• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်
  • ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး
  • စစ်တွေတွင် ရွေးကောက်ပွဲကျင်းပပြီးနောက် လက်နက်ကြီးသံများ ဆက်တိုက်ထွက်ပေါ်
  • ဘက်စုံပိတ်ဆို့မှုကြောင့် စစ်တွေလက်လုပ်လက်စားများ အငတ်ဘေး ရင်ဆိုင်နေရ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»ဆောင်းပါး»အာဏာပိုင်တွေကိုယ်တိုင်လက်နက်ရောင်းနေတဲ့အရှေ့တောင်အာရှ – အပိုင်း ၁
ဆောင်းပါး

အာဏာပိုင်တွေကိုယ်တိုင်လက်နက်ရောင်းနေတဲ့အရှေ့တောင်အာရှ – အပိုင်း ၁

thanlwinkhetBy thanlwinkhetAugust 10, 2024No Comments3 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

ဘုန်းမောင်

သြဂုတ် ၁၀၊ ၂၀၂၄။

အချိန်ကား မနက်ခင်း ၁ နာရီဝန်းကျင်။ နေရာကားကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့၏နယ်စပ်မြို့ကလေးတစ်မြို့ဖြစ်သော ပိုအီပက်မြို့။

ပိုအီပက်မြို့ (Poipet) တွင် ကာစီနိုလောင်းကစားရုံများ၊ တရားမဝင်အွန်လိုင်းလောင်းကစားလုပ်ငန်းများနှင့် ကမ္ဘာတစ် ဝှမ်းကလူများကိုလှည့်စားရန်ရည်ရွယ်ထားသည့် ကျားဖြန့်လုပ်ငန်းများတည်ရှိနေသည်။

ယင်းနယ်စပ်မြို့ကလေးသည် ကျားဖြန့်လုပ်ငန်းများတွင်လုပ်ကိုင်ရန် ကမ္ဘာတစ်ဝှမ်းကလူအများအား လူမှောင်ခိုကူး ခြင်းနှင့်အဆိုပါမှောင်ခိုကူးခံရသူများအား ကျားဖြန့်လုပ်ငန်းများတွင်အတင်းအဓမ္မအလုပ်စေခိုင်းခြင်းများကြောင့် လည်း နာမည်ဆိုးဖြင့် ကျော်ကြားပါသည်။

မြို့တွင်းရှိ ကာရာအိုကေဘားများနှင့် ကလပ်တွေကတော့ ကိုယ့်ကိုယ်ကို အလွန်အမင်းယုံကြည်ထားဟန်ပေါ်လွင်နေ သည်။ ယင်းနေရာများကို တရုတ်ဂိုဏ်းစတားအဖွဲ့ဝင်များက မင်းမူထားကြပါသည်။ တရုတ် ဂိုဏ်းစတားများသည် ဈေး ကြီးသောအရက်များသောက်လေ့ရှိကြပြီး စိတ်ကြွဆေးထုပ်များကိုလည်း ပေါ်ပေါ်တင်တင်ပင် ကိုင်ဆောင်အသုံးပြု လေ့ရှိကြ၏။ မည်သည့်မူးယစ်ဆေးမဆို ဤနေရာမျိုးတွင် လွယ်လွယ်ကူကူရနိုင်ပါသည်။

ပိုအီပက်မြို့ ညဈေးနားက ကျဥ်းမြောင်းသောဘားသေးသေးလေး၏အပြင်ဘက်မှာတော့ စားပွဲခုံများရှိနေပြီး ဆောက်လက်စအဆောက်အအုံကြီး၏ အရိပ်ကယင်းစားပွဲခုံများပေါ်ထိုးကျနေလေသည်။ ဒေသခံများကတော့ အဆိုပါအဆောက်အအုံကြီးကိုတရုတ်ငွေလိမ်လိမ်ဂိုဏ်းများကတည်ဆောက်နေခြင်းဖြစ်ပြီး ငွေလိမ်လုပ်ငန်းများပို၍များပြားလာသည်ဟု ပြောနေကြ၏။

