နန်းအိဖြူ
အောက်တိုဘာ ၂၁၊ ၂၀၂၂။
ယနေ့ အောက်တိုဘာ ၂၁ ရက် နံနက် ၈ နာရီခန့်မှ စတင်ကာ စစ်ကောင်စီတပ်နှင့် ကရင်အမျိုးအသားအစည်းအရုံး KNU /KNLA၊ပြည်သူ့ကာကွယ်ရေး PDF ပူးပေါင်းတပ်တွေအကြား တိုက်ပွဲပြင်းထန်နေသည်။
သံလွင်ခက်က ယနေ့ ညနေ ၅နာရီအထိ ဆက်သွယ်မေးမြန်းမှုများအရ အရပ်သား သေဆုံးသူ သုံးဦးအထိ ရှိလာပြီး စစ်ရေးဆက်လက်တင်းမားနေသည်ဟု စစ်မြေပြင်နှင့် နီးစပ်သူများထံမှ သိရသည်။
နှစ်ဖက်တိုက်ပွဲအတွင်း ဒဏ်ရာရရှိသူ အမျိုးသား ၁၃ ဦးနှင့် အမျိုးသမီး ခုနစ်ဦး စုစုပေါင်း ၂၀ ဦး ခန့် ဒဏ်ရာရခဲ့သည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
“လေယာဥ်ပစ်ကူကြောင့် သုံးဦး သေဆုံးတယ်။ထိခိုက်ဒဏ်ရာရတာကတော့၂၀လောက်ရှိတယ်။အဲ့ဒဏ်ရာရတဲ့သူတွေထဲမှာ ကလေး ခြောက်ဦးလောက်ပါတယ်”ဟု ၎င်းက ပြောသည်။
အဆိုပါ ထိခိုက်ဒဏ်ရာရရှိသူများကို ပြည်သူ့ဆေးရုံကြီးပို့ဆောင်ထားသည်ဟု ဒေသအခြေစိုက် ကူညီရေးအဖွဲ့အစည်းများက ပြောသည်။
စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှုများ ကိုအဆက်မပြတ် ရှိခဲ့ပြီး ထိခိုက်သေဆုံးသူများသည် ဒေသခံများဖြစ်သည်ဟု ကော့ကရိတ်ဒေသခံများက ပြောသည်။
လက်နက်ကြီးထိမှန် သေဆုံးသည့် မိသားစုဝင်တစ်ဦးက “လက်နက်ကြီးပစ်ခတ်လို့ ကျွန်မညီမလေးရဲ့ ယောကျာ်းလည်း ဆုံးသွားတယ်။လက်နက်ကြီးက ကျောပြင်နဲ့လက်ပြင်ကိုထိသွားတယ်။နောက်တစ်ယောက်က မြို့ထဲမှာ ပုည်းရည်ကြီးရောင်းတဲ့သူပါ။ သူလည်းလက်နက်ကြီးထိပြီးသေဆုံးသွားတယ်” ဟု” ၎င်းကပြောသည်။
ယနေ့ မွန်းလွဲပိုင်းအထိ ကော့ကရိတ်မြို့မှစစ်ကောင်စီထိန်းချုပ်ထားသည့် ဌာနဆိုင်ရာရုံးများကို KNU/KNLA ပူးပေါင်းတပ်များက ထိန်းချုပ် ထားနိုင်သည်ဟု KNU/KNLA တပ်ဖွဲ့ဝင်တစ်ဦးကသံလွင်ခက်ကို ပြောဆိုထားသည်၊။
photo crd