• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • အိန္ဒိယစစ်တပ်ပစ်ခတ်မှုကြောင့် မြန်မာလက်နက်ကိုင်တပ်ဖွဲ့ဝင်တွေ သေဆုံး
  • သဘာဝဘေးနဲ့ လူလုပ်ဒုက္ခသံသရာကြီးထဲက မြန်မာနိုင်ငံ
  • စစ်ကောင်စီ အသုံးပြုနေသော တိုက်လေယာဉ်နှင့် ဗုံးများကို တရုတ် ထောက်ပံ့ပေးနေ
  • UWSA က ရှမ်းအရှေ့မှာ သတ္တုတိုးမြှင့်တူးဖော်လာ
  • စစ်ကောင်စီတပ်သား ၁၆ ဦး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံသို့ ခိုလှုံ
  • ကျားဖြန့်လုပ်ငန်းများတွင် လုပ်ကိုင်နေသည့် အီသီယိုးပီးယားနိုင်ငံသား ၇၈ ဦးကို နေရပ်ပြန်ပို့
  • Adidas ချုပ်သည့် စက်ရုံမှ ဆန္ဒပြအလုပ်သမားများ ခြိမ်းခြောက်ခံနေရ
  • စစ်ကောင်စီတိုက်လေယာဉ် နယ်စပ်ကပ်လာ၍ ထိုင်းဘက်က တိုက်လေယာဉ်နှစ်စီး စေလွှတ်
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»တိုက်ပွဲသတင်း»ချင်းပြည်နယ် ကျင်ဒွေးမြို့တွင် တိုက်ပွဲများဆက်လက်ပြင်းထန်နေ
တိုက်ပွဲသတင်း

ချင်းပြည်နယ် ကျင်ဒွေးမြို့တွင် တိုက်ပွဲများဆက်လက်ပြင်းထန်နေ

thanlwinkhetBy thanlwinkhetApril 27, 2024No Comments1 Min Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

ချင်းပြည်နယ် ကျင်ဒွေးမြို့တွင် တိုက်ပွဲများဆက်လက်ပြင်းထန်နေ

******

ထွယ်

ဧပြီ ၂၇၊ ၂၀၂၄။

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့တွင် Chin Defense Force – CDF၊   PDF ပူးပေါင်း တပ်များနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေဆဲဟု သိရသည်။

ကျင်ဒွေးမြို့သိမ်းတိုက်ပွဲဖြစ်ပွားနေသည်မှာ ၄ လခန့်ရှိပြီဖြစ်ပြီး ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၂ ရက်နေ့ကတည်းက စတင်၍ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်။

အဆိုပါမြို့သိမ်းတိုက်ပွဲကို အာရက္ခတပ်တော် – AA  တပ်ဖွဲ့ဝင်များလည်း ပူးပေါင်းပြီးတိုက်ခိုက်လျက်ရှိသည်ဟု ချင်းညီနောင်အဖွဲ့က ဧပြီလ ၂၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ချင်းညီနောင်အဖွဲ့တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ – ကန်ပက်လက်၊ ချင်းအမျိုးသားကောင်စီ – မင်းတပ်နှင့် ချင်းအမျိုးသားအဖွဲ့ချုပ် – CNO/ CNDF အပါအဝင် ဇိုမီးဖက်ဒရယ်အစည်းအရုံး – ZFU၊ မရာနယ်မြေအုပ်ချုပ်ရေး ကောင်စီ – MTC/ MDF နှင့် ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ – မတူပီ၏ တပ်မဟာ – ၁ အစုအဖွဲ့တို့ဖြင့် စုဖွဲ့ထား သည်။

စစ်ကောင်စီတပ်သည် ၎င်းတို့စခန်းများ မကျရှုံးရေးအတွက် မြေပြင်စစ်ကြောင်းဖြင့်သာမက လေကြောင်းများဖြင့် လည်း အင်အားဖြည့်တင်းနေပြီး ပြင်းပြင်းထန်ထန်ခုခံလျက်ရှိသည်ဟု မင်းတပ်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန် က သံလွင်ခက်ကို ပြောသည်။

၎င်းက “လေကြောင်းပစ်တာက အကြိမ် ၁၀၀ ကျော်ပြီ။ တချို့ရက်တွေဆိုရင် ၁ ရက်တည်းနဲ့အကြိမ် ၂၀ လောက်ပစ်တယ်။ လေကြောင်းကနေ ဟက်စကီးနဲ့ အင်အားလာဖြည့်တာ ၂ ကြိမ်ရှိပြီ” ဟု ပြောသည်။

ထို့ပြင် မကွေးတိုင်း၊ ပခုက္ကူမြို့ကနေလည်း စစ်ကားအစီး ၁၀၀ ကျော်ဖြင့် ကျောက်ထု – မင်းတပ်လမ်းများအတိုင်း လူအင်အားနှင့် ရိက္ခာအင်အားများဖြည့်တင်းလာရာ လမ်းခုလတ်တွင် ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ကြားဖြတ်တိုက်ခိုက်နေသဖြင့် ကျင်ဒွေးမြို့သို့မရောက်ရှိနိုင်ခင်မှာပဲ စစ်ကြောင်းပြန်လည်ဆုတ်ခွာသွားရသည်ဟု ၎င်းက ဆက်ပြောသည်။

ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့နယ်တွင် စစ်ရှောင်ပြည်သူလူဦးရေ ၆,၀၀၀ ကျော်ခန့်ရှိပြီး  ကျင်ဒွေးမြို့နှင့် အနီးဝန်းကျင်က ဒေသခံ ၂,၅၀၀ ကျော်သည်လည်း ကျင်ဒွေးမြို့တွင် တိုက်ပွဲပြင်းထန်နေသဖြင့် တိုက်ပွဲတိမ်းရှောင်နေသည်မှာ ၄ လခန့်ရှိပြီဟု ကန်ပက်လက်မြို့နယ်၏ လူသားစာနာတွဲဖက်တာဝန်ခံ ကိုဂျက်ကီက သံလွင်ခက်ကို ပြောသည်။

စစ်ကောင်စီတပ်သည် ကန်ပက်လက်မြို့နယ်ကို နေ့စဉ်လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်နေပြီး ကျင်ဒွေးမြို့အနီးတဝိုက်တွင်လည်း တိုက်ပွဲများ ပြင်းထန်နေသည်ဟု ကိုဂျက်ကီ က ပြောသည်။

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်သည် မင်းတပ်ခရိုင်တွင်တည်ရှိပြီး ၎င်းမြို့နယ်၏ အရှေ့တွင် မကွေးတိုင်း၊ ဆောမြို့နှင့်ထိစပ်နေသည်။

************

Telegram – >  https://t.me/ThanLwinKhetNews/4469

YouTube -> https://youtu.be/DEtRcu9PBI4

Website -> https://thanlwinkhet.net/?p=9636

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleထိုင်း-မြန်မာ အမှတ် -၂ ချစ်ကြည်ရေးတံတား ပြန်မဖွင့်နိုင်သေး
Next Article ဝမ္မသူးဆေးရုံ လေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဥ်တွင် နောက်ထပ် ၁ ဦးထပ်မံသေဆုံး
thanlwinkhet
  • Website

Related Posts

အိန္ဒိယစစ်တပ်ပစ်ခတ်မှုကြောင့် မြန်မာလက်နက်ကိုင်တပ်ဖွဲ့ဝင်တွေ သေဆုံး

May 19, 2025

စစ်ကောင်စီ အသုံးပြုနေသော တိုက်လေယာဉ်နှင့် ဗုံးများကို တရုတ် ထောက်ပံ့ပေးနေ

May 17, 2025

UWSA က ရှမ်းအရှေ့မှာ သတ္တုတိုးမြှင့်တူးဖော်လာ

May 17, 2025

Leave A Reply Cancel Reply

Recent Posts

  • အိန္ဒိယစစ်တပ်ပစ်ခတ်မှုကြောင့် မြန်မာလက်နက်ကိုင်တပ်ဖွဲ့ဝင်တွေ သေဆုံး
  • သဘာဝဘေးနဲ့ လူလုပ်ဒုက္ခသံသရာကြီးထဲက မြန်မာနိုင်ငံ
  • စစ်ကောင်စီ အသုံးပြုနေသော တိုက်လေယာဉ်နှင့် ဗုံးများကို တရုတ် ထောက်ပံ့ပေးနေ
  • UWSA က ရှမ်းအရှေ့မှာ သတ္တုတိုးမြှင့်တူးဖော်လာ
  • စစ်ကောင်စီတပ်သား ၁၆ ဦး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံသို့ ခိုလှုံ

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

အိန္ဒိယစစ်တပ်ပစ်ခတ်မှုကြောင့် မြန်မာလက်နက်ကိုင်တပ်ဖွဲ့ဝင်တွေ သေဆုံး

သဘာဝဘေးနဲ့ လူလုပ်ဒုက္ခသံသရာကြီးထဲက မြန်မာနိုင်ငံ

စစ်ကောင်စီ အသုံးပြုနေသော တိုက်လေယာဉ်နှင့် ဗုံးများကို တရုတ် ထောက်ပံ့ပေးနေ

UWSA က ရှမ်းအရှေ့မှာ သတ္တုတိုးမြှင့်တူးဖော်လာ

ယခင်သတင်းများ

  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • ဓာတ်ပုံသတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

အိန္ဒိယစစ်တပ်ပစ်ခတ်မှုကြောင့် မြန်မာလက်နက်ကိုင်တပ်ဖွဲ့ဝင်တွေ သေဆုံး

May 19, 2025

သဘာဝဘေးနဲ့ လူလုပ်ဒုက္ခသံသရာကြီးထဲက မြန်မာနိုင်ငံ

May 18, 2025

စစ်ကောင်စီ အသုံးပြုနေသော တိုက်လေယာဉ်နှင့် ဗုံးများကို တရုတ် ထောက်ပံ့ပေးနေ

May 17, 2025

UWSA က ရှမ်းအရှေ့မှာ သတ္တုတိုးမြှင့်တူးဖော်လာ

May 17, 2025

စစ်ကောင်စီတပ်သား ၁၆ ဦး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံသို့ ခိုလှုံ

May 17, 2025

ကျားဖြန့်လုပ်ငန်းများတွင် လုပ်ကိုင်နေသည့် အီသီယိုးပီးယားနိုင်ငံသား ၇၈ ဦးကို နေရပ်ပြန်ပို့

May 16, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.