• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • ရခိုင်တွင် စစ်ကျန်မိုင်းနှင့် ပေါက်ကွဲစေတတ်သောပစ္စည်းများကြောင့် တစ်ဦးသေဆုံးကာ နှစ်ဦး ဒဏ်ရာရ
  • မြိတ်-တနင်္သာရီလမ်းပိုင်းတွင် စစ်ကော်မရှင်ယာဉ်တန်း နှစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခံရ
  • စလင်းနှင့် ဆင်ဖြူကျွန်း ပြည်သူများ စစ်ကော်မရှင်တပ်ဖွဲ့နှင့် ဝေးဝေးနေဖို့ တော်လှန်ရေးတပ် သတိပေး
  • ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာဒုက္ခသည်များအတွက် ကုလသမဂ္ဂ၏ စားနပ်ရိက္ခာထောက်ပံ့မှု ထက်ဝက်ခန့်လျှော့ချမည်
  • ကဗျာကောင်းများဖြင့် စစ်ဘေးရှောင်များကို အားဖြည့်ကူညီမည့် ကမ္ဘာ့ကဗျာနေ့ အွန်လိုင်းလှုပ်ရှားမှုလုပ်
  • ထိုင်း-မြန်မာနယ်စပ်တွင် ၅ မိနစ်ကြာ တိုက်ပွဲဖြစ်ပြီး ငွေကျပ်သန်းပေါင်းများစွာ တန်ဖိုးရှိ စိတ်ကြွဆေးပြားများ သိမ်းဆည်းရမိ
  • ဟာသသရုပ်ဆောင် လူရွှင်တော်နေကျော် ကျောက်ကပ်ရောဂါဖြင့် ကွယ်လွန်
  • ဘူမ်ဂျိုင်ထိုင်းပါတီခေါင်းဆောင် အနူတင် ထိုင်းဝန်ကြီးချုပ်သစ်အဖြစ် ပြန်ရွေးချယ်ခံရ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»ဆောင်းပါး»တိုင်းဒေသကြီးတွေရဲ့ဖက်ဒရယ်ယူနစ်တည်ဆောက်ရေးအလားအလာ
ဆောင်းပါး

တိုင်းဒေသကြီးတွေရဲ့ဖက်ဒရယ်ယူနစ်တည်ဆောက်ရေးအလားအလာ

thanlwinkhetBy thanlwinkhetAugust 3, 2024No Comments4 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

ရဲဘော်ဖိုးစိုး

သြဂုတ် ၃၊ ၂၀၂၄

ပြည်ထောင်စုကြီးရဲ့ဖက်ဒရယ်တည်ဆောက်ရေးခရီးရှည်ကြီးမှာ ဗမာမဟုတ်တဲ့တိုင်းရင်းသားတွေဖက်က အမြဲတတ်တတ်ကြွကြွ အားထုတ်ခဲ့ကြတာ အားလုံးသိပြီး ဖြစ်ပါလိမ့်မယ်။

၂၀၂၁ နွေဦးတော်လှန်ရေးမှာတော့ သမိုင်းဝင်အချိုးအကွေ့လို့ပြောရလောက်အောင် ဗမာလူမျိုးစုအများစုနေ ထိုင်ကြတဲ့ တိုင်းဒေသကြီး (အရင်အခေါ်)က ပြည်သူတွေကလည်း ဖက်ဒရယ်ဆိုတဲ့အကြောင်းအရာကို စိတ်အားထက်သန်စွာ ပြောဆိုလာကြ၊ လေ့လာလာကြ၊ ကျင့်သုံးဖော်ဆောင်ဖို့ ကြိုးစားလာကြတာတွေ့ မြင် ရပါတယ်။

ထင်ရှားတဲ့ဖြစ်စဉ်ကိုပြပါဆိုရင် ၂၀၂၃ ခုနှစ် မေလကုန်မှာပြုလုပ်ခဲ့တဲ့ စစ်ကိုင်းဖိုရမ်ကို ကြည့်နိုင်တယ်။

ကြားကာလအတွင်းမှာ စစ်ကိုင်းတိုင်းကို ပြည်နယ် (ဖက်ဒရယ်ယူနစ်) တစ်ခုအဖြစ် ရှုမြင်စုဖွဲ့နိုင်ရေးစတင် ကြိုးပမ်းမှုတစ်ခုလို့ နားလည်မိတယ်။ ပြည်တွင်း၊ ပြည်ပနိုင်ငံရေးအင်အားစုတွေရဲ့ စိတ်ဝင်စားမှုကိုရရှိခဲ့ပြီး ဗမာအများစုနေထိုင်ရာဒေသကြီးတစ်ခုကနေ မိမိကိုယ်ကို ပြည်ထောင်စုကြီးရဲ့အစိတ်အပိုင်းတစ်ခုအဖြစ် ရှု မြင်ကာ စတင်စုရုံးလာမှုအပေါ် ကြိုဆိုထောက်ခံသူတွေလည်း အများအပြားရှိခဲ့ကြတယ်။

