• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်
  • ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး
  • စစ်တွေတွင် ရွေးကောက်ပွဲကျင်းပပြီးနောက် လက်နက်ကြီးသံများ ဆက်တိုက်ထွက်ပေါ်
  • ဘက်စုံပိတ်ဆို့မှုကြောင့် စစ်တွေလက်လုပ်လက်စားများ အငတ်ဘေး ရင်ဆိုင်နေရ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»ဆောင်းပါး»တရုတ်ဖိအားအောက်က ၁၀၂၇ စစ်ဆင်ရေး ခရီးကြမ်း
ဆောင်းပါး

တရုတ်ဖိအားအောက်က ၁၀၂၇ စစ်ဆင်ရေး ခရီးကြမ်း

thanlwinkhetBy thanlwinkhetJuly 27, 2024No Comments3 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

ကောင်းချစ်အောင်

ဇူလိုင် ၂၇၊ ၂၀၂၄

အာဏာသိမ်းမှုအစောပိုင်းကာလတွေမှာ ပေါ်ထွက်ခဲ့တဲ့ “တပ်ပျက်နေပြီ” ဆိုတဲ့ ကြွေးကြော်သံတွေဟာ ၂၀၂၃ နှစ်ကုန် ပိုင်းအရောက်မှာ ပိုမိုပီပြင်လာပါတယ်။ မဟာဗျူဟာကျကျစုဖွဲ့တိုက်ခိုက်မှုဟာ ခေတ်မှီစစ်တပ် တစ်ရပ်လို့ နိုင်ငံတ ကာအသိုင်းအဝိုင်းကသတ်မှတ်ခဲ့ကြတဲ့ မြန်မာစစ်တပ်ဟာ  ဖရိုဖရဲ ရှုံးနိမ့်စေနိုင်တယ်ဆိုတာကို နိုင်ငံ့အရှေ့မြောက်ဖျား ပိုင်းက ပေါ်ထွက်လာတဲ့ ၁၀၂၇စစ်ဆင်ရေးက သက်သေပြခဲ့ပြီးဖြစ်ပါတယ်။

၁၀၂၇ စစ်ဆင်ရေးရဲ့ ပထမလှိုင်းကို ပြီးခဲ့တဲ့ ၂၀၂၃အောက်တိုဘာ ၂၇ ရက်ကနေ အခုနှစ် ဇန်နဝါရီ ၁၀ ရက်အထိသတ်မှတ်နိုင်ပြီး ဒုတိယလှိုင်းကတော့ ဇွန်လ ၂၅ ရက်ကနေလက်ရှိ အချိန်အထိ ဖြစ်ပါတယ်။

စစ်ဆင်ရေးရဲ့ တိုက်ပွဲတွေကြောင့် တရုတ်–မြန်မာကုန်သွယ်ရေးတစ်ခုလုံးနီးပါး ရပ်တန့်ခဲ့ရတဲ့အတွက် တရုတ်အစိုးရ ဘက်ကနေစစ်ဆင်ရေး ပထမလှိုင်းကို ရပ်တန့်ဖို့ ဖိအားပေးညှိနှိုင်းပေးခဲ့ပါတယ်။

တကျော့ပြန် ဒုတိယလှိုင်းမှာလည်း တရုတ်အစိုးရရဲ့ဖိအားဟာ စစ်ကောင်စီနဲ့ ညီနောင်သုံးဖွဲ့ နှစ်ဘက်စလုံးအပေါ် သက် ရောက်နေပြန်ပြီး တိုက်ပွဲတွေရပ်တန့်ဖို့ ဖိအားပေးတယ်ဆိုတဲ့ အသံတွေလည်း ကျယ်ကျယ်လောင်လောင် ပေါ်ထွက်ခဲ့ ပါတယ်။

ဒီဖိအားတွေအောက်ကပဲ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းကတော့ မြို့၃မြို့အထိ သိမ်းပိုက်ထားနိုင်နေပြီ ဖြစ်ပါတယ်။

