• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်
  • ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး
  • စစ်တွေတွင် ရွေးကောက်ပွဲကျင်းပပြီးနောက် လက်နက်ကြီးသံများ ဆက်တိုက်ထွက်ပေါ်
  • ဘက်စုံပိတ်ဆို့မှုကြောင့် စစ်တွေလက်လုပ်လက်စားများ အငတ်ဘေး ရင်ဆိုင်နေရ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»တိုက်ပွဲသတင်း»ဘက်တံဆိပ်ပြောင်းထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရ
တိုက်ပွဲသတင်း

ဘက်တံဆိပ်ပြောင်းထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရ

thanlwinkhetBy thanlwinkhetApril 10, 2024No Comments2 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

ဘက်တံဆိပ်ပြောင်းထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရ
******

နန်းဆုပန်ခန့်
ဧပြီ ၉၊ ၂၀၂၄။

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်၊ မြဝတီ – ဝေါလေလမ်းမပေါ်မှာရှိ သေ့ဘောဘိုးကျေးရွာအတွင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် – DKBA ဘက်တံဆိပ်ဖြင့် လူအချိန်း အပြောင်းပြုလုပ်နေစဉ် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA ပူးပေါင်းတပ်ဖွဲ့က လက်နက်ကြီး ဖြင့်တိုက်ခိုက်ခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။

ယမန်နေ့ ညနေ ၄ နာရီအချိန်ခန့်တွင် စစ်ကောင်စီတပ်သားများသည် ကဆောဝါးလေး (သုံးထပ်ကွေ့ ) မှ သေ့ ဘောဘိုးသို့သွားစဉ် တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ကျော်သည် အိမ်စီးကားဖြစ်သည့် ကား Revo ၁ စီး၊ Remax ၁ စီး၊ Probox ၁ စီးဖြင့် သေ့ဘောဘိုးသို့သွားစဉ် ပစ်ခတ်ခံရခြင်းဖြစ်ပြီး ပစ်ခတ်ခံရမှုတွင် ထိခိုက်သေဆုံးမှုရှိသည်ဟု စစ်ရေးနှင့် နီးစပ် သည့်ဒေသခံ ၁ ဦးက သံလွင်ခက်ကိုပြောသည်။

၎င်းက “ ကား ၃ စီးနဲ့လာတယ်။ Probox ၁ စီးကျတော့ အထဲမှာ လက်နက်ကြီးတွေ၊ ကျည်တွေ ပါတဲ့အခါကျ တော့ အဲ့ဒီ Probox က ဓါတ်ဆီထိနေလို့ လမ်းမပေါ်မှာပဲ မီးလောင်သွားတယ်။ ကျည်တွေရော၊ သေနတ်တွေရော အကုန်လုံးမီးလောင်သွားတယ်။ မီးလောင်တဲ့ဘေးနားမှာကတော့ ၁ ယောက် မီးလောင်ပြီးသေသွားတယ်။ သူတို့ စခန်းရောက်တော့ အသည်းအသန် ၂ ယောက်တော့ ကြားရတယ်။ နည်းနည်းပါးပါးဒဏ်ရာရတာတွေကတော့ ရှိတယ်။ ကား ၂ စီးလွတ်သွားတဲ့အထဲမှာ ၁ စီးက ရှေ့ဘီးပေါက်သွားတယ် ” ဟု ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် DKBA ဘက်တံဆိပ်ဖြင့် သေ့ဘောဘိုးစခန်းသို့ ဦးတည်ဝင်လာကာ သေ့ဘော ဘိုးနှင့် ဘလယ်ဒိုရွာကြားတွင် ပူးပေါင်းတပ်ဘက်က လက်နက်ကြီးများဖြင့်စတင်တိုက်ခိုက်ခဲ့ပြီးနောက် နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။

ထိုသို့အပြန်အလှန်ပစ်ခတ်ရာတွင် ဘလယ်ဒို (ထိုင်းဘက်ခြမ်း) မှ ဘလယ်ဒို (မြန်မာဘက်ခြမ်း) သို့ တောင်ယာ လုပ်ပြီး ပြန်လာသည့် အသက် ၂၀ အရွယ် အမျိုးသား၁ ဦး သေဆုံးခဲ့ရသည်ဟု ဒေသခံအမျိုးသမီး ၁ ဦးက ဆို သည်။