ဒါပေမယ့် ၂၀၂၀ ရွေးကောက်ခံ အင်အားစုတွေကတော့ စစ်ကိုင်းဖိုရမ်နိုင်ငံရေးဖြစ်စဉ်မှာ ပူးပေါင်းပါဝင်ခဲ့ ခြင်းမရှိဘဲ သတိထားစောင့်ကြည့်နေကြတဲ့သဘောမျိုး တွေ့ရပါတယ်။

နွေဦးရဲ့လက်နက်ကိုင်တော်လှန်ရေးကို စတင်ခဲ့ရာ တိုင်းတစ်ခုဖြစ်ခဲ့ပြီး ဒီနေ့အချိန်ထိလည်း နိုင်ငံရေး၊ စစ်ရေးတော်လှန်မှုတွေ ခိုင်မာအားကောင်းနေဆဲဖြစ်တဲ့ စစ်ကိုင်းတိုင်းရဲ့နိုင်ငံရေးဖြစ်ထွန်းဆောင်ရွက်မှုတွေ ကို အနီးပတ်ဝန်းကျင်တိုင်းတွေဖြစ်တဲ့ မန္တလေးတိုင်းနဲ့မကွေးတိုင်းတို့က တော်လှန်ရေးအင်အားစုတွေက လည်း အသီးသီးစောင့်ကြည့်လေ့လာခဲ့ကြတာကို သတိထားမိတယ်။

နောက်ပိုင်းမှာတော့ မကွေးတိုင်းဖက်က တော်လှန်ရေးအင်အားစုတွေစုစည်းပြီး မကွေးဒေသတော်လှန်ရေး အင်အားစုများကွန်ရက်ကိုဖွဲ့စည်းခဲ့ကြပြီး မန္တလေးဒေသတော်လှန်ရေးအစုအဖွဲ့တွေမှလည်း ဖြစ်မြောက် ရေးအင်အားစု (မန္တလေး) ကိုဖွဲ့စည်းကာ လတ်တလောမှာ လက်တွေ့ကျတဲ့ နိုင်ငံရေးအရွေ့ကို ဖော်ဆောင် နိုင်ရေးဆောင်ရွက်ခဲ့ကြပါတယ်။

ဧရာဝတီတိုင်းမှာတော့ ဧရာဝတီဖက်ဒရယ်ကောင်စီဆိုတာ (စစ်ကိုင်းဖိုရမ် မကျင်းပခင်ကပင်) ပေါ်ပေါက်ခဲ့ ပြီးနောက်ပိုင်းမှာတော့ ကောင်စီကိုဖျက်သိမ်းကာ ဧရာဝတီဖက်ဒရယ်အင်အားစုအဖြစ် အမည်ပြောင်းလဲခဲ့ တာကို တွေ့ရပါတယ်။

ရွေးကောက်ခံအင်အားစုတွေရဲ့ခြေလှမ်း

အထက်မှာပြောခဲ့တဲ့အတိုင်း တိုင်းဒေသကြီးတချို့မှာ မြေပြင်အင်အားစုတွေ ကိုယ်တိုင်က ဖက်ဒရယ်ယူနစ် တည်ဆောက်ရေးဆိုင်ရာ စုဖွဲ့ပြင်ဆင်မှုတွေ မြိုင်မြိုင်ဆိုင်ဆိုင်ပေါ်ပေါက်လာနေပေမယ့် သက်ဆိုင်ရာ တိုင်း အသီးသီးက ရွေးကောက်ခံအင်အားစုတွေကတော့ NUG ရဲ့ ‘ပသုံးလုံးယန္တရား’ ထဲမှာပဲ နစ်မြုပ်နေတာကို တွေ့ရတယ်။

