မိုးမောက်ရှိစစ်ကောင်စီတပ်ရင်းများကို KIA သိမ်းပိုက်
**************
ထွယ်
မတ် ၂၂၊ ၂၀၂၄။
ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ နွယ်လန်းကျေးရွာတွင်ရှိသည့် စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ – ၄၃၈ တပ် ရင်းနှင့် နောင်းကွမ် – Nawng Kawn ကျေးရွာတွင်ရှိသည့် အမှတ် – ၃၇၀ အမြောက်တပ်ရင်း အပါအဝင် ခမရ – ၆၁၆ ဒုံးတပ်ရင်းကို ကချင်လွတ်လပ်ရေးတပ်မတော် – KIA က ယမန်နေ့ညနေပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ သည်ဟု ရှေ့တန်းရဲဘော်များထံက သိရသည်။
စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခမရ – ၄၃၈ သည် မြစ်ကြီးနား – ဗန်းမော်ကားလမ်းမဘေးတွင်တည်ရှိပြီး စစ်ရေးအတွက်အလွန်အရေးပါသည့်တပ်စခန်း တစ်ခုဖြစ်သည်ဟု ရှေ့တန်းသတင်းရင်းမြစ် ၁ ဦးက သံလွင်ခက် ကို ပြောသည်။
၎င်းက “မနေ့က နွယ်လန်းနဲ့ နောင်းကွမ် သိမ်းနိုင်တာ ဟုတ်တယ်။ နွယ်လန်းက အကုန်သိမ်းနိုင်တာပဲ။ စခန်းရ တာ သေချာပြီ” ဟု ပြောသည်။
အဆိုပါတပ်စခန်းများကို ယမန်နေ့ညနေ ၅ နာရီခန့်ခွဲကတည်းက စတင်သိမ်းဆည်းနိုင်ခဲ့ပြီး စခန်းအားလုံးကို ညနေ ၇ နာရီခန့်တွင် အပြီးတိုင်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ရှေ့တန်းသတင်းရင်းမြစ်များထံက သိရ သည်။
ထို့အပြင် အမှတ် ၆၁၆ ဒုံးတပ်ရင်းသည် ၂၀၂၁ ခုနှစ် ဇူလိုင် ၁၄ ရက်တွင် ၎င်းတပ်ရင်းမှ ထွက်ပြေးသွားသော စစ်သား ၃ ဦးသည် နွယ်လန်းကျေးရွာက အမျိုးသမီး ၁ ဦးကို အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့သည်။
KIA နှင့် ပူးပေါင်းတပ်သည် မိုးမောက်မြို့ရှိ မြစ်ကြီးနား – ဗန်းမော် ကားလမ်းမပေါ်က စစ်ကောင်စီ၏ ဒေါ့ဖုန်းယန်တပ်အပြင် ယမန်နေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် ခမရ – ၄၃၈ တပ်ရင်းနှင့် နောင်းကွမ် – Nawng Kawn ကျေးရွာတွင်ရှိသည့် အမှတ် ၃၇၀ အမြောက်တပ်ရင်းအပါအဝင် ခမရ – ၆၁၆ ဒုံးတပ်ရင်းကို မတ်လ ၇ ရက်နေ့ကတည်းက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
မိုးမောက်မြို့နယ်တွင် KIA ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေ သဖြင့် နွယ်လန်းကျေးရွာက ဒေသခံများ အပါအဝင် မြို့သစ်ကျေးရွာ၊ ကုန်းလောကျေးရွာ၊ စီဟတ်ကျေးရွာနှင့် နောင်းကွမ်ဒေသခံအများစုသည် မိမိကျေးရွာမှ တိုက်ပွဲတိမ်းရှောင်နေသည်မှာ ၁ လကျော်ခန့် ရှိပြီဖြစ်သည်။
KIA နှင့် ပူးပေါင်းတပ်များသည် ကချင်ပြည်နယ်ရှိ စစ်ကောင်စီ၏ တပ်စခန်းများကို တစ်ပြိုင်တည်း ထိုးစစ်ဆင် တိုက်ခိုက်နေသည်မှာ ၂ ပတ်ခန့်ရှိပြီဖြစ်ပြီး ယမန်နေ့နံနက်က KIA ဌာနချုပ်ဟောင်း နာဖော့ – Na Hpaw စခန်း ကုန်းကို ၄ ရက်သာ တိုက်ခိုက်ပြီးနောက် ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။
ထို့အပြင် KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီးရှိ ဘွမ်ရယ်တောင် – Bumre Bum၊ ခယာဘွမ် – Hkaya Bum၊ ဖွန်း ပရန်တောင် – Hpun pyen Bum နှင့် အင်းတပ်တောင် – N tap Bum အပါအဝင် မလိတပ်စခန်းကြီးနှင့် စစ် ကောင်စီ၏ ရှေတန်းကာကင်းစခန်းများ၊ စခန်းကြီး၊ စခန်းငယ် စုစုပေါင်း ၃၀ အထက် တိုက်ခိုက်သိမ်းပိုက် ထားနိုင်ပြီဟု ရှေ့တန်းသတင်းရင်းမြစ်များထံက သိရသည်။
ပုံစာ – KIA တပ်ဖွဲ့ဝင်များ။
Photo – Credit
************
Telegram– > https://t.me/newstlk/3934
YouTube – > https://youtu.be/6X9AvN2FnIw?si=BGNM7eyxs7ZtJG7d
Website – > https://t.me/newstlk/3934