PNO က လူသားဒိုင်းအဖြစ်အသုံးချခဲ့သူ ပအိုဝ်းအမျိုးသား ၂ ဦးကို PNLA က ပြန်လွတ်ပေး
**********************
သံလွင်ခက်
မတ် ၁၄၊ ၂၀၂၄။
ပြီးခဲ့သောဖေဖော်ဝါရီ ၆ ရက်က စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်ပူးပေါင်းအဖွဲ့များက ပအိုဝ်းအမျိုးသားလွတ် မြောက်ရေးတပ်မတော် – PNLA လုံခြုံရေးတပ်ဖွဲ့အား ချောင်းမြောင်းပစ်ခတ်ခဲ့ပြီး ထိုသို့ပစ်ခတ်ပြီးနောက် PNO ပြည်သူ့ စစ်များနှင့်အတူရှိနေခဲ့သည့် ပအိုဝ်းအမျိုးသား ၂ ဦးအား PNLA က ခေါ်ယူထိန်းသိမ်းခဲ့သည်။
စစ်ဆေးမေးမြန်းချက်များအရ အဆိုပါ ပအိုဝ်းအမျိုးသား ၂ ဦးမှာ ကျေးရွာခေါင်းဆောင်ကော်မတီဝင်များဖြစ်ကြ သည့် အသက် ၅၄ နှစ်အရွယ် ဦးခွန်မောင်လာ နှင့် အသက် ၄၅ နှစ်အရွယ် ဦးခွန်မောင်စိန်တို့ဖြစ်ပြီး PNO ပြည်သူ့ စစ်က ၎င်းတို့အား လူသားဒိုင်းများအဖြစ် ဖမ်းဆီးခေါ်ဆောင်ထားခြင်းဖြစ်သည်ဟု PNLA က ယနေ့ မတ်လ ၁၄ ရက်တွင်ထုတ်ပြန်သည်။
PNO ပြည်သူ့စစ်များနှင့် အတူရှိနေရခြင်းမှာလည်း ၎င်းတို့နေထိုင်ရာကျေးရွာများကို PNO က ဖျက်ဆီးမည်စိုးရိမ် ခြင်းကြောင့်နှင့် PNO ပြည်သူ့စစ်များကို ထမင်း၊ ဟင်း စသည်များဖြင့်ဧည့်ခံရန်အတွက်ဖြစ်သည်ဟု ဦးခွန်မောင် လာ က ထွက်ဆိုသည်။
ဦးခွန်မောင်စိန် ကလည်း ၎င်းသည် PNO ပြည်သူ့စစ်ကဖွင့်လှစ်ထားသည့် စစ်သင်တန်းအမှတ်စဥ် ၄ ကိုတက် ရောက်ခဲ့ပြီး PNO က ၎င်းအား တပ်ဖွဲ့ဝင်ကတ်၊ ပြည်သူ့စစ်ယူနီဖောင်း ၁ စုံနှင့် စကားပြောစက် ၁ လုံး ထုတ်ပေးခဲ့ သည်ဟု ထွက်ဆိုခဲ့သည်။
အခင်းဖြစ်ပွားသည့် ဖေဖော်ဝါရီ ၆ ရက်တွင် PNLA တပ်ဖွဲ့ဝင်များအား PNO ကချောင်းမြောင်းပစ်ခတ်ခဲ့ခြင်း ကြောင့် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး PNO ပြည်သူ့စစ်များထွက်ပြေးသွားခဲ့သည်ဟု ထုတ်ပြန်ချက် ကဆိုသည်။
PNLA က ဖမ်းဆီးထိန်းသိမ်းခဲ့သူ အဆိုပါ ပအိုဝ်းအမျိုးသား ၂ ဦးအား PNLA က မည်သည့်ညှဥ်းပမ်းနှိပ်စက်မှုမျိုးကို မျှမပြုလုပ်ခဲ့ဘဲ ကောင်းမွန်စွာထိန်းသိမ်းခဲ့ပြီး တရားရေးဌာနက လိုအပ်သောစစ်ဆေးမှုများပြုလုပ်ပြီးနောက် ပြစ်မှု ကျူးလွန်ထားခြင်းမရှိသဖြင့် ယမန်နေ့က ပြန်လွတ်ပေးခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြချက်အရ သိရသည်။
ရှမ်းပြည်တောင်ပိုင်းရှိ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများတွင် PNLA နှင့် PNO ပြည်သူ့စစ်များကြား ပြင်းထန် တိုက်ပွဲများဖြစ်ပွားနေသောကြောင့် ယင်းဒေသရှိပြည်သူများအနေဖြင့် စစ်ကောင်စီစစ်ကြောင်းများနှင့် အတူလိုက် ပါနေထိုင်ခြင်း၊ စစ်ကောင်စီနှင့် ၎င်းတို့အပေါင်းအပါများနေထိုင်ရာစခန်းများအနီး သွားလာနေထိုင်ခြင်း၊ စစ်ကောင် စီနှင့် ပြည်သူ့စစ်များ၏ယူနီဖောင်းများဝတ်ဆင်ခြင်း၊ သိမ်းဆည်းခြင်းများမပြုလုပ်ကြရန် PNLA က အသိပေးထား သည်။
ဓာတ်ပုံ – PNLA
ပုံစာ – PNLA ကပြန်လွတ်ပေးလိုက်သည့် ပအိုဝ်းအမျိုးသား ၂ ဦး။
************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3753
YouTube – > https://youtu.be/6X9AvN2FnIw?si=BGNM7eyxs7ZtJG7d
Website – > https://thanlwinkhet.net/?p=8332