ပြီးခဲ့တဲ့ ၂၀၂၃၊ နိုဝင်ဘာ ၁၇ ရက်မှာတော့ တိုင်းဒေသကြီးသုံးခုက ၂၀၂၀ အနိုင်ရ တိုင်းလွှတ်တော်တွေကနေ ဥပဒေတွေ တညီတညွတ်တည်း ပြဌာန်းခဲ့ကြတယ်။ စစ်ကိုင်းတိုင်းလွှတ်တော်ကနေ စစ်ကိုင်းဖက်ဒရယ်ယူ နစ်ရဲ့ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေး ကြိုတင်ပြင်ဆင်မှုဆိုင်ရာဥပဒေ၊ မကွေးတိုင်းလွှတ် တော်ကနေ မကွေးဖက်ဒရယ်ယူနစ် ကြားကာလအစီအမံရေးဆွဲရေး ကြိုတင်ပြင်ဆင်မှုဆိုင်ရာဥပဒေ၊ တ နင်္သာရီတိုင်းလွှတ်တော်ကနေ တနင်္သာရီဖက်ဒရယ်ယူနစ်ကြားကာလအစီအမံရေးဆွဲရေး ကြိုတင်ပြင်ဆင်မှု ဆိုင်ရာဥပဒေစတဲ့အမည်တွေနဲ့ ဥပဒေတွေအဖြစ် ပေါ်ထွက်လာတာဖြစ်ပါတယ်။

ယင်းဥပဒေတွေဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ NLD ပါတီအနေဖြင့် တိုင်းလုံးကျွတ်နီးပါးအနိုင်ရရှိခဲ့ရာ တိုင်း ဒေသကြီးတွေမှာ ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးကာလသုံးနှစ်အတွင်း တိုင်းလွှတ်တော်တွေရဲ့ ပထမဦးဆုံး ပြဌာန်းခဲ့တဲ့ဥပဒေတွေလည်း ဖြစ်နေတာကို တွေ့ရပါတယ်။

တဆက်တည်းမှာပဲ အဆိုပါဥပဒေတွေအပေါ် သက်ဆိုင်ရာတိုင်းအသီးသီးရှိမြေပြင်အင်အားစုတွေက စု စည်းကန့်ကွက်ခဲ့ကြတာကို တွေ့ရပြန်တယ်။ မကွေးလွှတ်တော်ရဲ့ဥပဒေကို တော်လှန်ရေးအင်အားစု (၁၁) စု ဖြင့် ဖွဲ့စည်းထားတဲ့ မကွေးဒေသတော်လှန်ရေးအင်အားစုတွေကကန့်ကွက်ခဲ့ပြီး တနင်္သာရီတိုင်းလွှတ်တော်ရဲ့ ဥပဒေကို ကော့သောင်းခရိုင်၊ မြိတ်ခရိုင်နဲ့ ထားဝယ်ခရိုင်နိုင်ငံရေးအင်အားစုတွေက ကြေညာချက်တွေထုတ် ပြန်ကန့်ကွက်ခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်းမှာလည်း တိုင်းလွှတ်တော်ရဲ့ဥပဒေအပေါ် စစ်ကိုင်းဖိုရမ်ဖြစ်မြောက်ရေးအဖွဲ့က ဦးဆောင်ပြီး တိုင်းတွင်း တော်လှန်အင်အားစု (၁၀၇) ဖွဲ့ကနေ စုပေါင်းကန့်ကွက်ခဲ့ကြပြီး စစ်ကိုင်းတိုင်းဒေသ သပိတ်အင် အားစုကလည်း ကြေညာချက်ထုတ်ပြန် ကန့်ကွက်ခဲ့တာကို တွေ့ရပါတယ်။

ဘာကြောင့်ကန့်ကွက်ကြတာလဲ

တိုင်းလွှတ်တော်တွေက ပြဌာန်းလိုက်တဲ့ဥပဒေတွေကို ဆန့်ကျင်ကန့်ကွက်မှုတွေ ဘာကြောင့်ပေါ်ထွက်လာရ တာလဲဆိုတာအနှစ်ချုပ်ကြည့်ရရင် ဒီအချက်တွေကိုတွေ့နိုင်ပါတယ်။

ချာတာနဲ့ ညီ/မညီ – ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အစိတ်အပိုင်း ၁၊ အပိုင်း ၁ အပိုဒ် ၅ မှာ စုပေါင်းခေါင်း ဆောင်မှုဆိုတာကို ပြည်ထောင်စုရဲ့စံတန်ဖိုးတစ်ခုအနေနဲ့ ဖော်ပြထားတယ်။ ယခုဥပဒေကြမ်းကို အတည်ပြု လိုက်တဲ့ကိစ္စဟာ တော်လှန်အစုအဖွဲ့တစ်ခုဖြစ်တဲ့ ရွေးကောက်ခံအစုအဖွဲ့တစ်စုတည်းကပဲ ဆောင်ရွက်ခြင်း ဖြစ်ရာ စုပေါင်းခေါင်းဆောင်မှုဆိုတဲ့သဘောဆောင်ပါရဲ့လား။

