• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • ၁၃ နှစ်ကြာ ပိတ်ထားသည် မောင်တောဗလီကြီးတွင် ပြန်လည် ဝတ်ပြုခွင့်ရပြီ
  • KNA အမည်ပြောင်း BGF က ယုံကြည်မရဟု KNU ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒိုပြော
  • သရက်တပင်ဗုံးကြဲခံရမှုတွင် ဆေးကုသနေရသော ရခိုင်ကလေးငယ်တစ်ဦး ထပ်မံသေဆုံး
  • ဘန်ကောက်ရှိ မြန်မာသံရုံးတွင် ကြိုတင်မဲပေးကာလ ရက်ထပ်တိုး
  • ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာ ၃ ဦး ရေနစ်သေဆုံး
  • လေးကေ့ကော် စစ်ရှောင် ၂၇၀၀ ကျော် စားနပ်ရိက္ခာနှင့် ဆေးဝါးများ အရေးပေါ် လိုအပ်
  • စစ်ကော်မရှင်ရွေးကောက်ပွဲက သူတို့ အာဏာသက်ဆိုးရှည်ဖို့ လုပ်တာဖြစ်တယ်
  • စစ်မီးလျှံကြား သုံးကြိမ်မြောက် ဘဝစရသူများ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»တိုက်ပွဲသတင်း»စစ်ကောင်စီ၏ ဒါဆိုင်းတပ်စခန်းကလက်နက်အများအပြား သိမ်းဆည်းရမိ
တိုက်ပွဲသတင်း

စစ်ကောင်စီ၏ ဒါဆိုင်းတပ်စခန်းကလက်နက်အများအပြား သိမ်းဆည်းရမိ

thanlwinkhetBy thanlwinkhetMarch 15, 2024No Comments1 Min Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

စစ်ကောင်စီ၏ ဒါဆိုင်းတပ်စခန်းကလက်နက်အများအပြား သိမ်းဆည်းရမိ

****************

ထွယ်

မတ် ၁၅၊ ၂၀၂၄။

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ် ဒါဆိုင်း (Da Sai) ကျေးရွာတွင်တပ်စွဲထားသည့် စစ်ကောင်စီခြေလျင်တပ်ရင်း ခလရ – ၂၃၇ ကို KIA ပူးပေါင်းအဖွဲ့က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် လက်နက်အများအပြား သိမ်းဆည်းရမိခဲ့သည်ဟု ကချင်လွတ်လပ်ရေးတပ်မတော် – KIA ရှေ့တန်းရဲဘော်များထံက သိရသည်။

၎င်းက “လက်နက်တွေတော့ ကားအကြီး ၁၀ စီးကျော်ရတယ်။ လက်နက်တွေက စုံနေတာပဲ။ ဘာလက်နက်တွေမှန်းတောင် မသိဘူး။ လက်နက်သေး (သေနတ်) တွေက ၁၄၀ ကျော်ရှိပြီ။ ရှာလေ တွေ့လေပဲ။ ဒါတောင် အကုန်မရှာနိုင်သေးဘူး” ဟုပြောသည်။

စစ်ကောင်စီ၏ အဆိုပါတပ်ရင်းကို ယမန်နေ့နံနက် ၇ နာရီခွဲခန့်တွင် KIA နှင့် ပူးပေါင်းတပ်ဖွဲ့ဝင်များက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်သည် အဆိုပါ တပ်စခန်း လက်လွှတ်ရပြီးနောက် လေကြောင်းဖြင့် ပြင်းပြင်းထန်ထန်တိုက်ခိုက်ခဲ့သည်ဟု ရှေ့တန်းရဲဘော်များထံက သိရသည်။

စစ်ကောင်စီ ခလရ – ၂၃၇ တပ်ရင်းသည် KIA ၏ တပ်မ ဟာ ၃ နယ်မြေတွင် တည်ရှိပြီး KIA ၏ တပ်ရင်း ၁၅၊ တပ်ရင်း ၁၉ နှင့် တပ်ရင်း ၂၅ ရှိ တပ်ဖွဲ့ဝင်များက ပူး ပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

စစ်ကောင်စီ၏ အဆိုပါတပ်ရင်းတွင် အင်အား ၂၀၀ ကျော်ခန့်ရှိပြီး KIA နှင့် ပူးပေါင်းတပ်တို့က မတ်လ ၇ ရက်ကတည်းက တိုက်ခိုက်‌ခဲ့ခြင်းဖြစ်ကာ တစ်ပတ်ခန့်အကြာ မတ်လ ၁၄ ရက်၌ အပြီးတိုင်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။

ဒါဆိုင်း (Da Sai) ကျေးရွာသည် မိုးမောက်မြို့နယ်၊ မြို့သစ်ကျေးရွာအုပ်စုတွင်ပါဝင်ပြီး မြစ်ကြီးနား – ဗန်းမော်လမ်းမပေါ်၌တည်ရှိသည့်ကျေးရွာဖြစ်ကာ မိုးမောက်မြို့ နယ်ရှိ ဒေသခံအချို့လည်း တိုက်ပွဲတိမ်းရှောင်လျက်ရှိသည်ဟု မိုးမောက်မြို့ဒေသခံများထံက သိရသည်။

