• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်
  • ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး
  • စစ်တွေတွင် ရွေးကောက်ပွဲကျင်းပပြီးနောက် လက်နက်ကြီးသံများ ဆက်တိုက်ထွက်ပေါ်
  • ဘက်စုံပိတ်ဆို့မှုကြောင့် စစ်တွေလက်လုပ်လက်စားများ အငတ်ဘေး ရင်ဆိုင်နေရ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»တိုက်ပွဲသတင်း»မြဝတီမြို့အနီးရှိ စစ်ကောင်စီတပ်ရင်းများကို ကာကွယ်ရေးတပ်များ ဆက်လက်ထိုးစစ်ဆင်
တိုက်ပွဲသတင်း

မြဝတီမြို့အနီးရှိ စစ်ကောင်စီတပ်ရင်းများကို ကာကွယ်ရေးတပ်များ ဆက်လက်ထိုးစစ်ဆင်

thanlwinkhetBy thanlwinkhetMarch 15, 2024No Comments1 Min Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

မြဝတီမြို့အနီးရှိ စစ်ကောင်စီတပ်ရင်းများကို ကာကွယ်ရေးတပ်များ ဆက်လက်ထိုးစစ်ဆင်

********************************

နန်းဆုပန်ခန့်

မတ် ၁၅၊ ၂၀၂၄။

ကရင်ပြည်နယ်၊ မြဝတီမြို့အနီး ကျန်ရှိနေသေးသည့် စစ်ကောင်စီတပ်ရင်းများကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် – PDF ပူးပေါင်းတပ်များက ဆက်လက်ထိုးစစ်ဆင်လျက်ရှိသည်ဟု ဒေသခံနှင့် မြေပြင်ရဲဘော်များထံက သိရသည်။

မြဝတီမြို့အနီး သင်္ဃန်းညီနောင်ဒေသတွင်းရှိ စစ်ကောင်စီလက်အောက်ခံ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ ၁၂ လက်အောက်ခံ ကျန်ရှိနေသည့် ခမရ-၃၅၆၊ ၃၅၇ တပ်ရင်း နှင့် ဗျူဟာကုန်းတပ်များကို KNLA နှင့် ပူးပေါင်းတပ်က ဆက်လက်ထိုးစစ်ဆင်နေရာ ယနေ့နံနက် ၄ နာရီကစတင်၍ ညနေပိုင်းအထိ တိုက်ပွဲများပြင်းထန်နေသည်ဟု ကာကွယ်ရေးရဲဘော်များထံက သိရသည်။

ကာကွယ်ရေးရဲဘော် ၁ ဦးက “ အဲ့ဘက်မှာကျန်တာကတော့ ၃၅၇ ရယ် ဗျူဟာကုန်းရယ်ပေါ့။ သူတို့ကုန်းပေါ်မှာ လူမရှိတော့ဘူး။ ကုန်းကနေသူတို့လူတွေပြေးသွားတော့ အပေါ်ကလေယာဉ်တွေနဲ့ကော၊ ဒရုန်းတွေနဲ့ကော လက်နက်ကြီးတွေနဲ့ကော ထုတာ ” ဟု ဆိုသည်။

ယနေ့နံနက်အစောပိုင်းကစ၍ စစ်ကောင်စီဘက်က တိုက်လေယာဉ်ဖြင့် ၃ ကြိမ်တိုင်တိုင် လာရောက်ပစ်ခတ်ခဲ့ပြီး Y-12 ထောက်ပို့လေယာဉ်ဖြင့်လည်း ဗုံးသီးများကြဲချခဲ့သည်ဟု မြေပြင်ရဲဘော် ၁ ဦးကပြောသည်။

၎င်းက “ တိုက်လေယာဉ်က ၃ ကြိမ်လာတယ်။ Y-12 ရော ကြဲတယ်၊ လေယာဉ်က ၁ ကြိမ်လာရင် ၁ လုံးပဲ ကြဲချတယ်။ Y-12 က ၁ ခါကြဲရင် တပြိုင်တည်း ၁၀ လုံးကြဲတယ်” ဟု ဆိုသည်။