အဆိုပါ ဘားအပြင်ဘက်ကစားပွဲခုံများတွင် အင်ဒိုနီးရှားနိုင်ငံသား၄ ဦးပါဝင်သောအဖွဲ့တစ်ဖွဲ့လည်းထိုင်နေပါသည်။ ၎င်းတို့သည် အွန်လိုင်းငွေလိမ်ဂိုဏ်းတစ်ခုကဖြစ်ပြီး ၎င်းတို့၏ကိုယ်ရေးကိုယ်တာအချက်အလက်များကိုတော့ လျှို့ ဝှက်ထားကြသည်။

ယုံမှားစရာမလိုသောအချက်တစ်ချက်က ၎င်းတို့နှင့်အတူထိုင်နေသော အသက် ၃၀ နှစ်အရွယ် အင်ဒိုနီးရှားအမျိုးသား သည် ၎င်းတို့အဖွဲ့၏ ဘော့စ်ဖြစ်သည်ဆိုခြင်းပင်။ သူ့ကိုယ်တွင် တက်တူးများထိုးထားပြီး ဆေးလိပ်တစ်လိပ်ကိုလည်း ဖွာရှိုက်နေပါသည်။၎င်းတို့စားပွဲပေါ်မှာတော့ Captain Morgan အမျိုးအစား ရမ်ပုလင်းများစုပုံနေပြီးလည်းဖြစ်၏။ မကြာခင်မှာတော့ မာဖီးယားကြီးဒွန်သည် ၎င်း၏ရင်ဘတ်ကိုကော့ကာကော့ကာဖြင့်လမ်းလျှောက်လာလေတော့သည်။

သူက “ဒီမှာနေရတာ ဘာကောင်းသလဲဆိုတော့ ကျွန်တော်တို့လုပ်ချင်တာမှန်သမျှလုပ်နိုင်တာပဲ“ဟု ကြွားကြွားဝါဝါဖြင့် စကားတင်းဆိုလိုက်လေ၏။

နောက်ပြီး သူက “ဒီမှာ ၄၄ တစ်လက်ကို ဘတ် ၂၀,၀၀၀ (အမေရိကန်ဒေါ်လာ ၅၄၀ )ဝန်းကျင်နဲ့ရနိုင်တယ်” ဟုလည်း တဆက်တည်းပြောလိုက်လေသည်။

၎င်းရည်ညွှန်းသော ၄၄ ဆိုသည်မှာ 44–Caliba ခြောက်လုံးပြူးဖြစ်သည်။ အဆိုပါခြောက်လုံးပြူးကိုဘောစ့်က ကမ္ဘောဒီးယားလူလတ်ပိုင်းတစ်ယောက်ထံကဝယ်ယူခဲ့ခြင်းဖြစ်သည်။ အဆိုပါကမ္ဘောဒီးယားသားကလည်း ယင်းခြောက်လုံး ပြူးကိုကမ္ဘောဒီးယားရဲတပ်ဖွဲ့ဝင်တစ်ယောက်ထံက ဝယ်ယူခဲ့ ခြင်းဖြစ်သည်။ ယင်းသေနတ်များသည် နဂိုမူလနေရာများဆီ ပြန်မရောက်ကြတော့ပါဟုလည်း ဘော့စ်က ပြောလိုက်သေး၏။

အမှန်တကယ်ဆိုရပါမူ ၎င်းတို့အုပ်စုသည် ကမ္ဘောဒီးယားမရောက်ခင်အထိ သေနတ်ကိုင်တတ်ကြသူများမဟုတ်ပေ။ သေနတ်ကိုမည်ကဲ့သို့ ပစ်ခတ်ရမည်ကိုလည်း ၎င်းတို့မသိခဲ့ကြ။ကမ္ဘောဒီးယား ရောက်ပြီးနောက်မှာတော့ မြို့တော်ဖနွမ်းပင်တွင်သူတို့အုပ်စု သေနတ်ပစ်လေ့ကျင့်ခဲ့ကြပါသည်။

“ကမ္ဘောဒီးယားရဲတွေက လာဘ်စားကြပါတယ်” ဟု လက်တစ်ဖက်ကို နိမ့်လိုက်ရင်း သူကပြော၏။ သူတို့ “သေနတ်တွေကိုတော့ မြို့ခံတရုတ်ပြိုင်ဘက်များနှင့်သတ်ပုတ်ရာတွေမှာသုံးဖို့ပါ” ဟုလည်းပြောသည်။