နောက်တခါ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အစိတ်အပိုင်း ၂၊ အခန်း ၈ အပိုဒ် ၅၃ မှာ “ပြည်ထောင်စုနှင့် ပြည်နယ်/ ဖက်ဒရယ်ယူနစ်တွေအကြား ဥပဒေပြုရေးအုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးဆိုင်ရာ အရေးကိစ္စ တွေကို အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီတွင် ညှိုနှိုင်းဆောင်ရွက်မည်” လို့ဖော်ပြထားတယ်။ အခုဥပဒေကြမ်းကို အတည်ပြုလိုက်တဲ့ကိစ္စဟာ NUCC မှာ ညှိုနှိုင်းတိုင်ပင်ပါရဲ့လား။

ဆိုတဲ့အချက်တွေကိုထောက်ရှု့ပြီး ဥပဒေကြမ်းကိုအတည်ပြုတဲ့လုပ်ရပ်ဟာ ချာတာနဲ့ ညီ/မညီ ဆိုတာ မေး ခွန်းထုတ်ကြတယ်။

ရှိရင်းစွဲလမ်းကြောင်းများနဲ့ကိုက်ညီမှု ရှိ/မရှိ– ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် ဆွဲခဲ့တဲ့လမ်းကြောင်းကို ပြန် ကြည့်လျှင် FDC ကို NUCC ရှေ့ပြေးအဖွဲ့ကနေဆွဲပြီး ပြည်သူ့ညီလာခံခေါ်ယူအတည်ပြုခဲ့တာတွေ့ရတယ်။ (CRPH မှာအတည်ပြုခဲ့တာမဟုတ်ပါ) ချင်း၊ ကရင်နီတို့ရဲ့ကြားကာလအစီအမံတွေဟာလည်း သက်ဆိုင်ရာ ပြည်နယ်လွှတ်တော်တွေမှာ ရေးဆွဲအတည်ပြုခဲ့ခြင်းမရှိပါ။

တိုင်းတွေကျမှ တိုင်းလွှတ်တော်မှာလာပြီး ရေးဆွဲအတည်ပြုတယ်ဆိုတာက (တော်လှန်ရေးလုပ်တာချင်း တူ တူ) တိုင်းနဲ့ပြည်နယ်တွေက အဆင့်မတူတာလား မေးရမှာဖြစ်တယ်။ ရှိရင်းစွဲလမ်းကြောင်းတွေနဲ့ အလုံးစုံ လိုက်တူနေစရာမလိုဘူးဆိုပေမယ့် ဘာဥပဒေမှမရှိတဲ့ ဒီနေ့လို ကာလမယ်ရှေ့သွားတွေကိုတော့ အလေး ထားပြီး Reference လုပ်ရမှာ မဟုတ်ဘူးလားဆိုပြီး မေးခွန်းထုတ်ကြတယ်။

ကြားဖောက်လုပ်လို့ ရ/မရ – တော်လှန်ရေး ယနေ့အချိန်ထိ (ကြားကာလအတွက်ဖြစ်စေ၊ အသွင်ကူး ပြောင်းရေးကာလအတွက်ဖြစ်စေ) အခြေခံဥပဒေမရေးဆွဲ အတည်မပြုနိုင်သေးပါ။ ပြည်ထောင်စုအဆင့် မှာ ခြေဥမရှိသေးဘဲတိုင်း (ဖက်ဒရယ်ယူနစ်) ခြေဥကိုကြားဖောက်ရေးဆွဲကျင့်သုံးဖို့ပြင်တာက (ဥပဒေရှု ထောင့်အရ) ဆီလျော်မှုရှိရဲ့လား။

ဥပဒေကြမ်းဟာ တိုင်း (ဖက်ဒရယ်ယူနစ်) (ဥပမာ- စစ်ကိုင်းတိုင်းမှာ) တိုင်းခြေဥ ရေးဆွဲကျင့်သုံးဖို့ ပြင်နေ တာဆိုတော့ (Draft ရေးသည့်ပုံစံမဟုတ်ဘဲ) ပြဌာန်းကျင့်သုံးဖို့ဆောင်ရွက်နေခြင်းမှာ ပြည်ထောင်စုအဆင့် ဘယ်ဟာကို Reference လုပ်သလဲဆိုတာ မေးခွန်းထုတ်ကြတယ်။

၂၀၀၈ ဘောင်ထဲကနေ လုပ်လို့ ရ/မရ – ကြားကာအစီအမံ (သို့) ကြားကာလ ခြေဥတစ်ခုကို ၂၀၀၈ ခြေဥ ဘောင်ထဲက ဖြစ်တည်လာတဲ့ အစုအဖွဲ့တစ်ခုကချည်းပဲ ကမ္မကထပြုရေးဆွဲလို့ ရ/မရဆိုတာလည်း မေးရ မှာဖြစ်တယ်။ ဖျက်သိမ်းပြီးသား ၂၀၀၈ ခြေဥဘောင်ထဲကနေ ဖောက်ထွက်ထားတဲ့အခင်းအကျင်း (အားလုံး ပါဝင်တဲ့ ညီလာခံ/ ဖိုရမ်) ကနေ ရေးတာမျိုး (သို့) Constitutional Election လုပ်ပြီး ရေးတာမျိုးပဲမဖြစ် သင့်ဘူးလားဆိုတာလည်း မေးခွန်းထုတ်ကြတာရှိတယ်။

