သံလွင်ခက် ဇွန် ၅၊ ၂၀၂၃။ ရှမ်း-ကယားနယ်စပ် ဖယ်ခုံမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်စစ်ကြောင်းများကိုတော်လှန်ရေးပူးပေါင်းတပ်များက ခုခံတိုက်ခိုက်ခဲ့ရာ စစ်ကြောင်းမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၀ ကျော်သေဆုံးခဲ့သည်ဟု ကရင်နီတော်လှန်ရေးတပ်ပေါင်းစု KRU က ယနေ့တွင် သတင်းထုတ်ပြန်သည်။ စစ်ကောင်စီ၏ တပ်မ ၆၆ လက်အောက်ခံ တပ်ရင်းများက ဖယ်ခုံမြို့ အနောက်ဖက်ခြမ်း လွယ်ဟွဲနှင့်…