သို့သော် အာဏာပိုင်များ၏ပေါ့ဆမှုများကြောင့် စစ်သားနှင့်ရဲများသည် ပစ်မှတ်များဖြစ်လာကြသည်။ ၂၀၂၁ ခုနှစ် အတွင်း ပိုအီပက်ကာဆီနိုအပြင်ဘက်တွင် အရက်မူးပြီးပစ်ခတ်မှုဖြစ်ပွားခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင် ၃ ဦး ထိခိုက်ဒဏ်ရာရရှိ ခဲ့သည်။ အလားတူ၂၀၂၂ ခုနှစ်တုန်းကလည်း မူးယစ်ဆေးဝါးရောင်းဝယ်သူ ၁ ဦးကရဲတပ်ဖွဲ့ဝင် ၂ ဦးကိုသတ်ဖြတ်ခဲ့ သည်။

အဆိုပါ မူးယစ်ဆေးရောင်းဝယ်သူက မည်သည့်အမျိုးအစားလက်နက်ဖြင့်ပစ်ခတ်ခဲ့သနည်းဆိုလျှင်မူ ၄၄ ကာလီဗာခြောက်လုံးပြူးတစ်လက်နှင့်ဟု ဖြေရပါလိမ့်မည်။

မိမိတို့ကို ပြန်လည်ရန်ပြုတိုက်ခိုက်လာမည့်လူများထံ လက်နက်ရောင်းချခြင်းက မိမိကိုယ်မိမိဖျက်ဆီးခြင်းဟု ခေါ်ဆို ထိုက်သောအဓိပ္ပါယ်မဲ့လုပ်ရပ်တစ်ခုဟု ထင်နိုင်ကောင်းထင်နိုင်စရာရှိပါသည်။ သို့သော် အရှေ့တောင်အာရှတစ်ဝှမ်း လုံးရှိ နိုင်ငံ့လုံခြုံရေးတာဝန်ယူရသူများဖြစ်သော ရဲ၊ စစ်တပ်နှင့်အစိုးရတို့သည် ၎င်းတို့နယ်နိမိတ်အတွင်းရှိ ရာဇဝတ်သားများအားလက်နက်ရောင်းချပေးနေသော အဓိကအရင်းအမြစ်လည်း ဖြစ်နေပြန်ပါသည်။

အရှေ့တောင်အာရှဒေသများကို လေ့လာကြည့်မည်ဆိုပါကမြန်မာနိုင်ငံတွင် ပြည်တွင်းစစ်ဖြစ်ပွားနေပါသည်။ ထိုင်းနိုင်ငံတောင်ပိုင်းတွင်လည်း ခွဲထွက်ရေးလှုပ်ရှားမှုများ ဆက်လက်ဖြစ်ပွားနေသည်ကို တွေ့ရမည်။ နောက်ပြီး ဒေသတွင်း၌ ဒေါ်လာဘီလီယံပေါင်းများစွာဖြင့်လည်ပတ်နေကြသော ရာဇဝတ်ဂိုဏ်းကြီးများ အရှိန်အဟုန်ဖြင့်ကြီးထွားလာနေသလို လူကုန်ကူးမှုဖြင့်မောင်းနှင်ထားသောအွန်လိုင်းငွေလိမ်လုပ်ငန်းပေါင်းများစွာအားလုံးအတွက် သေနတ်နှင့်ခဲယမ်းမီး ကျောက်များလိုအပ်နေပါသည်။

အဆိုပါဝယ်လိုများအားကိုကြည့်လျှင် လက်နက်အရောင်းအဝယ်လုပ်ငန်းကအမြတ်အစွန်းများသောလုပ်ငန်းတစ်ခု ဖြစ်ကြောင်းသိသာနေပါသည်။ လက်နက်ကိုင်အဖွဲ့များသည်လည်း ၎င်းတို့အတွက်လိုအပ်သော လက်နက်များကို တရားဝင်နည်းလမ်းဖြင့်ရရှိနေပါသည်။ သက်ဆိုင်ရာအာဏာပိုင်များ အကျင့်ပျက်ခြစားခြင်းနှင့် စာရင်းအင်းနိုင်နင်းမှု အားနည်းခြင်းတို့က ကပ်ဘေးတစ်ခုဆီ တွန်းပို့နိုင်ပါသည်။

