• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • မီဇိုရမ်ဘက်မှ ကုန်အဝင်နည်းသောကြောင့် ရခိုင်တွင် ကုန်ဈေးနူန်း ပြန်တက်
  • သေ့ဘောဘိုးစခန်းသိမ်းတိုက်ပွဲတွင် ၁၂၀ မမနှင့် လက်နက်ကြီးများ သိမ်းဆည်းရရှိ
  • ထိုင်းမှာ ၂ ရက်အတွင်း လူ သုံးသောင်းဝန်းကျင် ကိုဗစ် ကူးစက်ခံရ
  • စီးပွားရေးမြို့တော် ရန်ကုန်တွင် လူ ၂ ဒဿမ ၇ သန်းခန့် ဆင်းရဲကြပ်တည်းနေ
  • သေ့ဘောဘိုးစခန်းကို ကရင်ပူးပေါင်းတပ်များ သိမ်းပိုက် မြဝတီတောင်ပိုင်းတွင် နောက်ထပ် စခန်း ၃ ခုသာကျန်
  • ဖားကန့်တွင် ယမ်းဂိုထောင်ပေါက်ကွဲမှုကြောင့် လူနှစ်ဦး သေဆုံး
  • သေ့ဘောဘိုးတိုက်ပွဲ စစ်ကောင်စီ လေကြောင်းမှ ဆက်တိုက်ဗုံးကြဲနေ
  • အဆိုတော်ချမ်းချမ်းရဲ့ အွန်လိုင်းကုန်ပစ္စည်းတင်သွင်းရောင်းချသူတွေကို စစ်ကောင်စီဖမ်းဆီး
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»တိုက်ပွဲသတင်း»ဘူးသီးတောင်ခြေမြန်တပ်ရင်း ဒုတပ်ရင်းမှူးဖမ်းဆီးခံရ
တိုက်ပွဲသတင်း

ဘူးသီးတောင်ခြေမြန်တပ်ရင်း ဒုတပ်ရင်းမှူးဖမ်းဆီးခံရ

thanlwinkhetBy thanlwinkhetApril 8, 2024No Comments1 Min Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

ဘူးသီးတောင်ခြေမြန်တပ်ရင်း ဒုတပ်ရင်းမှူးဖမ်းဆီးခံရ
******

ခင်သရဖီဦး
ဧပြီ ၈၊ ၂၀၂၄။

ရက္ခိုင့်တပ်တော် AA ထံ လက်နက်ချအညံ့မခံဘဲထွက်ပြေးသွားသည့် ဒုတပ်ရင်းမှူး ၁ ဦးအား AA က အရှင် ဖမ်းမိထားသည်ဟု ယမန်နေ့ ဧပြီလ ၇ ရက်တွင်ထုတ်ပြန်သည်။

ဖမ်းဆီးရမိသူသည် ဘူးသီးတောင် ၊ စကခ ၁၅ လက်အောက်ခံ၊ ခမရ – ၅၆၅ တပ်ရင်းက ဒုတပ်ရင်းမှူး ဗိုလ်မှူး ဇော်ဇော်အောင် ဖြစ်သည်။

စကခ ၁၅ လက်အောက်ခံ၊ ခမရ – ၅၆၅ တပ်ရင်းက ဒုတပ်ရင်းမှူး ဗိုလ်မှူး ဇော်ဇော်အောင် ကြည်း /၄၁၁၄၇ အား ဧပြီလ ၅ ရက်၊ ညနေ ၄ နာရီခန့်တွင် ဘူးသီးတောင်မြို့နယ်၊ ဘဒနာကျေးရွာအနီးတွင် ဒဏ်ရာများဖြင့် ဖမ်းမိခဲ့ခြင်း ဖြစ်သည်ဟု ထုတ်ပြန်ချက်၌ဖော်ပြထားသည်။

” DSA အပတ်စဉ် ၄၇ ၊ အသက် ၄၀ အရွယ် အဆိုပါ ဒုတပ်ရင်းမှူးသည် ဘူးသီးတောင်အခြေစိုက် အကြမ်းဖက် စစ်ကောင်စီ၏ ခမရ ၅၆၄ တပ်ရင်းဌာနချုပ်အား ရက္ခိုင့်တပ်တော်က ထိုးစစ်ဆင်တိုက်ခိုက်သည့် စခန်းသိမ်း တိုက်ပွဲတွင် လက်နက်ချအညံ့မခံဘဲထွက်ပြေးနေကြသော စစ်ကောင်စီတပ်ဖွဲ့ဝင်များထဲက ၁ ဦးဖြစ်သည်” ဟု AA က ဆိုသည်။

ဖမ်းမိထားသည့် ဗိုလ်မှူး ဇော်ဇော်အောင် အား လက်ရှိတွင် AA က ဆေးကုသပေးလျက်ရှိသည်။

“ဒဏ်ရာများဖြင့်ဖမ်းဆီးရမိသော ဒုတပ်ရင်းမှူး ဗိုလ်မှူး ဇော်ဇော်အောင် အား ရက္ခိုင့်တပ်တော် ဆေးတပ်ဖွဲ့က လူသားချင်းစာနာစွာဖြင့် ဆေးကုသပေးလျက်ရှိသည်” ဟု AA ၏ ထုတ်ပြန်ချက်အရ သိရသည်။

ကျန်ရှိနေသည့် ခမရ ၅၆၄ စခန်းက လက်နက်ချအညံ့မခံဘဲ ထွက်ပြေးနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကိုလည်း လိုက်လံချေမှုန်းသွားမည်ဟု AA ကဆိုသည်။

