• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • ရေဖြူမြို့နယ်ရှိ စစ်ကော်မရှင်ဂိတ်စခန်းကို ရာမညမွန်တပ်နှင့် မဟာမိတ်များ ဝင်တိုက်ခိုက်
  • ရဲဘော်နိုင်မင်း(သို့)တိုက်ပွဲခေါ်သံကြားက မျှားတစ်စင်း(ဆောင်းပါး)
  • စစ်ဒေသ (၁) လေးနှစ်ပြည့်နေ့တွင် ဗန်းမောက်မြို့ကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်း-ကမ္ဘောဒီးယားနယ်စပ် တင်းမာမှုဖြစ်နိုင်ခြေရှိ၍ ထိုင်းအာဏာပိုင်များ ရေအမြောက်ကားများ ကြိုတင်ချထား
  • နယ်စပ်၌ ARSA နှင့် RSO အန္တရာယ်ရှိနေ၍ လုံခြုံရေး တိုးမြှင့်မည်ဟု AA ထုတ်ပြန်
  • စစ်ကောင်စီ၏ ရွေးကောက်ပွဲကို ကူညီမည်ဟု DKBA အဖွဲ့တစ်ခု ထုတ်ပြန်
  • မွန်လက်နက်ကိုင်နှစ်ဖွဲ့ မဟာမိတ်ဖွဲ့၊ စစ်အာဏာရှင်စနစ်ကို ပူးပေါင်းတိုက်ထုတ်မည်
  • မောင်တောနယ်စပ် လူပြတ်သည့်နေရာများသို့ တစ်ဦးတည်း သွားလာခြင်းမပြုရန် AA သတိပေး
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»တိုက်ပွဲသတင်း»ဘူးသီးတောင် စကခ – ၁၅ ကို AA သိမ်းပိုက်ဟု သတင်းများထွက်ပေါ်
တိုက်ပွဲသတင်း

ဘူးသီးတောင် စကခ – ၁၅ ကို AA သိမ်းပိုက်ဟု သတင်းများထွက်ပေါ်

thanlwinkhetBy thanlwinkhetMay 4, 2024No Comments1 Min Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

ဘူးသီးတောင် စကခ – ၁၅ ကို AA သိမ်းပိုက်ဟု သတင်းများထွက်ပေါ်

*************

ယမင်းဖူးပွင့်အောင်

မေ ၄၊ ၂၀၂၄။

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်ရှိ စစ်ကောင်စီစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် – စကခ ၁၅ ကို အာရက္ခတပ် တော် – AA က တိုက်ခိုက်သိမ်းပိုက်လျက်ရှိသည်ဟု ဒေသခံများထံက သိရသည်။

အဆိုပါ စကခ-၁၅ နှင့် လက်အောက်ခံစခန်းများကို AA က ပြီးခဲ့သည့်ဧပြီလကစ၍ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ယမန်နေ့တွင် သိမ်းပိုက်နိုင်ခဲ့သည်ဟု သတင်းများထွက်ပေါ်နေခြင်းဖြစ်သည်။

AA နှင့် စစ်ရေးနီးစပ်သူ ၁ ဦးက “ဘူးသီးတောင် စကခ ၁၅ ကို သိမ်းနိုင်တယ်လို့ကြားတယ်။ အလုံးစုံတော့ မဟုတ်ဘူး။ နည်းနည်းတော့ကျန်သေးတာပေါ့။ ခုထိလည်း လေယာဉ်နဲ့ စစ်ကောင်စီက တောက်လျှောက်လာပစ် နေတယ်” ဟု ဆိုသည်။

အမှတ် – ၁၅ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် – စကခ ၁၅ ၏ကွပ်ကဲမှုအောက်တွင် ခြေမြန်တပ်ရင်း – ခမရ ၈ ရင်း ရှိသည်ဟု သိရသည်။

ဘူးသီးတောင်မြို့နယ်တွင် အခြေချတပ်စွဲထားသည့် စကခ ၁၅ သည် ရခိုင်ပြည်နယ်အနောက်မြောက်ပိုင်း၏ အရေးကြီးဆုံးဌာနချုပ်ဖြစ်သည်ဟုလည်း ကျွမ်းကျင်သူများက သုံးသပ်ကြသည်။

အာရက္ခတပ်တော် – AA သည် စကခ ၁၅ လက်အောက်ခံ ခမရ – ၅၆၄ တပ်ရင်းဌာနချုပ်၊ အမ်းမြို့နယ်အတွင်းရှိ စကခ – ၅ လက်အောက်ခံ တောဟိန်းတောင်ဗျူဟာအပါအဝင် အနီးတဝိုက်ရှိ စစ်ကောင်စီစခန်းအချို့နှင့် မောင် တော၊ ကြိမ်ချောင်း နယ်ခြားစောင့်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်ဟု ဧပြီလ ၃ ရက်တွင် သတင်း ထုတ်ပြန်ထားသည်။

ဘူးသီးတောင်အခြေစိုက် ခမရ – ၅၆၄ တပ်ရင်းဌာနချုပ်ကိုလည်း ဧပြီလ ၅ ရက်နေ့တွင် AA က အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။

