• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • ပေါက် နှစ်ပတ်ကျော်ကြာ တိုက်ပွဲ စစ်တပ်ဘက်မှ ၁၂ ဦး သေဆုံး
  • လစ်ဗျားစစ်ဦးစီးချုပ်နှင့် ထိပ်တန်းစစ်ခေါင်းဆောင်များ လေယာဉ်ပျက်ကျသေဆုံး၊ နိုင်ငံတော်ဝမ်းနည်းခြင်းအထိမ်းအမှတ် ကြေညာ
  • အဓမ္မစစ်မှုထမ်းစေခိုင်းခံရသူ ၈ ဦး KNU ထံ အလင်းဝင်
  • ပုဏ္ဏားကျွန်း ရွာ ၃ ရွာအား စစ်တပ် ဗုံးကြဲ
  • စစ်အုပ်စု ရွေးကောက်ပွဲကို လက်မခံဟု ချင်းတွင်းခရိုင်တွင် ဆန္ဒထုတ်ဖော်
  • ထိုင်းလေဆိပ်အနီးတွင် မြန်မာနိုင်ငံသား ၄ဦးအား ဒရုန်းများနှင့်အတူ ဖမ်းမိ
  • စစ်အုပ်စု ရွေးကောက်ပွဲကို လက်မခံဟု မုံရွာခရိုင်တွင် ဆန္ဒထုတ်ဖော်
  • စစ်အုပ်စု ဝါဒဖြန့် YouTube နှင့် ဖေ့စ်ဘွတ်အကောင့်များ ဆက်တိုက်ဖြုတ်ချခံနေရ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»တိုက်ပွဲသတင်း»ဧရာဝတီမြစ်ကမ်းဘေးရှိ တပ်စခန်းနှစ်ခုအား KIA ပူးပေါင်းတပ်သိမ်းပိုက်
တိုက်ပွဲသတင်း

ဧရာဝတီမြစ်ကမ်းဘေးရှိ တပ်စခန်းနှစ်ခုအား KIA ပူးပေါင်းတပ်သိမ်းပိုက်

thanlwinkhetBy thanlwinkhetMay 7, 2024No Comments1 Min Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

ဧရာဝတီမြစ်ကမ်းဘေးရှိ တပ်စခန်းနှစ်ခုအား KIA ပူးပေါင်းတပ်သိမ်းပိုက်
***********

ထွယ်
မေ ၇၊ ၂၀၂၄။

ဗန်းမော်ခရိုင်ရှိ စစ်ကောင်စီ၏တပ်စခန်းများအား တပြိုင်နက် ထိုးစစ်ဆင်တိုက်ခိုက်နေသည်ဟု ဒေသခံများနှင့် ရှေ့တန်းရဲဘော်များထံက သိရသည်။

ကချင်လွတ်မြောက်ရေးတပ်မတော် – KIA နှင့် ပူးပေါင်းတပ်သည် ယနေ့နံနက် ၅ နာရီခန့်ကစတင်၍ ဗန်းမော် မြို့နယ်ရှိ စင်းခန်းတပ်စခန်းနှင့် မိုးမောက်မြို့တွင် တစ်ခုတည်းကျန်ရှိသည့် စစ်ကောင်စီ၏ခြေမြန်တပ်ရင်း ခမရ – ၄၃၇ အပါအဝင် မံစီမြို့နယ်ရှိ ဝလောင်လ – Wa Lawng La တပ်စခန်းကို တပြိုင်နက် ထိုးစစ်ဆင် တိုက်ခိုက် နေခြင်းဖြစ်သည်။

