ပြီးခဲ့သည့်လအတွင်း လူသားချင်းစာနာမှုအကူအညီ ကျပ်သိန်း ၃,၅၀၀ ကျော် NUG ထောက်ပံ့
*********************
သံလွင်ခက်
မတ် ၁၄ ၊ ၂၀၂၄ ။
ပြီးခဲ့သောဖေဖော်ဝါရီလအတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီ ငွေကျပ် ၃၅၀ ဒဿမ ၂ သန်း ကို တော်လှန်ရေးကာလအတွင်း အမှန်တကယ်အကူအညီလိုအပ်နေသူများထံ ပံ့ပိုးပေးနိုင်ခဲ့သည်ဟု အမျိုးသား ညီညွတ်ရေးအစိုးရ – NUG က ယနေ့တွင် သတင်းထုတ်ပြန်သည်။
အဆိုပါ ထောက်ပံ့ငွေများအား ပြီးခဲ့သော ၁ လတာကာလအတွင်း အရေးကြီးသည့်ဆောင်ရွက်ချက်များအနေဖြင့် ပြည်သူမှပြည်သူသို့ အလှူငွေကိုအသုံးပြု၍ NUG လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ပေးအပ်ခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီအတွင်း နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်သူ၊ စစ်ဘေးရှောင်ပြည်သူ ၁၀၉,၄၀၄ ဦး၏ အရေးပေါ်စားနပ်ရိက္ခာအတွက် အများဆုံးထောက်ပံ့ခဲ့ပြီး ငွေကျပ် ၁၈၃ သန်းပေးအပ်ခဲ့သည်။
ထိတွေ့တိုက်ပွဲများ၌ ကျဆုံးခဲ့ရသည့် ပြည်သူ ၁၉၆ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၃၅၈ ဦးအတွက် အရေးပေါ်လူသားချင်းစာနာမှုအကူအညီအဖြစ် ငွေကျပ် ၃၈ သန်း ၊ CDM ဝန်ထမ်းများအတွက် အရေးပေါ်လူသားချင်းစာနာမှုအကူအညီအဖြစ် ငွေကျပ် ၁၅ ဒဿမ ၆ သန်းတို့ကို ပေးအပ်ခဲ့သည်။
ထို့ပြင် နိုင်ငံရေးအကျဉ်းသားများနှင့် ၎င်းတို့မိသားစုဝင်များအတွက် အရေးပေါ်လူသားချင်းစာနာမှုအကူအညီအဖြစ် ငွေကျပ် ၂ ဒဿမ ၆ သန်း နှင့် အထွေထွေ လူသားချင်းစာနာမှုအကူအညီအဖြစ် ငွေကျပ် ၁၁၁ သန်း တို့ကို ပံ့ပိုးပေးခဲ့ဟု ဖော်ပြထားသည်။
************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3755
YouTube – > https://youtu.be/6X9AvN2FnIw?si=BGNM7eyxs7ZtJG7d
Website – > https://thanlwinkhet.net/?p=8338