ယနေ့နံနက်ပိုင်း တိုက်ပွဲဖြစ်ပွားချိန်တွင် စစ်ကောင်စီက လေကြောင်းပစ်ကူများအပြင် လက်နက်ကြီးများဖြင့်လည်း အများအပြားပစ်ကူပေးတိုက်ခိုက်ခဲ့ရာ မြဝတီမြို့တွင်းနှင့် ထိုင်း – မြန်မာနယ်စပ် မဲဆောက်မြို့သို့လည်း ပေါက်ကွဲသံများ ယနေ့မနက်အစောပိုင်းကစ၍ ကြားနေရသည်ဟု ဒေသခံများထံက သိရသည်။

စစ်ကောင်စီ၏ လေကြောင်းပစ်ကူနှင့် လက်နက်ကြီးပစ်ကူများကြောင့် သင်္ဃန်းညီနောင်ကျေးရွာအနီး ဝှေ့ရှမ်းကျေးရွာ ဒေသခံ ၂ ဦးထက်မနည်း သေဆုံးမှုရှိခဲ့သည်ဟု ဒေသခံများထံက သိရသည်။

သင်္ဃန်းညီနောင်ရှိ စကခ ၁၂ လက်အောက် ခမရ – ၃၅၅ ကို မတ်လ ၇ ရက် နံနက်ပိုင်းတွင် စတင်ထိုးစစ်ဆင်ခဲ့ပြီးနောက်  KNLA နှင့် ပူးပေါင်းတပ်က လက်ရှိအချိန်၌ ခမရ – ၃၅၅ တပ်ရင်း၊ သင်္ဃန်းညီနောင်ရဲစခန်းနှင့် တာဝါတိုင်စခန်းကုန်းအား သိမ်းပိုက်ထားနိုင်ခဲ့သည်။

ဓာတ်ပုံ – ကော်ဘရာစစ်ကြောင်း တပ်ခွဲ ၄။

ပုံစာ – တိုက်ပွဲအတွင်း မြင်တွေ့နေရသည့် ကော်ဘရာ စစ်ကြောင်းက ရဲဘော် ၁ ဦး။

************

အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။

Telegram – >  https://t.me/newstlk/3775

YouTube – > https://youtu.be/6X9AvN2FnIw?si=BGNM7eyxs7ZtJG7d

Website – >   https://thanlwinkhet.net/?p=8379

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleစစ်ကောင်စီ၏ဗုံးကြဲမှုကြောင့် ဆီဆိုင်မြို့နယ်က ဘုန်းကြီးကျောင်းဆောင်များပျက်စီး
Next Article လိုင်ဇာကို လက်နက်ကြီးဖြင့်ပစ်ခတ်လေ့ရှိသည့် ဘွမ်ရယ်တောင်ကို KIA သိမ်းပိုက်
thanlwinkhet
  • Website

Related Posts

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ခရစ္စမတ်နေ့ဆုတောင်းသည့် ဒိုက်ဦးနိုင်ကျဉ်းသူများ ရိုက်နှက်ခံရ

December 29, 2025

ရွေးကောက်ပွဲအကြောင်းပြ ကရင်နီကုန်သွယ်လမ်းများ စစ်ကော်မရှင်ပိတ်

December 28, 2025

Leave A Reply Cancel Reply

Recent Posts

  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

ယခင်သတင်းများ

  • December 2025
  • November 2025
  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ထုတ်ပြန်ချက်
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နိုင်ငံရေးသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • ရွေးကောက်ပွဲသတင်း
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

December 31, 2025

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

December 31, 2025

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

December 31, 2025

ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

December 31, 2025

ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး

December 30, 2025
Copyright © 2026. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.