ယခုနှစ် မတ်လ ၇ ရက်ကစတင်၍ ကချင်ပြည်နယ်တွင် KIA ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲပြင်းထန်နေပြီး တစ်ပတ်အတွင်း စစ်ကောင်စီ၏ စခန်းအကြီးများနှင့် ကာကင်းများ အပါအဝင် စုစုပေါင်း ၂၀ ခန့် တိုက်ခိုက်သိမ်းဆည်းရမိခဲ့သည်ဟု ရှေ့တန်းရဲဘော်များထံက သိရသည်။

လက်ရှိမှာတော့ ကချင်ပြည်နယ်တွင် တိုက်ပွဲများဆက် လက်ပြင်းထန်နေပြီး KIA ၏ တပ်မဟာ ၁ နယ်မြေ ဆွမ်ပရာဘွမ်မြို့နယ်တွင်တပ်စွဲထားသည့် စစ်ကောင်စီ၏ ခလရ – ၄၆ တပ်ရင်းကို KIA နှင့် ပူးပေါင်းတပ်ဖွဲ့ဝင်များ ဆက်လက်တိုက်ခိုက်နေဆဲဖြစ်သည်ဟုလည်း သိရသည်။

Video – Credit (ဒါဆိုင်းကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီ၏ ခလရ – ၂၃၇ တပ်ရင်းကသိမ်းဆည်းရမိသည့် လက်နက်များ)

************

အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။

Telegram – >  https://t.me/newstlk/3759

YouTube – > https://youtu.be/6X9AvN2FnIw?si=BGNM7eyxs7ZtJG7d

Website – >   https://thanlwinkhet.net/?p=8345

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleလက်နက်ကြီးထိမှန်မှုကြောင့် ယင်းမာပင်မြို့နယ်က ဒေသခံ ၄ ဦးသေဆုံး၊ ၁၇ ဦးခန့်ထိခိုက်ဒဏ်ရာရ
Next Article ကျိုက်ဒုံဗျူဟာကုန်းသိမ်းတိုက်ပွဲတွင် ဗျူဟာမှူး ၁ ဦးအပါအဝင် တပ်သား ၆၀ ခန့်ဖမ်းဆီးရမိ
thanlwinkhet
  • Website

Related Posts

၁၃ နှစ်ကြာ ပိတ်ထားသည် မောင်တောဗလီကြီးတွင် ပြန်လည် ဝတ်ပြုခွင့်ရပြီ

September 15, 2025

စစ်ကော်မရှင်ရွေးကောက်ပွဲက သူတို့ အာဏာသက်ဆိုးရှည်ဖို့ လုပ်တာဖြစ်တယ်

September 13, 2025

ထမင်းမစားရွာတပ်စခန်း ပြန်ရရန် ကြိုးပမ်းသည့် စစ်တပ် အထိနာ၊ ၁၅ ဦးသေဆုံး

September 12, 2025

Leave A Reply Cancel Reply

Recent Posts

  • ၁၃ နှစ်ကြာ ပိတ်ထားသည် မောင်တောဗလီကြီးတွင် ပြန်လည် ဝတ်ပြုခွင့်ရပြီ
  • KNA အမည်ပြောင်း BGF က ယုံကြည်မရဟု KNU ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒိုပြော
  • သရက်တပင်ဗုံးကြဲခံရမှုတွင် ဆေးကုသနေရသော ရခိုင်ကလေးငယ်တစ်ဦး ထပ်မံသေဆုံး
  • ဘန်ကောက်ရှိ မြန်မာသံရုံးတွင် ကြိုတင်မဲပေးကာလ ရက်ထပ်တိုး
  • ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာ ၃ ဦး ရေနစ်သေဆုံး

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

၁၃ နှစ်ကြာ ပိတ်ထားသည် မောင်တောဗလီကြီးတွင် ပြန်လည် ဝတ်ပြုခွင့်ရပြီ

KNA အမည်ပြောင်း BGF က ယုံကြည်မရဟု KNU ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒိုပြော

သရက်တပင်ဗုံးကြဲခံရမှုတွင် ဆေးကုသနေရသော ရခိုင်ကလေးငယ်တစ်ဦး ထပ်မံသေဆုံး

ဘန်ကောက်ရှိ မြန်မာသံရုံးတွင် ကြိုတင်မဲပေးကာလ ရက်ထပ်တိုး

ယခင်သတင်းများ

  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ဓာတ်ပုံသတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

၁၃ နှစ်ကြာ ပိတ်ထားသည် မောင်တောဗလီကြီးတွင် ပြန်လည် ဝတ်ပြုခွင့်ရပြီ

September 15, 2025

KNA အမည်ပြောင်း BGF က ယုံကြည်မရဟု KNU ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒိုပြော

September 14, 2025

သရက်တပင်ဗုံးကြဲခံရမှုတွင် ဆေးကုသနေရသော ရခိုင်ကလေးငယ်တစ်ဦး ထပ်မံသေဆုံး

September 14, 2025

ဘန်ကောက်ရှိ မြန်မာသံရုံးတွင် ကြိုတင်မဲပေးကာလ ရက်ထပ်တိုး

September 13, 2025

ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာ ၃ ဦး ရေနစ်သေဆုံး

September 13, 2025

လေးကေ့ကော် စစ်ရှောင် ၂၇၀၀ ကျော် စားနပ်ရိက္ခာနှင့် ဆေးဝါးများ အရေးပေါ် လိုအပ်

September 13, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.