• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်
  • ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး
  • စစ်တွေတွင် ရွေးကောက်ပွဲကျင်းပပြီးနောက် လက်နက်ကြီးသံများ ဆက်တိုက်ထွက်ပေါ်
  • ဘက်စုံပိတ်ဆို့မှုကြောင့် စစ်တွေလက်လုပ်လက်စားများ အငတ်ဘေး ရင်ဆိုင်နေရ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»နေ့စဉ်သတင်း»၂၀၂၄ ခုနှစ်တွင် အကျဉ်းသားသေဆုံးမှု မြင့်တက်လာနိုင်
နေ့စဉ်သတင်း

၂၀၂၄ ခုနှစ်တွင် အကျဉ်းသားသေဆုံးမှု မြင့်တက်လာနိုင်

thanlwinkhetBy thanlwinkhetApril 9, 2024No Comments2 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

၂၀၂၄ ခုနှစ်တွင် အကျဉ်းသားသေဆုံးမှု မြင့်တက်လာနိုင်
***********

ယမင်းဖူးပွင့်အောင်
ဧပြီ ၉၊ ၂၀၂၄။

၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်ကနေ မတ်လ ၃၁ ရက်အထိ ၃ လအတွင်း ဥပ‌ဒေမဲ့သတ်ဖြတ်ခြင်းခံရသူ နိုင်ငံရေး အကျဉ်းသား ၆ ဦးရှိပြီး ၂၀၂၃ ခုနှစ်နှင့်ယှဉ်လျှင် သေဆုံးမှု ၅ ဦးအထိ မြင့်တက်ခဲ့သည်ဟု အကျဉ်းသားကူညီ စောင့်‌ရှောက်သူများထံက သိရသည်။

၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်ကနေ မတ်လ ၃၁ ရက်အထိ ၃လအတွင်း အကျဉ်းထောင်နှင့် အကျဉ်း ထောင်ပြင်ပတွင် စစ်ကောင်စီလက်အောက်ခံဝန်ထမ်းများကြောင့် သေဆုံးခဲ့သည့်အကျဉ်းသား ၁ ဦးသာရှိခဲ့ပြီး ယခုနှစ် ၃ လအတွင်း ၆ ဦးအထိရှိလာခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့်နှစ်တွင် သေဆုံးခဲ့သည့်အကျဉ်းသားများ၏မိသားစုကို အကြောင်းကြားသော်လည်း ယခုနှစ်တွင်မူ မိသားစုဝင်များအား အကြောင်းကြားစာပေးပို့ခြင်းမရှိဘဲ လိုက်လံစုံစမ်းမှသာ သေဆုံးသည်ကိုသိရှိရခြင်းဖြစ်သည် ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်-PPNM ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦး က သံလွင်ခက်ကိုပြောသည်။

၎င်းက “ဒီနှစ်က ၂၀၂၃ ထက် ပိုပြီးဆိုးရွားလိမ့်မယ်။ သေဆုံးမှုအရေအတွက်က ဒီအချိုးအတိုင်းသာဆက်သွား မယ်ဆိုရင် ၁ နှစ်ကို ၅၈ ဦးဝန်းကျင်လောက်သေဆုံးလိမ့်မယ်လို့ ခန့်မှန်းရတယ်။ ဒါက ကောင်းတဲ့မှန်းဆမှုတော့ မဟုတ်ဘူး”ဟုပြောသည်။

၂၀၂၄ ခုနှစ်တွင် နိုင်ငံရေးအကျဉ်းသားများနှင့်ပတ်သက်၍ တစ်ထောင့်တစ်နေရာမှ အသံလွှင့်ထုတ်နိုင်ရေး လုပ်ဆောင်သွားမည်ဖြစ်ပြီး နိုင်/ကျဉ်းမိသားစုများအနေဖြင့် မကြာခဏ ထောင်ဝင်စာသွားတွေ့ကြရန်နှင့် ထောင် အနီးဝန်းကျင်၌ ထူးခြားမှုရှိပါက အကျဉ်းသားကူညီစောင့်ရှောက်သည့်အဖွဲ့အစည်းများကို သတင်းပို့ကြရန်လည်း အကျဉ်းသားကူညီစောင့်‌ရှောက်သူများက တိုက်တွန်းပြောဆိုထားသည်။

