ဧရာဝတီမြစ်ကူးတံတားဖြစ်သည့် ဗလမင်းထင်တံတားအနီး ပစ်ခတ်မှုဖြစ်ပွား
******
ထွယ်
မေ ၉၊ ၂၀၂၄။
ကချင်ပြည်နယ်တွင်တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး ယနေ့မွန်းလွဲ ၂ နာရီ မိနစ် ၄၀ ခန့်တွင် မြစ်ကြီးနား – ဝိုင်းမော်ကို ဆက်သွယ်ထားသည့် ဧရာဝတီမြစ်ကူးတံ တားကြီး ဗလမင်းထင်တံတားအနီး၌ သေနတ်သံနှင့် လက်နက်ကြီးသံများ ကြားနေရသည်ဟု မိုင်းနားဒေသခံများထံက သိရသည်။
မြစ်ကြီးနားမြို့တစ်ဖက်ကမ်း ဝိုင်းမော်မြို့နယ် ဧရာဝတီမြစ်ကူးတံတားကြီး ဗလမင်းထင်တံတားအနီး မိုင်းနားကျေးရွာဘက်ရှိ စစ်ဆေးရေးဂိတ်တွင် ပစ်ခတ်မှုဖြစ်ပွားနေခြင်းဖြစ်သည်ဟု တံတားအနီးနေထိုင်သည့် မိုင်းနားဒေသခံ ၁ ဦးက ပြောသည်။
၎င်းက “ဂိတ်မှာ ပစ်နေတာ၊ သေနတ်သံနဲ့ ဗုံးသံတွေ ကြားတယ်။ အခုတော့ ခဏငြိမ်သွားပြီ” ဟု ပြောသည်။
မိုင်းနားဘက်ကမ်းကပစ်ခတ်မှုကို မြစ်ကြီးနားမြို့ဘက်ခြမ်းထိကြားနေရပြီး ပစ်ခတ်မှုဖြစ်ပွားပြီးနောက် မိုင်းနားစုပေါင်းဂိတ်ဘက်က မီးခိုးများထွက်ပေါ်လာသည်ကိုပင် မြင်တွေ့နေရသည်ဟု မြစ်ကြီးနားဒေသခံ ၁ ဦးက ပြော သည်။
အဆိုပါ မိုင်းနားစုပေါင်းဂိတ်တွင် ရဲနှင့် စစ်သားများ စစ် ဆေးရေးပြုလုပ်လျက်ရှိ၍ ဖြတ်သန်းသွားလာသည့် ယာဉ်များကို အခွန်ကောက်လျက်ရှိသည်။
အဆိုပါဂိတ်သည် ၂၀၂၁ ခုနှစ်တွင် ပစ်ခတ်ခံရဖူးကာ ယခုနှစ် ဧပြီလတွင်လည်း အဆိုပါစုပေါင်းဂိတ်၌ပင် ပစ်ခတ်မှုဖြစ်ပွားခဲ့သေးသည်။