၂၀၂၄ ဧပြီလကုန်အထိ စုစည်းထားသည့် အချက်အလက်များအရ စစ်ကောင်စီနှင့် လက်အောက်အဖွဲ့အစည်းများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ပေါ်ရှိ နေအိမ်ပေါင်း ၂,၀၀၀ ကနေ ၃,၀၀၀ အတွင်း မီးရှို့ဖျက်ဆီးခံခဲ့ရသည်ဟု Data for Myanmar ကယမန်နေ့တွင် ထုတ်ပြန်ထားသည်။

ပုံစာ- AA တပ်ဖွဲ့ဝင်များ ။ (ဓာတ်ပုံ-APM)

****

Telegram – > https://t.me/ThanLwinKhetNews/4523

YouTube -> https://youtu.be/b23CL15_vH0

Website -> https://thanlwinkhet.net/?p=9760

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleဝိုင်းမော်မြို့နယ်တွင် KIA ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွား
Next Article ကိုယ်ဝန်ဆောင်ကာကွယ်ဆေးပင်မထိုးနိုင်တော့သည့် မိခင်များ
thanlwinkhet
  • Website

Related Posts

ရေဖြူမြို့နယ်ရှိ စစ်ကော်မရှင်ဂိတ်စခန်းကို ရာမညမွန်တပ်နှင့် မဟာမိတ်များ ဝင်တိုက်ခိုက်

September 20, 2025

ရဲဘော်နိုင်မင်း(သို့)တိုက်ပွဲခေါ်သံကြားက မျှားတစ်စင်း(ဆောင်းပါး)

September 20, 2025

စစ်ဒေသ (၁) လေးနှစ်ပြည့်နေ့တွင် ဗန်းမောက်မြို့ကို တော်လှန်ရေးတပ်များ သိမ်းပိုက်

September 20, 2025

Leave A Reply Cancel Reply

Recent Posts

  • ရေဖြူမြို့နယ်ရှိ စစ်ကော်မရှင်ဂိတ်စခန်းကို ရာမညမွန်တပ်နှင့် မဟာမိတ်များ ဝင်တိုက်ခိုက်
  • ရဲဘော်နိုင်မင်း(သို့)တိုက်ပွဲခေါ်သံကြားက မျှားတစ်စင်း(ဆောင်းပါး)
  • စစ်ဒေသ (၁) လေးနှစ်ပြည့်နေ့တွင် ဗန်းမောက်မြို့ကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်း-ကမ္ဘောဒီးယားနယ်စပ် တင်းမာမှုဖြစ်နိုင်ခြေရှိ၍ ထိုင်းအာဏာပိုင်များ ရေအမြောက်ကားများ ကြိုတင်ချထား
  • နယ်စပ်၌ ARSA နှင့် RSO အန္တရာယ်ရှိနေ၍ လုံခြုံရေး တိုးမြှင့်မည်ဟု AA ထုတ်ပြန်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

ရေဖြူမြို့နယ်ရှိ စစ်ကော်မရှင်ဂိတ်စခန်းကို ရာမညမွန်တပ်နှင့် မဟာမိတ်များ ဝင်တိုက်ခိုက်

ရဲဘော်နိုင်မင်း(သို့)တိုက်ပွဲခေါ်သံကြားက မျှားတစ်စင်း(ဆောင်းပါး)

စစ်ဒေသ (၁) လေးနှစ်ပြည့်နေ့တွင် ဗန်းမောက်မြို့ကို တော်လှန်ရေးတပ်များ သိမ်းပိုက်

ထိုင်း-ကမ္ဘောဒီးယားနယ်စပ် တင်းမာမှုဖြစ်နိုင်ခြေရှိ၍ ထိုင်းအာဏာပိုင်များ ရေအမြောက်ကားများ ကြိုတင်ချထား

ယခင်သတင်းများ

  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ဓာတ်ပုံသတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

ရေဖြူမြို့နယ်ရှိ စစ်ကော်မရှင်ဂိတ်စခန်းကို ရာမညမွန်တပ်နှင့် မဟာမိတ်များ ဝင်တိုက်ခိုက်

September 20, 2025

ရဲဘော်နိုင်မင်း(သို့)တိုက်ပွဲခေါ်သံကြားက မျှားတစ်စင်း(ဆောင်းပါး)

September 20, 2025

စစ်ဒေသ (၁) လေးနှစ်ပြည့်နေ့တွင် ဗန်းမောက်မြို့ကို တော်လှန်ရေးတပ်များ သိမ်းပိုက်

September 20, 2025

ထိုင်း-ကမ္ဘောဒီးယားနယ်စပ် တင်းမာမှုဖြစ်နိုင်ခြေရှိ၍ ထိုင်းအာဏာပိုင်များ ရေအမြောက်ကားများ ကြိုတင်ချထား

September 20, 2025

နယ်စပ်၌ ARSA နှင့် RSO အန္တရာယ်ရှိနေ၍ လုံခြုံရေး တိုးမြှင့်မည်ဟု AA ထုတ်ပြန်

September 20, 2025

စစ်ကောင်စီ၏ ရွေးကောက်ပွဲကို ကူညီမည်ဟု DKBA အဖွဲ့တစ်ခု ထုတ်ပြန်

September 20, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.