စင်းခန်းကျေးရွာသည် ကချင်ပြည်နယ်၊ ဗန်းမော်မြို့အနောက်တောင်ဘက် ဗန်းမော်မြို့နယ်နှင့် ရွှေကူမြို့နယ်အစပ် ဧရာဝတီမြစ်ကမ်းဘေးရှိကျေးရွာဖြစ်ပြီး မြစ်၏အနောက်ဘက်ရှိ စစ်ကောင်စီ၏ခြေလျင်တပ်ရင်း ခလရ – ၅၆ တပ် နှင့် မြစ်၏အရှေ့ဘက် စင်းခန်းကျေးရွာရှိ တာဝါတိုင်စခန်းတို့ကို ယနေ့နံနက် ၇ နာရီခွဲခန့်က တိုက်ခိုက်သိမ်းပိုက် နိုင်ခဲ့ပြီဟု ရှေ့တန်းရဲဘော် ၁ ဦးက သံလွင်ခက်ကို ပြောသည်။

၎င်းက “ကျွန်တော်တို့ဘက်က RPG နဲ့ ပစ်ပေမယ့် သူတို့ဘက်က လုံးဝမပစ်ဘဲ စခန်းစွန့်ခွာသွားကြတာ။ လော လောဆယ် ရှင်းလင်းရေးလုပ်နေတုန်းပါ။ မိုင်းတွေ တအားထောင်ထားတယ်” ဟု ပြောသည်။

စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း ခလရ – ၅၆ တပ်ကို ရှင်းလင်းရေးပြုလုပ်စဉ် စစ်ကောင်စီတပ်၏ ကျည်ဆံအချို့နှင့် ဗုံးသီးအချို့အပါအဝင် ဆန်အိတ်များ သိမ်းပိုက်ရရှိခဲ့သည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

စင်းခန်းကျေးရွာသည် စင်းခန်းကျေးရွာအုပ်စုတွင်တည်ရှိပြီး ၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ စုစုပေါင်း ၆,၈၀၀ ကျော်နေထိုင်သည့် ကျေးရွာဖြစ်သည်။

စင်းခန်းကျေးရွာဒေသခံများကို စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မ‌တော် – KIA နှစ်ဖက်တပ်ဖွဲ့လုံးက အရေးပေါ်ပြောင်းရွှေ့ခိုင်းသည်မှာ ၁ ပတ်ခန့်ရှိပြီဖြစ်သည်။

ထို့ပြင် မံစီမြို့နယ်ရှိ ဝလောင်လ – Wa Lawng La တပ်စခန်းကိုလည်း KIA ပူးပေါင်းတပ်က ယနေ့နံနက်က တပြိုင်နက်ထိုးစစ်ဆင်တိုက်ခိုက်နေပြီး လက်နက်ကြီးသံများနှင့် ဗုံးသံများသည် မိုင်းခေါင်ကျေးရွာထိပင် ကြားနေရ သည်ဟု မိုင်းခေါင်ဒေသခံ အမျိုးသမီး ၁ ဦးက ပြောသည်။

၎င်းက “အကြီးသံရော အသေးသံရော မနက်မိုးလင်းကတည်းက အသံတွေကြားနေရတာ။ တိုက်နေကြတုန်း ထင်ပါတယ်။ အခုတောင် အသံတွေကြားတုန်း” ဟုပြောသည်။

ကချင်လွတ်လပ်ရေးတပ်မတော် – KIA နှင့် ပူးပေါင်းတပ်ဖွဲ့ဝင်များသည် ယခုနှစ် မတ်လ ၇ ရက်ကတည်းက ကချင် ပြည်နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများကို တပြိုင်နက်ထိုးစစ်ဆင်တိုက်ခိုက်နေပြီး လက်ရှိ အချိန်ထိ မြို့ ၄ မြို့နှင့် တပ်စခန်း ၈၀ ခန့်ကို တိုက်ခိုက်သိမ်းပိုက်ထားပြီဖြစ်သည်။

ပုံစာ – စင်းခန်းစခန်းသိမ်းပြီးနောက် တွေ့ရှိရသည့် KPDF ရဲဘော်များ။

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleကျောက်တော် အလယ်ကျွန်းအား စစ်ကောင်စီဗုံးကြဲ ၊ သေဆုံးသူ ၇ ဦးရှိလာ
Next Article အပူလှိုင်းက ဒူးရင်းသီးစိုက်ပျိုးရေးကို ထိခိုက်
thanlwinkhet
  • Website