၁၀၂၇ ကနေ တရုတ်ဘယ်လောက်အထိနာသလဲ

****************

၁၀၂၇ စစ်ဆင်ရေးရဲ့ပထမလှိုင်းဟာ ညီနောင်သုံးဖွဲ့အတွက် စခန်း၃၀၀ ကျော်၊ မြို့ပေါင်း ၁၇ မြို့အထိရရှိခဲ့ပြီး ဒေသ တွင်းအုပ်ချုပ်ရေးကို တည်ဆောက်နိုင်ခဲ့တဲ့အထိ အောင်မြင်မှုရရှိခဲ့တာပါ။

တရုတ်အထူးကိုယ်စားလှယ် မစ္စတာတိန့်ရွှီကျင်းရဲ့ ကြားဝင်စေ့စပ်ပေးမှုကနေ ပေါ်ပေါက်လာတဲ့ တရုတ်မြေပေါ်က ကူ မင်းဆွေးနွေးပွဲတွေဟာ စစ်ဆင်ရေးကာလတလျှောက် စစ်ကောင်စီအတွက် သက်သာရာရစေခဲ့ပေမယ့် လောက်ကိုင် မြို့ကျအပြီးစတုတ္ထအကြိမ် ဆွေးနွေးပွဲမှာမှ နှစ်ဘက်အပစ်ရပ် သဘောတူညီချက်ရရှိခဲ့တာဖြစ်ပါတယ်။

ဟိုင်ဂင်လို့အမည်ရတဲ့ ဟိုတယ်တစ်ခုမှာ လက်မှတ်ရေးထိုးခဲ့ကြတဲ့ သဘောတူညီချက်မှာ တရုတ်အကျိုးစီးပွားတွေကို ကာကွယ်ဖို့အဓိကကတိကဝတ်ပေးခဲ့ကြပြီး ကုန်သွယ်ရေးမှာ ညီနောင်သုံးဖွဲ့က ၇၀ ရာခိုင်နှုန်း၊ စစ်ကောင်စီက ၃၀ ရာ ခိုင်းနှုန်း သဘောတူညီခဲ့ကြတယ်လို့ ဆိုကြပါတယ်။

အဲဒီသဘောတူညီချက်ကို နှစ်ဘက်ခေါင်းဆောင်တွေကအတိအလင်းထုတ်ဖော်ခဲ့တာမျိုးမတွေ့ရတဲ့အပြင် တရုတ်– မြန်မာကုန်သွယ်ရေးလမ်းကြောင်းဟာလည်း တွက်ဆထားသလိုပြန်လည် လည်ပတ်နိုင်ခြင်းမရှိခဲ့ပါဘူး။

တရုတ်– မြန်မာနယ်စပ် မူဆယ်၊ ချင်းရွှေဟော် ဂိတ်နှစ်နေရာကနေကုန်သွယ်မှုတန်ဖိုးဟာ တစ်ရက်ကို အမေရိကန် ဒေါ် လာ ဆယ်သန်းကျော်ရှိတာကြောင့် ကိုးလနီးပါးအကြာမှာ ကုန်သွယ်မှုတန်ဖိုးအမေရိကန်ဒေါ်လာ ဘီလျံနဲ့ချီ ဆုံးရှုံးမှုရှိ တယ်လို့ ဆိုနိုင်ပါတယ်။

စစ်ပွဲမဖြစ်ခင် မနှစ်က အောက်တိုဘာလ ၁၄ ရက်ကနေ ၂၄ ရက်နေ့အထိ ၁၀ ရက်အတွက် ချင်းရွှေဟော်နယ်စပ်ဂိတ် ကနေ အမေရိကန်ဒေါ်လာ ၆ ဒဿမ ၈၃၇ သန်းဖိုး တရုတ်ဘက်ကို တင်ပို့ခဲ့ပြီး၊တရုတ်ဘက်ကနေ မြန်မာကိုတင်သွင်း တဲ့ ကုန်သွယ်မှုတန်ဖိုးကအမေရိကန် ဒေါ်လာ ၂၃ ဒဿမ ၁၁၁ သန်းရှိခဲ့တယ်လို့ စစ်ကောင်စီရဲ့ စီးပွားကူးသန်းဌာနရဲ့ အောက်တိုဘာလ ၂၇ ရက်စာရင်းမှာ ဖော်ပြထားပါတယ်။