“ရာဇဝတ်ဂိုဏ်းတွေက တရားမဝင်တဲ့ လက်နက်ဝယ်လိုအားတွေအတွက် ဖြည့်ဆည်းပေးနိုင်သလို တစ်ချိန်တည်းမှာပဲလက်နက်ကိုင်အကြမ်းဖက်မှုတွေကိုပါတိုက်ရိုက်မောင်းနှင်နိုင်နေတာတွေ့ရတယ်” ဟု MAG International က အာရှ – ပစိဖိတ်ဒေသဆိုင်ရာ ဒါရိုက်တာ Llewelyn Jones ကပြောသည်။

MAG International ဆိုသည်က မြေမြှုပ်မိုင်းရှင်းလင်းရေးနှင့် မပေါက်ကွဲသေးသောလက်နက်များရှင်းလင်းရေးအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးနေသောအဖွဲ့အစည်းဖြစ်ပြီး အန္တရာယ်ရှိသူများထံ လက်နက်ငယ်များမရောက်ရှိရေးအတွက် စီမံဆောင်ရွက်နေသောအဖွဲ့လည်းဖြစ်သည်။

အဆိုပါနိုင်ငံများအနေဖြင့် ပြည်တွင်းပြည်ပသို့ လက်နက်တင်ပို့ရောင်းချမှုများအားလုံးကို မှတ်တမ်းတင်ခြေရာခံနိုင်ရန် လိုအပ်ပြီး လက်နက်ထုတ်လုပ်ခြင်းနှင့် လိုင်စင်ထုတ်ပေးခြင်းဆိုင်ရာဥပဒေများ ပြဋ္ဌာန်းရန်လိုအပ်သည်ဟုလည်း ၎င်းကပြောသည်။

“လုံခြုံရေးစိတ်မချရတဲ့လက်နက်ငယ်နဲ့ ခဲယမ်းမီးကျောက်တွေ ဒါမှမဟုတ် လုံခြုံရေးပိုင်းအားနည်းတဲ့ လက်နက်ငယ် တွေနဲ့ခဲယမ်းမီးကျောက်တွေဟာ တရားမဝင်ဈေးကွက်တွေထဲရောက်သွားနိုင်တဲ့အန္တရာယ်တွေကို တစ်ကမ္ဘာလုံးက လက်ခံအသိအမှတ်ပြုဖို့လိုတယ်။ ဒီဟာတွေက ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့တည်ငြိမ်ရေးအတွက် သိသာထင်ရှားတဲ့ အကျိုးဆက်တွေရှိနေတယ်” ဟုလည်း Jones က ပြောကြားခဲ့သည်။

ဖော်ပြခဲ့သောအစီအစဥ်များက ကမ္ဘောဒီးယားအတွက်တော့ ကမ္ဘာခြားနေပါသေးသည်။ The Diplomat ၏အသေး စိတ်ဖော်ပြချက်များတွင် AK – 47s၊ AR – 15s ၊ Beretta နှင့် Glock ပစ္စတိုများအပါအဝင် စွမ်းရည်မြင့်ခဲယမ်းမီး ကျောက်များနှင့် ဆက်စပ်ပစ္စည်းများအကြောင်းအသေးစိတ်ဖော်ပြထားပါသည်။ အဆိုပါလက်နက်အများစုက လက်နက်ကိုင်တပ်ဖွဲ့များထံကသာဖြစ်နိုင်သည်ဟုလည်း သတင်းရင်းမြစ်များကဆိုသည်။