Related Posts

ပေါက် နှစ်ပတ်ကျော်ကြာ တိုက်ပွဲ စစ်တပ်ဘက်မှ ၁၂ ဦး သေဆုံး

December 24, 2025

အဓမ္မစစ်မှုထမ်းစေခိုင်းခံရသူ ၈ ဦး KNU ထံ အလင်းဝင်

December 24, 2025

စစ်အုပ်စု ဝါဒဖြန့် YouTube နှင့် ဖေ့စ်ဘွတ်အကောင့်များ ဆက်တိုက်ဖြုတ်ချခံနေရ

December 23, 2025

Leave A Reply Cancel Reply

Recent Posts

  • ပေါက် နှစ်ပတ်ကျော်ကြာ တိုက်ပွဲ စစ်တပ်ဘက်မှ ၁၂ ဦး သေဆုံး
  • လစ်ဗျားစစ်ဦးစီးချုပ်နှင့် ထိပ်တန်းစစ်ခေါင်းဆောင်များ လေယာဉ်ပျက်ကျသေဆုံး၊ နိုင်ငံတော်ဝမ်းနည်းခြင်းအထိမ်းအမှတ် ကြေညာ
  • အဓမ္မစစ်မှုထမ်းစေခိုင်းခံရသူ ၈ ဦး KNU ထံ အလင်းဝင်
  • ပုဏ္ဏားကျွန်း ရွာ ၃ ရွာအား စစ်တပ် ဗုံးကြဲ
  • စစ်အုပ်စု ရွေးကောက်ပွဲကို လက်မခံဟု ချင်းတွင်းခရိုင်တွင် ဆန္ဒထုတ်ဖော်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

ပေါက် နှစ်ပတ်ကျော်ကြာ တိုက်ပွဲ စစ်တပ်ဘက်မှ ၁၂ ဦး သေဆုံး

လစ်ဗျားစစ်ဦးစီးချုပ်နှင့် ထိပ်တန်းစစ်ခေါင်းဆောင်များ လေယာဉ်ပျက်ကျသေဆုံး၊ နိုင်ငံတော်ဝမ်းနည်းခြင်းအထိမ်းအမှတ် ကြေညာ

အဓမ္မစစ်မှုထမ်းစေခိုင်းခံရသူ ၈ ဦး KNU ထံ အလင်းဝင်

ပုဏ္ဏားကျွန်း ရွာ ၃ ရွာအား စစ်တပ် ဗုံးကြဲ

ယခင်သတင်းများ

  • December 2025
  • November 2025
  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ထုတ်ပြန်ချက်
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နိုင်ငံရေးသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • ရွေးကောက်ပွဲသတင်း
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

ပေါက် နှစ်ပတ်ကျော်ကြာ တိုက်ပွဲ စစ်တပ်ဘက်မှ ၁၂ ဦး သေဆုံး

December 24, 2025

လစ်ဗျားစစ်ဦးစီးချုပ်နှင့် ထိပ်တန်းစစ်ခေါင်းဆောင်များ လေယာဉ်ပျက်ကျသေဆုံး၊ နိုင်ငံတော်ဝမ်းနည်းခြင်းအထိမ်းအမှတ် ကြေညာ

December 24, 2025

အဓမ္မစစ်မှုထမ်းစေခိုင်းခံရသူ ၈ ဦး KNU ထံ အလင်းဝင်

December 24, 2025

ပုဏ္ဏားကျွန်း ရွာ ၃ ရွာအား စစ်တပ် ဗုံးကြဲ

December 23, 2025

စစ်အုပ်စု ရွေးကောက်ပွဲကို လက်မခံဟု ချင်းတွင်းခရိုင်တွင် ဆန္ဒထုတ်ဖော်

December 23, 2025

ထိုင်းလေဆိပ်အနီးတွင် မြန်မာနိုင်ငံသား ၄ဦးအား ဒရုန်းများနှင့်အတူ ဖမ်းမိ

December 23, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.