး သေဆုံးခဲ့ပြီး (၂)ဦး ထိခိုက်ဒဏ်ရာရ
Next Article ၂၀၂၅ တွင် အရပ်သားများပါဝင်သော ပူးတွဲစီမံအုပ်ချုပ်သည့် အစိုးရ ပေါ်ပေါက်ရန် ကြိုးပမ်းသွားမည်ဟု TNLA ဆို
thanlwinkhet
  • Website

Related Posts

အရှေ့တီမော၏ မြန်မာစစ်အုပ်စုအပေါ် သံတမန်ဆက်ဆံရေး အပြောင်းအလဲ

October 3, 2025

အိန္ဒိယက အာဏာသိမ်းစစ်တပ်ကို အားပေးလာခြင်းနောက်ကွယ်က အကျိုးစီးပွားများ မိုဒီနှင့် စစ်ခေါင်းဆောင်၏ သီးသန့်တွေ့ဆုံမှု- အိန္ဒိယ၏ မြန်မာမူဝါဒ ပြောင်းလဲလာခြင်းလား

October 3, 2025

စစ်ကော်မရှင် လက်ခုပ်ထဲက ရေလို ဘဝများ

September 29, 2025

Leave A Reply Cancel Reply

Recent Posts

  • ထီးဖိုးစံကျေးရွာကို စစ်ကော်မရှင်တပ် ဗုံး ၃၇ လုံးကြဲချ
  • မိုင်းငေါ့ကို စစ်တပ်ဗုံးကြဲ၍ ဒေသခံများ သေဆုံး
  • Amazon Web Services (AWS) ပြတ်တောက်မှုကြောင့် Signal၊ Zoom အပါအဝင် အက်ပလီကေးရှင်းများ နာရီပိုင်းကြာ ရပ်တန့်
  • ကျားဖြန့်လုပ်ငန်းများ လည်ပတ်နေသည့် KK Park အား စစ်တပ်မှ ရှင်းလင်း
  • သံတွဲနှင့် ဂွတွင် ညအချိန် ငါးဖမ်းခြင်းအား AA ကန့်သတ်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

ထီးဖိုးစံကျေးရွာကို စစ်ကော်မရှင်တပ် ဗုံး ၃၇ လုံးကြဲချ

မိုင်းငေါ့ကို စစ်တပ်ဗုံးကြဲ၍ ဒေသခံများ သေဆုံး

Amazon Web Services (AWS) ပြတ်တောက်မှုကြောင့် Signal၊ Zoom အပါအဝင် အက်ပလီကေးရှင်းများ နာရီပိုင်းကြာ ရပ်တန့်

ကျားဖြန့်လုပ်ငန်းများ လည်ပတ်နေသည့် KK Park အား စစ်တပ်မှ ရှင်းလင်း

ယခင်သတင်းများ

  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ထုတ်ပြန်ချက်
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

ထီးဖိုးစံကျေးရွာကို စစ်ကော်မရှင်တပ် ဗုံး ၃၇ လုံးကြဲချ

October 21, 2025

မိုင်းငေါ့ကို စစ်တပ်ဗုံးကြဲ၍ ဒေသခံများ သေဆုံး

October 21, 2025

Amazon Web Services (AWS) ပြတ်တောက်မှုကြောင့် Signal၊ Zoom အပါအဝင် အက်ပလီကေးရှင်းများ နာရီပိုင်းကြာ ရပ်တန့်

October 20, 2025

ကျားဖြန့်လုပ်ငန်းများ လည်ပတ်နေသည့် KK Park အား စစ်တပ်မှ ရှင်းလင်း

October 20, 2025

သံတွဲနှင့် ဂွတွင် ညအချိန် ငါးဖမ်းခြင်းအား AA ကန့်သတ်

October 20, 2025

ဖမ်းဆီးခံ မြန်မာအလုပ်သမားများ ထိုင်းလဝက အချုပ်ထောင်သို့ ပို့ဆောင်ခံရ

October 18, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.