အဲဒါကြောင့် ကုန်သွယ်မှုရပ်ဆိုင်းရာမှာ တရုတ်ဘက်ကပိုဆုံးရှုံးခဲ့ပြီး ကချင်ပြည်နယ်က နယ်စပ်မြို့၊ လွယ်ဂျယ်ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ထပ်သိမ်းပိုက်ခဲ့ပါတယ်။

ကုန်သွယ်ရေးမှသည် ဓာတ်ငွေ့ပိုက်လိုင်းဆီသို့

**************************

၁၀၂၇ စစ်ဆင်ရေးရဲ့ပထမလှိုင်းကြောင့် မန္တလေးကနေ မူဆယ်မြို့အထိ ရှည်လျားတဲ့ အမှတ် ၃ ပြည်ထောင်စုလမ်းမ ကြီးတလျှောက် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတစ်ခုလုံးဟာ ပြတ်တောက်သွားခဲ့ရပြီဖြစ်ပါတယ်။

ဒုတိယအကြိမ် စစ်ဆင်ရေးဖြစ်ပွားရာနေရာတွေကတော့ တရုတ်ရဲ့ ဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းရာဒေသတွေ ဖြစ်လာ ပါတယ်။ဓာတ်ငွေ့ပိုက်လိုင်းဟာ ယူနန်ပြည်နယ်၊ ကူမင်းမြို့ကနေရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့အထိ ၇၉၃ ကီလိုမီ တာ ရှည်လျားပါတယ်။

ပိုက်လိုင်းဖြတ်သန်းသွားတဲ့ နောင်ချို၊ ကျောက်မဲမြို့နယ်တွေဟာစစ်မီးအတောက်လောင်ဆုံးနေရာတွေဖြစ်နေပြီး စစ် ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့်အရပ်သား ၄၆ ဦးသေဆုံးပြီး ၃၅ ဦးဒဏ်ရာ ရကာအဆောက်အဦး ၁၅၀ ကျော်ပျက်စီးခဲ့တယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ထုတ်ပြန်ထားပါတယ်။

ပိုက်လိုင်းကနေ ၈၀ မီတာသာကွာ၀ေးတဲ့ နောင်ချိုမြို့နယ် ချိုခမ်းဘုန်းကြီးကျောင်း၀င်းအတွင်း လက်နက်ကြီးကျည် တစ်လုံးကျရောက်ခဲ့တဲ့အတွက် တရုတ်အစိုးရအတွက်တော့ စိုးရိမ်စရာအခြေအနေတစ်ခု ဖြစ်လာပါတယ်။

စစ်ကောင်စီဖျက်ဆီးခဲ့တဲ့ တရုတ်အကျိုးစီးပွား

******************

မန္တလေးတိုင်း၊ မတ္တရာမြို့ အရှေ့တောင်ဘက် အယ်လ်ဖာဘိလပ်မြေစက်ရုံမှာရှိတဲ့ စစ်ကောင်စီစခန်းကို သိမ်းပိုက်ရရှိခဲ့တယ်လို့ မန်း-PDF ဇူလိုင်လ ၁၆ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

စစ်ကောင်စီတပ်သားတွေ စက်ရုံဝင်းကနေဆုတ်ခွာချိန်မှာအဆောက်အအုံတစ်ခုကို မီးရှို့သွားတဲ့မှတ်တမ်းဓာတ်ပုံတစ် ပုံလည်း ပါဝင်ခဲ့ပါတယ်။

ဘိလပ်မြေစက်ရုံစီမံကိန်းကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက် ၂၀၁၇ ခုနှစ် အောက်တိုဘာလ ၃ ရက် မှာတရုတ်ကုမ္ပဏီ Anhui Conch Cement ကုမ္မဏီနဲ့  မြန်မာပိုင် မြင့်ရင်းနှီးမြှုပ်နှံရေးကုမ္မဏီလီမီတက်တို့ကို စပ်တူ အကျိုးစီးပွားအနေနဲ့ ခွင့်ပြုပေးခဲ့တာဖြစ်ပါတယ်။

စီမံကိန်းအတွက် ကနဦး မတည်ရင်းနှီးငွေဟာ အမေရိကန်ဒေါ်လာ၂၄.၇၅ သန်းဖြစ်ပြီး၊ စီမံကိန်းတစ်ခုလုံးရဲ့ ရင်းနှီးမြှုပ် နှံမှုမှာဒေါ်လာ ၂၁၉ သန်းရှိတယ်လို့  မြန်မာနောင်းသတင်းဌာနကထုတ်ဖော်ရေးသားထားပါတယ်။