ရိုင်ဖယ်ကိုင်ထားသောမာဖီးယားများ

အရှေ့တောင်အာရှဒေသတွင်းရှိ စစ်တပ်နှင့်ရဲတပ်ဖွဲ့ဝင်များသည်၎င်းတို့လက်တွင်းတရားဝင်ပိုင်ဆိုင်ထားသော သေနတ်အရေအတွက်များကို မကြာခဏဆိုသလို အတုပြုလုပ်လေ့ရှိကြသည်။ ထို့နောက်မှာတော့ မှတ်ပုံမတင်ထားသော အဆိုပါလက်နက်များကို ပုဂ္ဂလိကကွန်ရက်များ သို့မဟုတ် ဆိုရှယ်မီဒီယာများက တဆင့်ရောင်းချခြင်းဖြင့် အပိုဝင်ငွေ ရှာလေ့ရှိကြသည်ဟုအမည်မဖော်လိုသဖြင့် Z ဟုအမည်ပေးထားသော ကမ္ဘောဒီးယားစစ်တပ်၏အရာရှိတစ်ဦးက ပြောသည်။

၎င်းအရာရှိ၏တောင်းဆိုမှုကြောင့် မိမိတို့သည် Z ဆိုသူနှင့်ကမ္ဘောဒီးယားနိုင်ငံ၏ကမ်းရိုးတန်းမြို့တစ်မြို့ဖြစ်သလို ကာဆီနိုစသည့် ရာဇဝတ်မှုများကျူးလွန်ရာ Sihanoukville မြို့ရှိကမ်းခြေတစ်ခုတွင်တွေ့ဆုံခဲ့ပါသည်။

အဆိုပါကမ်းခြေတွင် တက်တိုးထိုးထားကြသောတရုတ်နှင့်ထိုင်ဝမ်လူဆိုးဂိုဏ်းသားများ တစ်ဦးနှင့်တစ်ဦးအပြန်အလှန် ဟစ်အော်နေကြပါသည်။ စားပွဲထိုးကလေးများသည် ကလေးငယ်တစ်ယောက်၏မွေးနေ့ပွဲအတွက်ဆုတောင်း ပေးနေကြပြီး ‘Happy Birthday”၊ ‘Happy Birthday” ဖြင့် အော်ဟစ်နေကြလေသည်။သို့သော် အဆိုပါစားပွဲထိုးများ၏မွေး နေ့ဆုတောင်းသံများကိုတရုတ်နှင့်ထိုင်ဝမ်ဂိုဏ်းစတားများ၏အသံက လွှမ်းမိုးထားလေ၏။

Z သည် သာမန်အရပ်သားတစ်ယောက်ကဲ့သို့ပင် ဝတ်ဆင်ထားသော်လည်း ၎င်းပိုင်ဆိုင်သော Glock ပစ္စတိုကိုတော့ ယူဆောင်လာခဲ့ပါသည်။ အထက်ဖော်ပြပါဝရုန်းသုန်းကားမှုများကကြားကပင် Z က ဤကဲ့သို့ပင် မြန်မြန်ဆန်ဆန်ကြီး ပြောချလိုက်လေတော့သည်။

“ကျွန်တော့်အထက်လူကြီးတွေက ရာဇဝတ်ဂိုဏ်းတွေဆီကိုလက်နက်ရောင်းချင်နေကြတယ်။ အဲသလို ရောင်းနိုင်ဖို့ကိုလည်းကျွန်တော့်တပ်ဖွဲ့တွေက အကူအညီပေးရလိမ့်မယ်တဲ့“

အထက်လူကြီးများ၏ခိုင်းစေမှုကြောင့် Z တစ်ယောက်လုပ်ကိုင်ပေးနေရသည်က လက်နက်ရောင်းချမှုတစ်ခု တည်းသာ မဟုတ်ပေ။ Z သည် တရုတ်နှင့်ကိုရီးယားရာဇဝတ်ဂိုဏ်းခေါင်းဆောင်များအတွက်လုံခြုံရေးကို တိတ်တဆိတ်စီစဥ်ပေး နေရသူလည်းဖြစ်ပေသည်။