” ခမရ – ၅၆၄ စခန်းက လက်နက်ချအညံ့မခံဘဲထွက်ပြေးနေသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ရက္ခိုင့်တပ်တော်က လိုက်လံတိုက်ခိုက်ချေမှုန်းလျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၇ ရက်အထိ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးကျော်ကို ထပ်မံချေမှုန်းနိုင်ခဲ့ပြီး အခြားလွတ်မြောက်နေသူများကိုလည်း ဆက်လက် လိုက်လံတိုက်ခိုက်ချေမှုန်းလျက်ရှိသည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရက္ခိုင့်တပ်တော် AA အနေဖြင့် မောင်တော၊ မြေပုံ၊ အမ်း၊ ဘူးသီးတောင်၌ကျန်ရှိနေသေးသည့် စစ်ကောင်စီ၏ စခန်းများအား ဆက်လက်သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း AA က ထုတ်ပြန်ထားသည်။

ပုံစာ – ဖမ်းဆီးခံထားရသော စစ်ကောင်စီဒုတပ်ရင်းမှူးအား AA ကဆေးကုသပေးနေစဥ်။

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleထိုင်း – မြန်မာနယ်စပ်တွင် ဒုတိယကမ္ဘာစစ်လက်ကျန် ဥမင်လှိုဏ်ခေါင်းတွေ့ရှိ
Next Article နိုင်ငံရေး၊ စစ်ရေးပူးပေါင်းဆောင်ရွက်မည်ဟု မွန်အခြေပြု ၃ ဖွဲ့ဆို
thanlwinkhet
  • Website

Related Posts

မီဇိုရမ်ဘက်မှ ကုန်အဝင်နည်းသောကြောင့် ရခိုင်တွင် ကုန်ဈေးနူန်း ပြန်တက်

June 4, 2025

သေ့ဘောဘိုးစခန်းသိမ်းတိုက်ပွဲတွင် ၁၂၀ မမနှင့် လက်နက်ကြီးများ သိမ်းဆည်းရရှိ

June 4, 2025

စီးပွားရေးမြို့တော် ရန်ကုန်တွင် လူ ၂ ဒဿမ ၇ သန်းခန့် ဆင်းရဲကြပ်တည်းနေ

June 4, 2025

Leave A Reply Cancel Reply

Recent Posts

  • မီဇိုရမ်ဘက်မှ ကုန်အဝင်နည်းသောကြောင့် ရခိုင်တွင် ကုန်ဈေးနူန်း ပြန်တက်
  • သေ့ဘောဘိုးစခန်းသိမ်းတိုက်ပွဲတွင် ၁၂၀ မမနှင့် လက်နက်ကြီးများ သိမ်းဆည်းရရှိ
  • ထိုင်းမှာ ၂ ရက်အတွင်း လူ သုံးသောင်းဝန်းကျင် ကိုဗစ် ကူးစက်ခံရ
  • စီးပွားရေးမြို့တော် ရန်ကုန်တွင် လူ ၂ ဒဿမ ၇ သန်းခန့် ဆင်းရဲကြပ်တည်းနေ
  • သေ့ဘောဘိုးစခန်းကို ကရင်ပူးပေါင်းတပ်များ သိမ်းပိုက် မြဝတီတောင်ပိုင်းတွင် နောက်ထပ် စခန်း ၃ ခုသာကျန်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

မီဇိုရမ်ဘက်မှ ကုန်အဝင်နည်းသောကြောင့် ရခိုင်တွင် ကုန်ဈေးနူန်း ပြန်တက်

သေ့ဘောဘိုးစခန်းသိမ်းတိုက်ပွဲတွင် ၁၂၀ မမနှင့် လက်နက်ကြီးများ သိမ်းဆည်းရရှိ

ထိုင်းမှာ ၂ ရက်အတွင်း လူ သုံးသောင်းဝန်းကျင် ကိုဗစ် ကူးစက်ခံရ

စီးပွားရေးမြို့တော် ရန်ကုန်တွင် လူ ၂ ဒဿမ ၇ သန်းခန့် ဆင်းရဲကြပ်တည်းနေ

ယခင်သတင်းများ

  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • ဓာတ်ပုံသတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

မီဇိုရမ်ဘက်မှ ကုန်အဝင်နည်းသောကြောင့် ရခိုင်တွင် ကုန်ဈေးနူန်း ပြန်တက်

June 4, 2025

သေ့ဘောဘိုးစခန်းသိမ်းတိုက်ပွဲတွင် ၁၂၀ မမနှင့် လက်နက်ကြီးများ သိမ်းဆည်းရရှိ

June 4, 2025

ထိုင်းမှာ ၂ ရက်အတွင်း လူ သုံးသောင်းဝန်းကျင် ကိုဗစ် ကူးစက်ခံရ

June 4, 2025

စီးပွားရေးမြို့တော် ရန်ကုန်တွင် လူ ၂ ဒဿမ ၇ သန်းခန့် ဆင်းရဲကြပ်တည်းနေ

June 4, 2025

သေ့ဘောဘိုးစခန်းကို ကရင်ပူးပေါင်းတပ်များ သိမ်းပိုက် မြဝတီတောင်ပိုင်းတွင် နောက်ထပ် စခန်း ၃ ခုသာကျန်

June 3, 2025

ဖားကန့်တွင် ယမ်းဂိုထောင်ပေါက်ကွဲမှုကြောင့် လူနှစ်ဦး သေဆုံး

June 3, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.