တရုတ်ကုမ္ပဏီဘက်က ဒေါ်လာ ငွေသား ၂၄.၇၅ သန်းထည့်ဝင်ပြီး၊ကုမ္ပဏီနှစ်ခုက ဖက်စပ်ထည့်ဝင်တဲ့ ဘိလပ်မြေစက် ရုံအတွက်စက်ပစ္စည်းဝယ်ယူတင်သွင်းမှုတန်ဖိုးမှာ ဒေါ်လာ ၁၇၄ သန်း ရှိတယ်လို့လည်း ဆိုပါတယ်။

တရုတ်နိုင်ငံသားပိုင်လုပ်ငန်းတစ်ခုကို စစ်ကောင်စီက ပထမဆုံးဖျက်ဆီးခဲ့တဲ့ လုပ်ရပ်ဖြစ်လာခဲ့ပေမယ့် တရုတ်ဘက်က စစ်ကောင်စီအပေါ် ထုတ်ပြန်ချက်တစုံတရာ ကြေညာထားတာမျိုးမရှိသေးပါဘူး။

ဒါပေမယ့်  တရုတ်နိုင်ငံအနေနဲ့ မြန်မာပြည်မြောက်ပိုင်းက တိုက်ပွဲတွေအခြေနေကို အနီးကပ်စောင့်ကြည့်နေပြီး  အပစ် အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်း ရေးဆွေးနွေးပွဲတွေကို ထိန်းသိမ်းဖို့ တွန်းအားပေးမယ်လို့  တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ မိုနင်းက အခုရက်ပိုင်းမှာ ရိုက်တာသတင်းဌာနကို ပြောထားပါတယ်။

အမှန်တကယ် တရုတ်က အပစ်ရပ်စေချင်သလား

**************

၁၀၂၇ စစ်ဆင်ရေးကို တရုတ်ကျူးကျော်စစ်လို့ ကြွေးကြော်ခဲ့ဖူးတဲ့ စစ်ကောင်စီဘက်ကလည်း ခုတစ်ကြိမ်မှာတော့ တ ရုတ်နဲ့နီးကပ်တဲ့ဆက်ဆံရေးကိုပဲ ချဉ်းကပ်လာတာ တွေ့ရပါတယ်။

သမ္မတဟောင်းဦးသိန်းစိန်၊ ဒုစစ်ခေါင်းဆောင်စိုးဝင်းတို့ရဲ့ တရုတ်ပြည်ခရီးစဉ်တွေဟာ နိုင်ငံတော်အဆင့်အဆောင် အယောင်နဲ့သွားရောက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်ကတော့ တရုတ်မြန်မာချစ်ကြည်ရေးခရီးစဉ်တွေလို့ အကြောင်း ပြထားပါတယ်။

စစ်ကောင်စီရဲ့ အရေးပေါ်သက်တမ်းကာလဟာ အခုလကုန်ဆိုရင်ကုန်ဆုံးမှာဖြစ်ပြီး ကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီအစည်းအဝေးကျင်းပမယ့် အချိန်နဲ့ နီးကပ်နေချိန်လည်း ဖြစ်ပါတယ်။

ဒီအချိန်မှာ ယာယီသမ္မတအဖြစ် တာဝန်ယူထားတဲ့ ဦးမြင့်ဆွေဟာကျန်းမာရေးမကောင်းတဲ့အတွက် ပြီးခဲ့တဲ့ရက်ပိုင်းက အနားယူသွားခဲ့ပြီး သူ့နေရာမှာ အာဏာသိမ်းစစ်ခေါင်းဆောင်က ယာယီတာဝန်ယူသွားမယ်လို့ စစ်ကောင်စီက ဇူလိုင် ၂၂ ရက်မှာ ကြေညာခဲ့ပါတယ်။