လက်တွေ့ကျင့်သုံးလို့ ရ/မရ – (စစ်ကိုင်းတိုင်းလို ဒေသမျိုးမှာ) ကြားကာလခြေဥကို ရေးဆွဲပြဌာန်းလိုက်ပါ ပြီတဲ့၊ တိုင်းရဲ့လက်တွေ့မြေပြင်မှာက အကြမ်းဖက်စစ်တပ်က လက်ပါးစေ စစ်သားတွေထိန်းချုပ်ထားတဲ့ နေ ရာတွေလည်းအများကြီးပဲ ရှိနေသေးတယ်၊ ဆိုတော့ကာ တော်လှန်ကာလ ခြေဥပြဌာန်းကျင့်သုံးလိုက်တဲ့အ ခါ ပြည်သူတွေမှာ အစိုးရနှစ်ရပ်ရဲ့ ဝန်ထုပ်ကို တပြိုင်နက်ထဲ ထမ်းနေရသလို ဖြစ်မနေဘူးလား။

ကြားကာလအစီအမံလောက်ပဲ Collaboration Role ကနေ ချဉ်းကပ်တာမျိုး မဖြစ်သင့်ဘူးလား။ ဥပဒေ သက်ရောက်မှုကလည်း ဟန်ချက်မညီရင် နောက်အခါမယ် (အခြေအနေအရ) မလိုက်နာသူတွေနဲ့ လိုက်နာရ သူတွေကြားမှာ မညီမျှမှုတွေ ပေါ်ပေါက်မလာနိုင်ဘူးလားဆိုတာလည်း မေးခွန်းထုတ်ကြပါတယ်။

ကာလတွေနဲ့ဟန်ချက် ညီ/မညီ – တော်လှန်ရေးကာလမယ် ကာလသုံးပါး သတ်မှတ်ပိုင်းခြားထားတာရှိပါ တယ်။ ကြားကာလဆိုတာမအလ မပြုတ်ခင်တော်လှန်ရေးကာလကိုခေါ်ဆိုတာ ဖြစ်တယ်။ ကြားကာလခြေ ဥဆိုတော့ တော်လှန်ရေးကာလအတွက်ပဲ အကျုံးဝင်မယ့်သဘောသာ ဖြစ်တယ်။ ဒါပေမယ့် (တိုင်းဒေသ ကြီးတချို့က တချို့နေရာတွေမှာ) အသွင်ကူးပြောင်းရေးကာလကို ရောက်နေပြီ။ အဲ့လိုနေရာတွေအတွက် ကျကြားကာလခြေဥက အကျုံးမဝင်ဘူးလား၊ ဒါဆိုလျှင်ဘာနဲ့ ကျင့်သုံးမလဲဆိုတဲ့အပိုင်းကိုလည်း မေးခွန်း ထုတ်ကြတယ်။

ဥကြမ်းကို အခြားတော်လှန်အင်အားစုတွေ ဘယ်လောက်သိရှိ၊ ဆွေးနွေးခွင့် ရလိုက်သလဲ- မြေပြင်တော် လှန်အင်အားစုတွေကြားမှာ ကြားနေရတာက ဥကြမ်းကို တချို့တော့သိလိုက်တယ်၊ တချို့တော့မသိလိုက်ရ။

ဒါပေမယ့် သိလိုက်တဲ့အင်အားစုတွေကို မေးကြည့်ရသလောက်တော့ ဥကြမ်းအပေါ်မှာ သဘောထားမှတ် ချက်ပေးဆွေးနွေးခွင့်မရလိုက်ပါဆိုတဲ့အဖြေကိုပဲ ကြားသိရတယ်။ ဥကြမ်းက public hearing ဘယ် လောက်လုပ်ခဲ့သလဲ၊ မြေပြင်က လနကိုင်အင်အားစုတွေအပါအဝင် အများစုက သူတို့သိတောင်မသိလိုက်ရ တဲ့ဥပဒေဆိုတာကြီးကို ပြဌာန်းလိုက်တော့ရော လိုက်နာမှာတဲ့လား ဆိုတာလည်း မေးခွန်းထုတ်နေကြတယ်။

