• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်
  • ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး
  • စစ်တွေတွင် ရွေးကောက်ပွဲကျင်းပပြီးနောက် လက်နက်ကြီးသံများ ဆက်တိုက်ထွက်ပေါ်
  • ဘက်စုံပိတ်ဆို့မှုကြောင့် စစ်တွေလက်လုပ်လက်စားများ အငတ်ဘေး ရင်ဆိုင်နေရ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»နေ့စဉ်သတင်း»တိုက်ပွဲတိမ်းရှောင်နေသည့် ကချင်ဒေသခံ ၂ ဦး လက်နက်ကြီးထိမှန်သေဆုံး
နေ့စဉ်သတင်း

တိုက်ပွဲတိမ်းရှောင်နေသည့် ကချင်ဒေသခံ ၂ ဦး လက်နက်ကြီးထိမှန်သေဆုံး

thanlwinkhetBy thanlwinkhetMarch 22, 2024No Comments1 Min Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

တိုက်ပွဲတိမ်းရှောင်နေသည့် ကချင်ဒေသခံ ၂ ဦး လက်နက်ကြီးထိမှန်သေဆုံး

******

ထွယ်

မတ် ၂၂၊ ၂၀၂၄။

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်တွင် လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့သည့်အတွက် စစ်ဘေးတိမ်းရှောင်နေ သည့် ဒေသခံ ၂ ဦး သေဆုံးခဲ့သည်ဟု ဒေသခံများထံကသိရသည်။

ယမန်နေ့တွင် နွယ်လန်းကျေးရွာနှင့် နောင်းကွမ်ကျေးရွာ၌တိုက်ပွဲဖြစ်ပွားစဉ် ဟင်္သာကျေးရွာကို လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် အမျိုးသမီး ၂ ဦးသေဆုံးခဲ့ခြင်းဖြစ်သည်။

သေဆုံးသွားသည့်အမျိုးသမီး ၂ ဦးသည် အသက် ၂၀ ကျော်အရွယ်နှင့် အသက် ၇၀ ကျော်အရွယ်များဖြစ်ကြပြီး ၎င်းတို့မှာ မိုးမောက်မြို့နယ်၊ မင်းဂျမ်းကျေးရွာမှ ဟင်္သာကျေးရွာသို့ တိုက်ပွဲတိမ်းရှောင်နေကြသူများဖြစ်သည်ဟု လူမှုကူညီရေးဆောင်ရွက်နေသူများထံက သိရသည်။

လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီး ၂ ဦးသေဆုံးခဲ့သည့်အပြင် အသက် ၃ နှစ်ကျော်အရွယ် ယောက်ျားလေး ၁ ဦး နှင့် အမျိုးသမီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည် လူမှုကူညီရေးဆောင်ရွက်နေသူ ၁ ဦးက သံလွင်ခက်သတင်းဌာနကို ပြောသည်။

၎င်းက “ ၁ ယောက်ကတော့ ဒီနေ့ခွဲခန်းဝင်ပြီ။ ဒီနေ့ခွဲစိတ်ခန်းဝင်တဲ့ ၁ ယောက်က ရင်ဘတ်မှာထိထားတဲ့ ၁ ယောက်ပါ။ တချို့တော့ ခြေထောက်မှာထိထားတာ” ဟု ပြောသည်။

လက်နက်ကြီးစထိမှန်ခဲ့သည့် ဟင်္သာကျေးရွာ ဒေသခံ ၅ ဦးသည် လက်ရှိတွင် ဗန်းမော်ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေသည်ဟု သိရသည်။

ဟင်္သာကျေးရွာသည် ယမန်နေ့ကတိုက်ပွဲဖြစ်ပွားခဲ့သည့် နွယ်လန်းကျေးရွာ၏ မိုးလဲချောင်းတစ်ဖက်ကမ်းတွင် တည်ရှိပြီး လက်ရှိတိုက်ပွဲပြင်းထန်နေသည့် နွယ်လန်းကျေးရွာနှင့် မင်းဂျမ်းကျေးရွာက ဒေသခံတချို့ တိုက်ပွဲတိမ်း ရှောင်နေသည့် ကျေးရွာလည်းဖြစ်သည်။

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်တွင် ယခုမတ်လ ၇ ရက် မြစ်ကြီးနား – ဗန်းမော် လမ်းမပေါ်က  စစ်ကောင်စီ၏ တပ်စခန်းများကို KIA နှင့် ပူးပေါင်းတပ်က တစ်ပြိုင်တည်း ထိုးစစ်ဆင်တိုက်ခိုက်ချိန်ကတည်းက တိုက်ပွဲပြင်းထန်နေပြီး နွယ်လန်းကျေးရွာနှင့် ၂၅ မိုင်ခန့်ဝေးသည့် မိုးမောက်မြို့ရှိ စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခမရ – ၄၃၇ တပ်ရင်းကလည်း နေ့စဉ်လက်နက်ကြီးဖြင့် ပစ်ခတ်လျက်ရှိသည်ဟု မိုးမောက်မြို့ဒေသခံများက ပြော သည်။

စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခမရ – ၄၃၇ တပ်ရင်းကပစ်ခတ်သည့် လက်နက်ကြီးကြောင့် ယခု မတ်လအတွင်း မိုးမောက်မြို့က ဒေသခံ ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု မိုးမောက်မြို့ ဒေသခံများထံက သိရသည်။

************

Telegram– > https://t.me/newstlk/3935

YouTube – > https://youtu.be/6X9AvN2FnIw?si=BGNM7eyxs7ZtJG7d

Website – > https://thanlwinkhet.net/?p=8597

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleမိုးမောက်ရှိစစ်ကောင်စီတပ်ရင်းများကို KIA သိမ်းပိုက်
Next Article TNLA က တအာင်းဒေသပြန်လည်ထူထောင်ရေးအတွက် သိန်း ၄,၀၀၀ ကျော်ထောက်ပံ့
thanlwinkhet
  • Website

Related Posts

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ခရစ္စမတ်နေ့ဆုတောင်းသည့် ဒိုက်ဦးနိုင်ကျဉ်းသူများ ရိုက်နှက်ခံရ

December 29, 2025

ရွေးကောက်ပွဲအကြောင်းပြ ကရင်နီကုန်သွယ်လမ်းများ စစ်ကော်မရှင်ပိတ်

December 28, 2025

Leave A Reply Cancel Reply

Recent Posts

  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

ယခင်သတင်းများ

  • December 2025
  • November 2025
  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ထုတ်ပြန်ချက်
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နိုင်ငံရေးသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • ရွေးကောက်ပွဲသတင်း
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

December 31, 2025

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

December 31, 2025

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

December 31, 2025

ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

December 31, 2025

ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး

December 30, 2025
Copyright © 2026. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.