ညီနောင်သုံးဖွဲ့ခေါင်းဆောင်တွေကတော့ ၁၀၂၇ စစ်ဆင်ရေးပထမလှိုင်းဟာ တရုတ်ဖိအားကြောင့် ထင်သလောက်ခရီးမ ရောက်ခဲ့ဘူးလို့ BNI နဲ့ သီးသန့်အင်တာဗျူးမှာ ဖြေကြားခဲ့ပါတယ်။

သိမ်းပိုက်ဖို့ရည်ရွယ်ထားတဲ့ လက်ကျန်နေရာတွေကို ဒုတိယလှိုင်းမှာ ဆက်လက်ထိုးစစ်ဆင်နေတာတွေ့ရပြီး ခုတစ် ကြိမ်မှာလည်းတရုတ်က အပစ်ရပ်ဖို့ ဖိအားပေးမှုတွေ ဆက်တိုက်ရှိခဲ့ပါတယ်။

တရုတ်အစိုးရရဲ့စိုးရိမ်ချက်ကြောင့် ကိုးကန့်တပ်ဖွဲ့-MNDAA က ဇူလိုင် ၁၄ မှ ၁၈ ရက်အထိ ၄ ရက်ကြာ အပစ်ရပ်မယ် လို့ ကြေညာခဲ့ပြီး တရုတ်ကွန်မြူနစ်ပါတီ မျက်နှာစုံညီအစည်းအဝေးကြောင့်လို့‌ ခေါင်းစဉ်တပ်ခဲ့ပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ ဇူလိုင်လကုန်အထိ စစ်ဆင်ရေးတွေရပ်တန့်ထားမယ်လို့ ထပ်မံကြေညာခဲ့ပေမယ့် တစ်ဖက်မှာ လည်းလားရှိုးမြို့မှာ စစ်ဆင်ရေးတွေ တိုးမြှင့်လုပ်ဆောင်နေတာ တွေ့ရပါတယ်။

တအာင်းတပ်ရဲ့ အတွင်းရေးမှူးဖြစ်သူ ဗိုလ်ချုပ်တားဘုန်းကျော်ကတော့ အပစ်ရပ်မှာကို ဘဝင်မကျကြောင်း ပြတ်သား တဲ့သဘောထားကို သူ့ရဲ့လူမှုကွန်ရက်မှာ တင်ထားခဲ့ပါတယ်။

စစ်ဗိုလ်ချုပ်ဟောင်းလည်းဖြစ် သမ္မတဟောင်းလည်းဖြစ်တဲ့ ဦးသိန်းစိန်ရဲ့တရုတ်ခရီးစဉ်၊ သမ္မတဖြစ်ဖို့ ရေပန်းစားလာ မှုနဲ့ ကိုးကန့်တပ်ဖွဲ့ရဲ့ အပစ်ရပ်ကြေညာချက်တွေဟာ တရုတ်အစိုးရဘက်ကနေ ဝင်ရောက်စွက်ဖက်နေတယ်ဆိုတာ မြင် သာလှပါတယ်။

ရက်ပေါင်း ၃၀ မြို့၃မြို့

*************

တရုတ်အစိုးရဲ့ဖိအားတွေကြားမှာ ၁၀၂၇ စစ်ဆင်ရေးဒုတိယလှိုင်းဟာ ဇူလိုင်လ ၂၅ ရက်မှာဆိုရင် တစ်လပြည့်မြောက်ခဲ့ ပြီဖြစ်ပါတယ်။

ရှမ်းတောင်တန်းတွေကို ကျော်လွန်ကာ မန္တလေးတိုင်းထဲအထိထိုးစစ်မြှားဦးဝင်ရောက်လာခဲ့တဲ့ စစ်ဆင်ရေးဟာ လက် ရှိမှာအောင်မြင်မှုတွေ ရရှိနေပြီ ဖြစ်ပါတယ်။

မန္တလေးမြို့နဲ့ မိုင် ၅၀ အကွာမှာရှိတဲ့ စဉ့်ကူးမြို့ကို မန်း-PDFနဲ့ပူးပေါင်းတပ်တွေက ထိန်းချုပ်ထားသလို မတ္တရာ၊ သ ပိတ်ကျင်းမြို့နယ်တွေက စစ်ကောင်စီစခန်းတွေကို ဆက်လက်ထိုးစစ်ဆင်နေပါတယ်။