၎င်းက “အဲဒီရွာသားကတော့ ဒီတိုက်ပွဲဖြစ်တဲ့အချိန်မှာ သူကလည်း တောင်ယာကနေပြန်လာတဲ့အချိန်ကျတော့ အဲ့ မှာရောပါသွားတာ။ တိုက်ပွဲဖြစ်တဲ့အချိန်မှာ စစ်ကောင်စီ ၂ ယောက်ကထွက်ပြေးရင်းနဲ့ အဲ့ဒီ ၂ ယောက်နောက်ကို သူလိုက်ရင်းနဲ့ အဲ့ဒီမှာထိသွားတာ၊ အဲ့ဒီရွာသားကတော့ သူများနောက်လိုက်ပြီးတော့ ချောင်းဘေးနားမှာပဲ လဲသွားတယ်။ သေသွားတာပေါ့နော် ” ဟု ဆိုသည်။

ပြီးခဲ့သည့် မတ်လကုန်ပိုင်းတွင် မြဝတီ – ဝေါလေ လမ်းမတကျောရှိ ဥကရိထစခန်း၊ ထီးကပလယ်စခန်းများက စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ကရင့်လက်နက်ကိုင်ပူးပေါင်းတပ်များအကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။

လက်ရှိအချိန်တွင် သေ့ဘောဘိုးရွာသားများနှင့် စစ်ရှောင်များသည် လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မည် ကိုစိုးရိမ်သည့်အတွက် ထွက်ပြေးနေကြရပြီး အခက်အခဲများကြုံတွေ့နေရသည်ဟု စစ်ရှောင်စခန်း တာဝန်ရှိသူ ကပြောသည်။

၎င်းက “ စစ်ရှောင်တွေကလည်း မိုးကလည်းရွာတော့မယ်။ အခုကတော့ ချောင်းဘေးမှာသွားပြီးတော့ အိပ်နေရ တယ်။ မိုးရွာရင်တော့ သူတို့ကတော့ ဒုက္ခရောက်ပြီ။ အမိုးအကာလည်းမရှိဘူးလေ၊ ချောင်းဘေးမှာဆိုတော့ “ ဟု ဆိုသည်။

လက်ရှိတွင် သေ့ဘောဘိုးရွာရှိစစ်ရှောင်စခန်းတွင် မဲကနယ်ရွာနှင့် ရသေ့ဂူရွာများမှ တိမ်းရှောင်လာသည့် အိမ်ထောင်စု ၇၄ စု ရှိပြီး လူဦးရေ ၂၃၉ ဦး ရှိသည်ဟု စစ်ရှောင်စခန်း တာဝန်ရှိသူများထံက သိရသည်။

ဓါတ်ပုံ – ပေးပို့

ပုံစာ – လက်နက်ကြီးထိမှန်မှုကြောင့် မီးလောင်ခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ မောင်းနှင်လာသည့် probox ကား။

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Article၂၀၂၄ ခုနှစ်တွင် အကျဉ်းသားသေဆုံးမှု မြင့်တက်လာနိုင်
Next Article မဲဆောက်နယ်စပ်ကုန်သွယ်ရေး ပုံမှန်အတိုင်းလည်ပတ်နေ
thanlwinkhet
  • Website

Related Posts

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ခရစ္စမတ်နေ့ဆုတောင်းသည့် ဒိုက်ဦးနိုင်ကျဉ်းသူများ ရိုက်နှက်ခံရ

December 29, 2025

ရွေးကောက်ပွဲအကြောင်းပြ ကရင်နီကုန်သွယ်လမ်းများ စစ်ကော်မရှင်ပိတ်

December 28, 2025

Leave A Reply Cancel Reply

Recent Posts

  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

ယခင်သတင်းများ

  • December 2025
  • November 2025
  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ထုတ်ပြန်ချက်
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နိုင်ငံရေးသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • ရွေးကောက်ပွဲသတင်း
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

December 31, 2025

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

December 31, 2025

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

December 31, 2025

ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

December 31, 2025

ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး

December 30, 2025
Copyright © 2026. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.