ထိုသို့ဖြင့် လက်နက်ကိုင်တပ်ဖွဲ့ဝင်များသာ တရားဝင်ကိုင်ဆောင်ခွင့်ရထားသောလက်နက်များက ရာဇဝတ်ကောင်များ လက်သို့ရောက်ရှိသွားချိန်မှာပဲ Z နှင့် သူ၏တပ်ဖွဲ့ဝင်များသည်လည်း အပိုဝင်ငွေများရရှိခဲ့ကြပါသည်။ (၂၀၁၉ ခုနှစ်တွင် ကမ္ဘောဒီးယားအစိုးရက ပုဂ္ဂလိကဆိုင်ရာ လုံခြံရေးကဏ္ဍများအတွက် တော်ဝင်ကမ္ဘောဒီးယားစစ်တပ်၏အရင်းအမြစ် များ မျှဝေပေးခြင်းကိုတရားဝင်တားမြစ်ခဲ့သော်လည်း အဆိုပါစည်း ကမ်းချက်ကိုကျယ်ကျယ်ပြန့်ပြန့်ချိုးဖောက်လျက် ရှိနေကြသည်။

ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့ကြား နယ်စပ်ဖြတ်ကျော်လက်နက်ရောင်းဝယ်များကို Tea မိသားစုက ကြီးစိုးထားပါသည်။ Tea Family ကိုဦးဆောင်နေသူများက ကမ္ဘောဒီးယား၏ကာလရှည်ကြာဆုံး ကာကွယ်ရေးဝန်ကြီးတာဝန်ယူခဲ့ ဖူးသူ Tea Banh နှင့် ၎င်း၏အစ်ကိုဖြစ်သူTea Vinh တို့ဖြစ်ကြသည်။ Tea Vinh သည် ကမ္ဘောဒီးယားရေတပ်၏ရေ တပ်မှူးတစ်ဦးလည်းဖြစ်သည်။Tea Banh ၏သားဖြစ်သူ Seiha သည် ၂၀၂၃ ခုနှစ် ကာကွယ်ရေးဝန်ကြီးအဖြစ်တာဝန်ယူခဲ့ပြီး အဆိုပါရာထူးမရယူခင်တုန်းကတော့ Siem Reap ၏အုပ်ချုပ်ရေးမှူးဖြစ်ခဲ့သည်။ Tea Vinh ၏သား Vichet ကတော ခမာဂုဏ်ထူးဆောင် Oknha ဘွဲ့ရရှိထားသူဖြစ်ပြီး  Sihanoukville နှင့် Koh Kong ရှိ ရွက်လှေနှင့်ကူးတို့ဝန်ဆောင်မှုများအပါအဝင် ကမ္ဘောဒီးယားကမ်းရိုးတန်း တလျှောက်တွင်ထင်ရှားသော စီးပွားရေးလုပ်ငန်းများလုပ်ကိုင်နေသည်။

၎င်း၏နောက်ထပ်သားဖြစ်သူ Sokha သည် ရေတပ်ဒုတိယတပ်မှူးဖြစ်ပြီး သမီးဖြစ်သူ Leakhena သည်လည်း ရေတပ်ဗိုလ်မှူးတာဝန်ရယူထားသည်။

ယခင်ပြုလုပ်ခဲ့သောစုံစမ်းစစ်ဆေးမှုများအရ Tea ညီအစ်ကိုများသည် ၎င်းတို့၏နိုင်ငံရေးဩဇာအာဏာကိုအသုံးပြုပြီးကမ္ဘောဒီးယားကမ်းရိုးတန်းတလျှောက်ရှိ မြေနေရာအများအပြားကို သိမ်းယူခဲ့သည်ဟု ယူဆရသည်။ ထို့ပြင် Tea မိသားစုသည်ကာကွယ်ရန်သတ်မှတ်ထားသော သစ်တောများကသစ်များအားခုတ်ယူခြင်းများအပြင် တရားမဝင်သစ် ထုတ်လုပ်ငန်းများတွင်လွန်ခဲ့သောဆယ်စုနှစ်များကတည်းကပါဝင်ခဲ့ပြီး လက်ရှိအချိန်ထိလည်း ဆက်လက်ပါဝင်ပတ် သက်နေဆဲဖြစ်သည်ဟု စွပ်စွဲခံထားရသည်။

၂၀၂၁ ခုနှစ်မှာတော့ အမေရိကန်ပြည်ထောင်စုက Tea Vinh ကိုအရေးယူပိတ်ဆို့မှုများဆောင်ရွက်ခဲ့သည်။ ၎င်းသည် တရုတ်ရန်ပုံငွေများဖြင့် ပြန်လည်မွမ်းမံခဲ့သော Sihanoukville အနီးရှိReam ရေတပ်အခြေစိုက်စခန်း ပြန်လည်ပြုပြင်မွမ်းမံရာတွင်အကျင့်ပျက်ခြစားခဲ့သည်ဟုလည်း စွပ်စွဲခံထားရသည်။