နိုင်ငံရေးအကျဉ်းသားများကွန်ရက် – PPNM ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက “သတင်းအမှောင်ချလာ တဲ့အတွက် မြေပြင်မှာ ဒီထက်ပိုပြီးသေဆုံးမှုတွေရှိနိုင်တယ်ဆိုတဲ့ ယူဆချက်ရှိတယ်။ လက်ရှိမှာ မြေပြင်စောင့် ကြည့်မှုမျိုးကို ပိုလုပ်တယ်။ အရင်လိုမျိုး သေဆုံးမှထုတ်ပြန်တာမျိုးမဟုတ်ဘဲ စခေါ်ထုတ်ပြီဆို ခေါ်ထုတ်တဲ့ အကြောင်းကို သတိပေးတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် ကျူးလွန်ဖို့ကြံစည်ခဲ့တဲ့လူတွေ တွန့်ဆုတ်သွားနိုင်တယ် ပေါ့” ဟုပြောသည်။

ယခုနှစ်တွင် သေဆုံးခဲ့ရသည့် နိုင်ငံရေးအကျဉ်းသူဟောင်း မနိုဘယ်လ်အေးအပါအဝင် ၆ ဦးတို့ကို အကျဉ်းထောင် ပြင်ပတွင် ထွက်ပြေးရန်ကြိုးစားသည်ဟူသည့်အကြောင်းပြချက်နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပစ်သတ်ခဲ့သလို အကျဉ်းထောင်အတွင်း ရိုက်နှက်ခံရမှုကြောင့် သေဆုံးခဲ့ရခြင်းများလည်းရှိသည်။

အမျိုးသားညီညွတ်ရေးအစိုးရ-NUG လက်အောက်ခံ မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ မြို့နယ်ပြည်သူ့အုပ်ချူပ် ရေးအဖွဲ့များအနေဖြင့် အကျဉ်းထောင်ဝန်ထမ်းနှင့် စစ်ကောင်စီခန့်အရာရှိများကို ဥပဒေအရ အပြစ်ပေးအရေးယူ ခြင်းများလုပ်ဆောင်ပေးစေလိုသည်ဟု အကျဉ်းသားကူညီစောင့်ရှောက်ရေးအဖွဲ့များက တိုက်တွန်းသည်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်ကနေ ဧပြီလ ၆ ရက်အတွင်း အကျဉ်းထောင်များတွင် ဆေးဝါးကုသမှု လုံ လောက်စွာမရရှိ၍ အသက် ၆၈ နှစ်နှင့် ၆၄ နှစ်သက်ကြီးရွယ်အို ၂ ဦးအပါအဝင် အကျဉ်းသား ၇ ဦး သေဆုံးခဲ့ရသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ မှတ်တမ်းနှင့် သုတေသနဌာန၏ စောင့်ကြည့်လေ့လာ မှုများအရ ၂ဝ၂၄ ခုနှစ်၊ ဇန်နဝါရီလကနေ မတ်လအထိ တိုင်းနှင့် ပြည်နယ်အသီးသီးရှိ အကျဉ်းထောင်တွင်း၌ နိုင်ငံရေးအကျဉ်းသား သေဆုံးမှုနှုန်း မြင့်တက်လာပြီး အေအေပီပီ က ကောက်ယူထားသော အချက်အလက်များ အရ နိုင်ငံရေးအကျဉ်းသူ ၂ ဦး နှင့် နိုင်ငံရေးအကျဉ်းသား ၈ ဦး စုစုပေါင်း ၁၀ ဦး သေဆုံးခဲ့ပြီး အများစုမှာ လုံ လောက်သော ဆေးကုသခွင့်မရရှိသောကြောင့် သေဆုံးခဲ့ကြသည်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့် ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ထားသည်။

ပုံစာ – ဖျာပုံအကျဉ်းထောင်မှ နိုင်ကျဉ်းများကို တွေ့ရစဉ်။

ဓာတ်ပုံ – PPNM

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleလောင်းလုံး လဝက အနီးရှိ စစ်ဆေးရေးဂိတ်တိုက်ခိုက်ခံရ
Next Article ဘက်တံဆိပ်ပြောင်းထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရ
thanlwinkhet
  • Website

Related Posts

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ခရစ္စမတ်နေ့ဆုတောင်းသည့် ဒိုက်ဦးနိုင်ကျဉ်းသူများ ရိုက်နှက်ခံရ

December 29, 2025

ရွေးကောက်ပွဲအကြောင်းပြ ကရင်နီကုန်သွယ်လမ်းများ စစ်ကော်မရှင်ပိတ်

December 28, 2025

Leave A Reply Cancel Reply

Recent Posts

  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

ယခင်သတင်းများ

  • December 2025
  • November 2025
  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ထုတ်ပြန်ချက်
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နိုင်ငံရေးသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • ရွေးကောက်ပွဲသတင်း
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

December 31, 2025

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

December 31, 2025

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

December 31, 2025

ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

December 31, 2025

ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး

December 30, 2025
Copyright © 2026. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.