ခင်သရဖီဦး
သြဂုတ် ၁၀၊ ၂၀၂၄။
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ကို စစ်ကောင်စီက လေယာဥ်ဖြင့်ဗုံးကြဲသဖြင့် ကလေးငယ် ၁ ဦးအပါအဝင် အရပ်သား (၆) ဦး သေဆုံးခဲ့ပြီး (၇) ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ဒေသခံများထံက သိရသည်။
ယနေ့နေ့လည်ပိုင်းတွင် မြောက်ဦးမြို့၊ ကြက်စျေးရပ်ကွက် ရှစ်သောင်းသွားလမ်းရှိ မြောက်ဦးဟိုတယ်နှင့် နဝရတ်ဟိုတယ်အကြားကို လေယာဥ်ဖြင့် ဗုံးနှစ်လုံးလာကြဲခဲ့ခြင်းဖြစ်သည်။
“၁၂ နာရီကျော်လောက်က လမ်းမှာလာချတာပါ။ အဲဒီချိန် အိန္ဒိယဘီးနဲ့လာတဲ့ လူတွေမှာလည်း (ဗုံးစ)တွေ လာထိတာရှိ တယ်။ ယောကျာ်းကလေးတစ်ယောက်နဲ့ အမျိုးသား ၅ ယောက်သေသွားတယ်” ဟု မြောက်ဦးဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
သေဆုံးခဲ့သူများမှာ အမျိုးသားများဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသူများမှာလည်း စိုးရိမ်ရသည့်အခြေအနေရှသဖြင့် နီးစပ်ရာဆေးရုံကိုပို့ဆောင်ထားရသည်ဟု ၎င်းက ဆက်ပြောသည်။
ပြီးခဲ့သည့် သြဂုတ်လ ၆ ရက်နေ့တွင်လည်း စစ်ကောင်စီက မြောက်ဦးမြို့နယ် အုတ်ဖိုကန်ကျေးရွာအနီးရှိ FDA ရုံးအနီးနားကို Y-12 လေယာဉ်ဖြင့် ဗုံးနှစ်ကြိမ်ကြဲခဲ့သဖြင့် အမျိုးသမီးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ဓာတ်ပုံ – သံလွင်ခက်။