ကော်မရှင်ဖွဲ့စည်းရေးနဲ့ ဥပဒေအတည်ပြုရေးလုပ်ငန်းစဉ် – တကယ်လို့ အထက်ဆိုခဲ့ပါအချက်တွေကို နား လည်လက်ခံပေးပြီးခဲ့ရင်တောင် တိုင်းလွှတ်တော်တွေရဲ့ကြားကာလဆိုင်ရာဥပဒေများအရ တိုင်းခြေဥ/ အစီ အမံကို ကော်မရှင်ဖွဲ့စည်းပြီးရေးဆွဲမှာဖြစ်ရာ ယင်းကော်မရှင်ဖွဲ့စည်းရာတွင်လည်း ရွေးကောက်ခံတွေက အ သာစီးရယူထားရှိတာ၊ ပါဝင်မှုအချိုးအစားမညီမျှတာနဲ့ အားလုံးစုံလင်စွာပါဝင်နိုင်ခြင်းမရှိတာတွေက လက် ခံနိုင်စရာမရှိဘူးလို့လည်း ဆိုသူက ဆိုကြပါတယ်။

ဒါ့အပြင် ကော်မရှင်ကရေးဆွဲပြီး ထွက်ပေါ်လာတဲ့ ခြေဥ/အစီအမံကို အတည်ပြုတဲ့ ကိစ္စရပ်မှာလည်း ရွေး ကောက်ခံတွေက အသာစီးရယူထားတာတွေရှိနေတယ်လို့ စစ်ကိုင်းဒေသခံအင်အားစုတွေက ထောက်ပြ ပြောဆိုတာတွေလည်း ရှိနေပါသေးတယ်။

တိုင်းလွှတ်တော်သုံးခုက ကမ္မကတ္ထပြုပြီးဆောင်ရွက်မဲ့ တိုင်းခြေဥ/အစီအမံရေးဆွဲရေး လမ်းကြောင်းက တော့ မြေပြင်အင်အားစုတွေ အုံလိုက်ကျင်းလိုက်ကန့်ကွက်နေတဲ့ကြားက လုပ်ငန်းစဉ်တွေကို (မသိကျိုး ကျွံပြုပြီး) ဆက်လက်လုပ်ဆောင်နေပါတယ်။

မကွေးတိုင်းမှာတော့ တိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီက မြေပြင်အင်အားစုတွေနဲ့ ဆွေးနွေးညှိနှိုင်းပြီး ဥပဒေပြင်ဆင်ချက်တွေထုတ်ပြန်ပြီး ပြေလည်မှုတစ်စုံတစ်ရာရရှိကြပြီလို့ ကြားသိရပေမယ့် အခြားတိုင်း တွေမှာတော့ ရွေးကောက်ခံအင်အားစုတွေနဲ့ မြေပြင်အဖွဲ့တွေ အဆင်ပြေသံမကြားမိသေးပေ။

ဒီအခြေအနေမှာ တိုင်းခြေဥ/အစီအမံရေးဆွဲရေးကိစ္စရပ်မှာမပါဝင်သေးတဲ့ မန္တလေးတိုင်းကတော့ တိုင်း လွှတ်တော်ကိုယ်စားပြုကော်မတီနဲ့ မန္တလေးဒေသတော်လှန်ရေးအင်အားစုတွေရဲ့ ပူးတွဲထုတ်ပြန်ကြေညာ ချက်တစ်စောင်ဟာ ၂၀၂၄ ခုနှစ် ဇူလိုင်လ (၁၂) ရက် ရက်စွဲဖြင့် ထွက်ပေါ်လာခဲ့ပါတယ်။

မန္တလေးမှာ ရွေးကောက်ခံအင်အားစုတွေနဲ့ အခြားအင်အားစုတွေ အခုလိုပူးပေါင်းဆောင်ရွက်နိုင်မယ့် အခင်း အကျင်းဖြစ်ပေါ်လာဖို့ တစ်နှစ်ကာလအတွင်း စုံညီအစည်းအဝေး (၂၃) ကြိမ်၊ ခရိုင်အလိုက်အစည်း အဝေး (၁၀) ကြိမ်နဲ့မြေပြင်တွေ့ဆုံမှုတွေလည်းပြုလုပ်ခဲ့ပြီး အကျေအလည်ညှိနှိုင်းခဲ့ကြရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတယ်။            

မန္တလေးဒေသအတွက်ကြားကာလနိုင်ငံရေးအစီအမံဖော်ထုတ်ရေးလုပ်ငန်းစဉ်တွေဟာ လက်ရှိမပြီးဆုံးသေး တဲ့ ပြည်သူ့တော်လှန်ရေးအပေါ် အဆက်အစပ်နဲ့အထောက်အပံ့ဖြစ်စေရေး၊ ဖက်ဒရယ်အရွေ့အသွင်ဆောင် နိုင်ရေး၊ ပါဝင်သင့်ပါဝင်ထိုက်သည့်တော်လှန်ရေးအင်အားစုတွေ အားလုံးပါဝင်နိုင်ရေးနဲ့ ပွင့်လင်းမြင်သာ တာရှိရေးတို့ လိုအပ်တယ်လို့လည်း အဆိုပါ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