TNLA ကလည်း အမှတ် ၃ ပြည်ထောင်စုလမ်းမကြီးပေါ်မှာရှိတဲ့နောင်ချိုမြို့ကို ထိန်းချုပ်ထားနိုင်နေပြီး လားရှိုးနဲ့ မန္တလေးအကြားလမ်းပိုင်းကို ဖြတ်တောက်ထားနိုင်နေပါတယ်။

အခြေချစစ်ဗျူဟာတစ်ခုရှိတဲ့ မိုးကုတ်မြို့ကိုလည်း ဇူလိုင် ၂၄ရက်မှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပြီး စစ်ကောင်စီက တော့ မြို့ပေါ်ရပ်ကွက်တွေကို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေပါတယ်။

ကိုးကန့်တပ်– MNDAA တပ်ကတော့ တိုင်းစစ်ဌာနချုပ်ရှိရာလားရှိုးမြို့ကို အဓိကထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ၂၃ ရက် အကြာဇူလိုင် ၂၅ ရက်မနက်ပိုင်းမှာ ရမခဌာနချုပ်ကို ရရှိခဲ့တယ်လို့ ဆိုပါတယ်။ ကိုးကန့်တပ်ဖွဲ့တွေဟာ လားရှိုးမြို့ မြို့တော်ခန်းမအပါအဝင် မြို့လယ်ခေါင်နေရာတွေကို ထိန်းချုပ်ထားနိုင်နေပြီး စစ်ကောင်စီရုံးတွေရှေ့မှာ အလံထောင်နေတဲ့ ပုံရိပ်တွေလည်း တွေ့မြင်နေရပါတယ်။

တရုတ်အကျိုးစီးပွားတွေဟာ မြန်မာနိုင်ငံနေရာအနှံမှာ တည်ရှိနေပြီး BRI စီမံကိန်းတစ်စိတ်တစ်ပိုင်းအနေနဲ့ သတ်မှတ်တည်ဆောက်ထားတာလည်း ဖြစ်ပါတယ်။

ဓာတ်ငွေ့ပိုက်လိုင်း၊ ကုန်သွယ်ရေးနဲ့ ပြောင်းလဲလာတဲ နိုင်ငံရေးအခင်းအကျင်းမှာ တရုတ်အစိုးရရဲ့ဖိအားပေးစွက်ဖက်မှု တွေရှိနေပြီး ၁၀၂၇ စစ်ဆင်ရေးဒုတိယလှိုင်းဟာ လားရှိုးလို စစ်တိုင်းဌာနချုပ်ကို သိမ်းပိုက်ထားနိုင်တဲ့အထိ အရှိန်ပြင်း ထန်နေဆဲ ဖြစ်ပါတယ်။

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleညောင်လေးပင်ခရိုင်က ရေဘေးသင့်ပြည်သူများ အရေးပေါ် အကူညီလိုအပ်
Next Article ပန်းရောင်ကဒ်တစ်မျိုးတည်းဖြင့် နေထိုင်ခွင့်ပြုရန် ရွှေ့ပြောင်းမြန်မာအလုပ်သမားအဖွဲ့ တောင်းဆို
thanlwinkhet
  • Website

Related Posts

ခရစ္စမတ်နှင့် ဝေးကွာနေဆဲ လေးကေ့ကော်စစ်ရှောင်များ

December 26, 2025

သောင်ရင်းမြစ်တစ်ဖက်ကမ်းက တည်ဆောက်နေဆဲ တရုတ်စီမံကိန်းများ (ဆောင်းပါး)

December 26, 2025

ပျက်စီးသွားသော ငြိမ်းချမ်းရေးသင်္ကေတနှင့် အိမ်ပြန်ချိန်ဝေးနေဆဲ လေးကေ့ကော် (၄) နှစ်တာ

December 17, 2025

Leave A Reply Cancel Reply

Recent Posts

  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

ယခင်သတင်းများ

  • December 2025
  • November 2025
  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ထုတ်ပြန်ချက်
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နိုင်ငံရေးသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • ရွေးကောက်ပွဲသတင်း
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

December 31, 2025

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

December 31, 2025

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

December 31, 2025

ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

December 31, 2025

ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး

December 30, 2025
Copyright © 2026. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.