Z ၏အဆိုအရ သေနတ်များနှင့် ဆက်စပ်ပစ္စည်းများကိုကမ္ဘောဒီးယားနိုင်ငံတောင်ပိုင်းရှိ ကမ်းရိုးတန်းဆိပ်ကမ်းများက တဆင့်သယ်ဆောင်လာ၍ ကမ္ဘောဒီးယားရှိစက်ရုံများတွင်စုဆောင်းကာ ထိုင်းနိုင်ငံဘက်သို့ ကုန်းတွင်းပိုင်းကနေ တိုက်ရိုက်ပို့ဆောင်ပေးနေသည်ဟု သိရသည်။ ထိုကတဆင့် မြန်မာနိုင်ငံသို့ဆက်လက်ပို့ဆောင်နေခြင်းဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှာတော့ လက်နက်သယ်ဆောင်လာသော အသက် ၂၀ နှစ်အရွယ် ကမ္ဘောဒီးယားနိုင်ငံသား တစ်ဦးကိုထိုင်းနိုင်ငံ၏ Trat ပြည်နယ်ကမ်းလွန်တွင် ဖမ်းဆီးနိုင်ခဲ့သည်။ဖမ်းဆည်းရမိခဲ့သော လက်နက်များတွင် M16 နှင့် AK – 47 လိုချေမှုန်းရေးရိုင်ဖယ်များအပြင် ကျည်ဆံပေါင်း ၁,၅၀၀ ကျော်လည်း ပါဝင်နေပါသည်။ အဆိုပါလက်နက်များသည်မြန်မာနိုင်ငံရှိတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများထံ ဦးတည်သွားနိုင်ဖွယ်ရှိသည်ဟု ထိုင်းအာဏာ ပိုင်များကဆိုသည်။

အပိုင်း (၂) ကို ဆက်လက်ဖော်ပြပါမည်။

‘The Diplomat’ တွင်ဖော်ပြထားသော ဆောင်းပါးရှင် ‘Lindsey Kennedy’ နှင့် Nathan Paul Southern’ တို့၏ ‘In Southeast Asia, the Authorities Are the Biggest Gun Dealers in Town’ ကိုဆီလျော်အောင်ရေး သားသည်။

(အပတ်စဉ် တင်္နလာနေ့တိုင်း ဘာသာပြန်ဆောင်းပါးကို သံလွင်ခက်ဝက်ဘ်ဆိုက်ဒ်တွင် ဖတ်ရှု့နိုင်ပါသည်။)

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleစစ်ရေးကို မသိကျိုးကျွံပြုနေတဲ့ စစ်ခေါင်းဆောင်
Next Article မြောက်ဦးမြို့ကို စစ်ကောင်စီဗုံးကြဲ၊ ​ကလေးငယ် ၁ ဦးအပါအဝင် ၆ ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာရ
thanlwinkhet
  • Website

Related Posts

ခရစ္စမတ်နှင့် ဝေးကွာနေဆဲ လေးကေ့ကော်စစ်ရှောင်များ

December 26, 2025

သောင်ရင်းမြစ်တစ်ဖက်ကမ်းက တည်ဆောက်နေဆဲ တရုတ်စီမံကိန်းများ (ဆောင်းပါး)

December 26, 2025

ပျက်စီးသွားသော ငြိမ်းချမ်းရေးသင်္ကေတနှင့် အိမ်ပြန်ချိန်ဝေးနေဆဲ လေးကေ့ကော် (၄) နှစ်တာ

December 17, 2025

Leave A Reply Cancel Reply

Recent Posts

  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

ယခင်သတင်းများ

  • December 2025
  • November 2025
  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ထုတ်ပြန်ချက်
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နိုင်ငံရေးသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • ရွေးကောက်ပွဲသတင်း
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

December 31, 2025

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

December 31, 2025

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

December 31, 2025

ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

December 31, 2025

ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး

December 30, 2025
Copyright © 2026. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.