ဝေဖန်မှုတွေ

တိုင်းဒေသကြီးတွေရဲ့ဖက်ဒရယ်ယူနစ်တည်ဆောက်ရေးဖြစ်စဉ်တွေဟာ ဦးဆောင်ကြိုးပမ်းသူတွေက ကြား ကာလအတွက်သာဖြစ်တယ်လို့ ဘယ်လိုပဲအကြိမ်ကြိမ်ပြောနေပါစေ ဒါဟာ ဗိုလ်နေဝင်းအစီစဉ်ချခဲ့တဲ့ (၁၄) ပြည်နယ်မူကို အသက်ဆက်နေတာဖြစ်ကြောင်း ဝေဖန်သူတွေလည်း ရှိပါတယ်။

တချို့သူတွေကလည်း ပြည်ထောင်စုတွင် အရေးတကြီးလိုအပ်နေတဲ့ လူမျိုးရေးတန်းတူမှုရှိစေရန် ဗမာပြည် နယ်ဖွဲ့စည်းရေးကိစ္စဟာ မဖြစ်မနေ ဆောင်ရွက်ရမှာကို ချွေးသိပ်ချင်လို့ ဗမာအများစုအခြေပြုတဲ့ ဖက်ဒရယ် ယူနစ်များပေါ်ထွန်းရေးကို ဆောင်ရွက်နေကြတာဖြစ်တယ်လို့ စောဒကတက်ကြတာတွေလည်းရှိတယ်။

ဒါပေမယ့် သက်ဆိုင်ရာဒေသအသီးသီးက de jure power ရှိတဲ့ ရွေးကောက်ခံအင်အားစုတွေ၊ de facto power ရှိတဲ့ မြေပြင်တော်လှန်ရေးအင်အားစုတွေနဲ့ ဒေသခံဌာနေတိုင်းရင်းသားတွေ စုရုံးပြီး ဖက်ဒရယ်ယူ နစ်တွေကို မျှော်ရည်စုစည်းကြခြင်းဟာ ဖြစ်ထိုက်တယ်လို့ နားလည်ကြသူတွေလည်း ရှိပါတယ်။

လက်တွေ့မြေပြင်မှာတော့ တိုင်းဒေသကြီးတွေက တော်လှန်အင်အားစုတွေဟာ တစ်တိုင်းရဲ့အားနည်းချက် ကို အခြားတိုင်းများမှ စောင့်ကြည့်လေ့လာရင်း အပြိုင်သင်ယူမှုနည်းနာ (comparative learning) နဲ့ ဆက် လက်ချီတက်နေကြတာကို တွေ့နိုင်ပါတယ်။ ဦးဆောင်သူတွေရဲ့သဘောထားတွေကို ဆဝါးကြည့်ရသ လောက်လာမယ့်အသွင်ကူးပြောင်းရေးကာလနဲ့ အမြဲတမ်းကာလတွေမှာ အသေဆုပ်ကိုင်ပြီး အရမ်းကြီး တင်းတင်းမာမာ ရှိနေကြမယ့်သဘောမျိုးမရှိဟု ခန့်မှန်းရပါတယ်။

ဒီလိုနဲ့ တိုင်းဒေသကြီးများရဲ့ဖက်ဒရယ်ယူနစ်ဖြစ်ထွန်း တည်ဆောက်ရေးအလားအလာကတော့ သဘော ထားစုစည်းမှုတွေ၊ ငြင်းခုန်မှုတွေ၊ ပူးပေါင်းအဖြေရှာမှုတွေနဲ့ တရွေ့ရွေ့ချီတက်နေဆဲလို့ မြင်မိပါကြောင်း။  

ဖော်ပြပါ သုံးသပ်ချက်သည် စာရေးသူ၏အာဘော်သာဖြစ်သည်။

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleအရပ်အမောင်းသာတဲ့ အာဂျင်တီးနားသူနဲ့ ထိုးသတ်ဖို့ ဘရော်နီကာ ဆေးစစ်ဝိတ်ချိန်ပြီး
Next Article လားရှိုးထောင်မှ အကျဉ်းချခံ တအာင်းအမျိုးသားများကို TNLA ထံ MNDAA လွှဲပြောင်း
thanlwinkhet
  • Website

