နန်းအိဖြူ
အောက်တိုဘာ၂၀။၂၀၂၂။
မကွေးတိုင်းဒေသကြီး၊မြိုင်မြို့နယ်၊ကန်နီကျေးရွာအတွင်းရှိပျူးစောထီးများသည်မြေပဲနှုတ်သွားသည့် ဒေသခံများကို ပစ်ခတ်ခဲ့သည့် ဟု ယင်းကျေးရွာဒေသခံများက ပြောသည်။
အောက်တိုဘာလ ၁၉ ရက်နေ့ မနက် ၉ နာရီအချိန်ခန့်က စစ်ကောင်စီလက်အောက်ခံပျူစောထီးတပ်ဖွဲ့များက သေနတ်များဖြင့်ပစ်ခတ်ခဲ့ခြင်းဖြစ်သည် ဟု Mying Village Revolution Front အဖွဲ့ပြောခွင့်ရ က သံလွင်ခက်ကို ပြောသည်။
“အဲ့ရွာမှာက ပျူးစောထီးတွေနေတာများတယ်။ဒေသခံပြည်သူတွေမြေပဲဖော်မရအောင်ပစ်တာဗျ။သူတို့က သေနတ်နဲ့ပစ်လို့ တောင်သူတွေရော၊အနီးနားရွာက ဒေသခံပြည်သူတွေလည်း ထွက်ပြေးနေရတယ်” ဟု ၎င်းက ပြောသည်။
အဆိုပါ စစ်ကောင်စီလက်အောက်ခံပျူစောထီးအဖွဲ့များ၏ ပစ်ခတ်မှုများကြောင့် ကန်နီဒေသခံ၄၀၀ ခန့် ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံတစ်ဦးက ပြောသည်။
“ထိခိုက်ဒဏ်ရာရတာတော့ မကြားမိဘူး ။ဒါပေမယ့် ရွာနီးတစ်ဝိုက်နဲ့ အခြားရွာတွေပါ ထွက်ပြေးနေရတယ်”ဟု ပြောသည်။
အဆိုပါ ပစ်ခတ် ခြိမ်းခြောက်မှုများကြောင့် မြေပဲနှုတ်ရန် အချိန်တန်ပြီ ဖြစ်သော်လည်း ဒေသခံများမှာမိမိတို့ ပိုင်ဆိုင်သည့် မြေပဲခင်းများကို ထားရှိကာထွက်ပြေးနေကြရသည် ဒေသခံများကပြောသည်။
ထို့ပြင် ကန်နီရွာနှင့် ကပ်လျှက်ရှိသော အိုဘိုရွာ၊ ကန်နက်ရွာ၊မကျည်းလေးပင်ရွာ၊ထန်းဘုန်းတောရွာ၊လက်ထုပ်တောရွာ၊ကန့်ဘလူရွာ၊ရွှေလင်းစွဲရွာ ကဒေသခံများလည်း ထွက်ပြေးတိမ်းရှောင်နေရသည်။
–
ပုံစာ-ကန်နီရွာမှ မြေပဲစိုက်ခင်များ မြင်ကွင်း။
Photo -CJ