Related Posts

ခရစ္စမတ်နှင့် ဝေးကွာနေဆဲ လေးကေ့ကော်စစ်ရှောင်များ

December 26, 2025

သောင်ရင်းမြစ်တစ်ဖက်ကမ်းက တည်ဆောက်နေဆဲ တရုတ်စီမံကိန်းများ (ဆောင်းပါး)

December 26, 2025

ပျက်စီးသွားသော ငြိမ်းချမ်းရေးသင်္ကေတနှင့် အိမ်ပြန်ချိန်ဝေးနေဆဲ လေးကေ့ကော် (၄) နှစ်တာ

December 17, 2025

Leave A Reply Cancel Reply

Recent Posts

  • ရခိုင်တွင် စစ်ကျန်မိုင်းနှင့် ပေါက်ကွဲစေတတ်သောပစ္စည်းများကြောင့် တစ်ဦးသေဆုံးကာ နှစ်ဦး ဒဏ်ရာရ
  • မြိတ်-တနင်္သာရီလမ်းပိုင်းတွင် စစ်ကော်မရှင်ယာဉ်တန်း နှစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခံရ
  • စလင်းနှင့် ဆင်ဖြူကျွန်း ပြည်သူများ စစ်ကော်မရှင်တပ်ဖွဲ့နှင့် ဝေးဝေးနေဖို့ တော်လှန်ရေးတပ် သတိပေး
  • ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာဒုက္ခသည်များအတွက် ကုလသမဂ္ဂ၏ စားနပ်ရိက္ခာထောက်ပံ့မှု ထက်ဝက်ခန့်လျှော့ချမည်
  • ကဗျာကောင်းများဖြင့် စစ်ဘေးရှောင်များကို အားဖြည့်ကူညီမည့် ကမ္ဘာ့ကဗျာနေ့ အွန်လိုင်းလှုပ်ရှားမှုလုပ်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

ရခိုင်တွင် စစ်ကျန်မိုင်းနှင့် ပေါက်ကွဲစေတတ်သောပစ္စည်းများကြောင့် တစ်ဦးသေဆုံးကာ နှစ်ဦး ဒဏ်ရာရ

မြိတ်-တနင်္သာရီလမ်းပိုင်းတွင် စစ်ကော်မရှင်ယာဉ်တန်း နှစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခံရ

စလင်းနှင့် ဆင်ဖြူကျွန်း ပြည်သူများ စစ်ကော်မရှင်တပ်ဖွဲ့နှင့် ဝေးဝေးနေဖို့ တော်လှန်ရေးတပ် သတိပေး

ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာဒုက္ခသည်များအတွက် ကုလသမဂ္ဂ၏ စားနပ်ရိက္ခာထောက်ပံ့မှု ထက်ဝက်ခန့်လျှော့ချမည်

ယခင်သတင်းများ

  • March 2026
  • February 2026
  • December 2025
  • November 2025
  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်နီသတင်း
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ထုတ်ပြန်ချက်
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နိုင်ငံရေးသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပညာရေးသတင်း
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • ရွေးကောက်ပွဲသတင်း
  • ရှမ်းမြောက်
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

ရခိုင်တွင် စစ်ကျန်မိုင်းနှင့် ပေါက်ကွဲစေတတ်သောပစ္စည်းများကြောင့် တစ်ဦးသေဆုံးကာ နှစ်ဦး ဒဏ်ရာရ

March 21, 2026

မြိတ်-တနင်္သာရီလမ်းပိုင်းတွင် စစ်ကော်မရှင်ယာဉ်တန်း နှစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခံရ

March 21, 2026

စလင်းနှင့် ဆင်ဖြူကျွန်း ပြည်သူများ စစ်ကော်မရှင်တပ်ဖွဲ့နှင့် ဝေးဝေးနေဖို့ တော်လှန်ရေးတပ် သတိပေး

March 21, 2026

ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာဒုက္ခသည်များအတွက် ကုလသမဂ္ဂ၏ စားနပ်ရိက္ခာထောက်ပံ့မှု ထက်ဝက်ခန့်လျှော့ချမည်

March 21, 2026

ကဗျာကောင်းများဖြင့် စစ်ဘေးရှောင်များကို အားဖြည့်ကူညီမည့် ကမ္ဘာ့ကဗျာနေ့ အွန်လိုင်းလှုပ်ရှားမှုလုပ်

March 20, 2026

ထိုင်း-မြန်မာနယ်စပ်တွင် ၅ မိနစ်ကြာ တိုက်ပွဲဖြစ်ပြီး ငွေကျပ်သန်းပေါင်းများစွာ တန်ဖိုးရှိ စိတ်ကြွဆေးပြားများ သိမ်းဆည်းရမိ

March 20, 2026
Copyright © 2026. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.