• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်
  • ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး
  • စစ်တွေတွင် ရွေးကောက်ပွဲကျင်းပပြီးနောက် လက်နက်ကြီးသံများ ဆက်တိုက်ထွက်ပေါ်
  • ဘက်စုံပိတ်ဆို့မှုကြောင့် စစ်တွေလက်လုပ်လက်စားများ အငတ်ဘေး ရင်ဆိုင်နေရ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»တိုက်ပွဲသတင်း»တနင်္သာရီတိုင်းကဒေသခံများ လေကြောင်းတိုက်ခိုက်ခံနေရ
တိုက်ပွဲသတင်း

တနင်္သာရီတိုင်းကဒေသခံများ လေကြောင်းတိုက်ခိုက်ခံနေရ

thanlwinkhetBy thanlwinkhetMarch 6, 2024No Comments1 Min Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

တနင်္သာရီတိုင်းကဒေသခံများ လေကြောင်းတိုက်ခိုက်ခံနေရ

********************

သဇင်

မတ် ၆၊ ၂၀၂၄။

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်တွင် ယခုလအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် သရက်ချောင်းမြို့နယ် တောင်ပျောက်တိုက်နယ်ရှိဒေသခံထောင်ချီ နေရပ်စွန့်ခွာတိမ်းရှောင်နေကြရသည်ဟု စစ် ရှောင်အရေးကူညီသူများထံက သိရသည်။

ယခု မတ်လ ၂ ရက်နှင့် မတ်လ ၄ ရက်တွင် သရက်ချောင်းမြို့နယ် ရောင်းမော်ရွာနှင့် စုံစင်ဖျားရွာကို စစ် ကောင်စီက လေကြောင်းဖြင့်တိုက်ခိုက်ခဲ့သည့်အတွက် အရပ်သားတချို့ထိခိုက်သေဆုံးခဲ့သည်။

မတ်လ ၄ ရက်တွင် သရက်ချောင်းမြို့ စုံစင်ဖျားရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက Mi – 2 ရဟတ် ယာဉ် ၁ စင်းဖြင့် ဗုံး ၁ ၄လုံးကြဲချတိုက်ခိုက်ခဲ့သည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ခရီးသည်တင်မော်တော်ယာဥ်များအားလုံး အဝေးပြေးလမ်း၌ရပ်ထားစဉ် ထားဝယ်မှ မြိတ်ဘက်သို့ဆင်းလာသည့် ခရီးသည်တင်မော်တော်ယာဥ် ၁ စီးကအမျိုးသမီး ၁ ဦး ဗုံးစထိမှန်ကာ သေဆုံးခဲ့သည်ဟု ဒေသခံအမျိုးသား ၁ ဦးကဆိုသည်။

၎င်းက “ရဟတ်ယာဉ်က ၁ စင်းပဲ။ ရပ်ထားတဲ့ယာဉ်တန်းကိုပစ်သွားတာ။ သက်ကြီးပိုင်း ခရီးသည်အမျိုးသမီး ၁ ဦး ဆုံးသွားတယ်။ သားအဖ၂ ယောက်မှာ ကလေးက ခြေသလုံးကိုထိတယ်။ အဖေက နှာခါင်းရိုးထိသွားတယ်။ ရွှေမန္တလေး ခရီးသည်တင်ကား ၁ စီးလည်း ပျက်စီးသွားတယ်”ဟုဆိုသည်။

ယင်းအပြင် အသက် ၁၀ နှစ်အရွယ်ကလေးငယ်အပါအဝင် ဒဏ်ရာရရှိသူ ၅ ဦးထက်မနည်းရှိခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။

ထို့နည်းတူ မတ်လ၂ရက်နေ့တွင်လည်း သရက်ချောင်းမြို့နယ် ရောင်းမော်ရွာကို စစ်ကောင်စီတပ်က Mi-2 ရဟတ်ယာဉ် ၂ စီးစင်းဖြင့် ဗုံးအလုံးရေ ၂၀ ကျော် ကြဲချတိုက်ခိုက်ခဲ့သည်။

အဆိုပါဖြစ်စဉ်တွင် စစ်ဘေးတိမ်းရှောင်နေသည့်အမျိုးသမီး ၁ ဦး ဗုံးစထိမှန်သေဆုံးခဲ့ပြီး နေအိမ် ၃ လုံးထိခိုက် ပျက်စီးခဲ့ကာ ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိခဲ့သည်ဟု ဒေသခံများ၏ပြောပြချက်အရ သိရသည်။

ထိုသို့လေကြောင်းတိုက်ခိုက်မှုများကြောင့်  သရက်ချောင်းမြို့နယ် တောင်ပျောက်တိုက်နယ်ရှိ ရောင်းမော်ရွာ၊ ဆေး ဖြတ်ကုန်း၊ ကင်းရှေ့ စသည့်ရွာများကဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု စစ်ရှောင်အရေးကူညီသူ  ၁ ဦးကဆိုသည်။

“ရွာ ၃ ရွာပေါင်းရင် အိမ်ခြေက ၃၀၀ ကျော်၊ ရွာလုံးကျွတ်ပဲ။ လေကြောင်းရန်ကြောက်လို့ ရွာထဲဘယ်သူမှ မနေတော့ဘူးလေ။ ဘေးပတ်ဝန်းကျင်ရွာတွေလည်း ရွှေ့တဲ့သူကရွှေ့နေကြပြီ”ဟုဆိုသည်။

ယခုမတ်လအတွင်း ထားဝယ်မြို့နယ် အရှေ့တောဒေသနှင့် သရက်ချောင်းမြို့နယ်တွင် နှစ်ဖက်ထိတွေ့တိုက်ပွဲများ အပြင် စစ်ကောင်စီတပ်၏လေကြောင်းတိုက်ခိုက်မှုများကြောင့် ဒေသခံထောင်ချီ အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရ သည်။

ဓာတ်ပုံ – ပေးပို့။

ပုံစာ – လေကြောင်းတိုက်ခိုက်မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ရောင်းမော်ရွာကပြည်သူများ။

************

အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။

Telegram – >  https://t.me/newstlk/3630

YouTube – > https://youtu.be/M_6Wem4Ju9k?si=hD_KqRB2lEvj95D8

Website – > https://thanlwinkhet.net/?p=8122

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleအားကိုးရာမဲ့နေဆဲ ခေတ်သစ်မြန်မာရွှေ့ပြောင်းတို့ ဘဝ
Next Article အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေးကို စစ်ကောင်စီအဆင့်မြင့်အရာရှိတက်ရောက်
thanlwinkhet
  • Website

Related Posts

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ခရစ္စမတ်နေ့ဆုတောင်းသည့် ဒိုက်ဦးနိုင်ကျဉ်းသူများ ရိုက်နှက်ခံရ

December 29, 2025

ရွေးကောက်ပွဲအကြောင်းပြ ကရင်နီကုန်သွယ်လမ်းများ စစ်ကော်မရှင်ပိတ်

December 28, 2025

Leave A Reply Cancel Reply

Recent Posts

  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

ယခင်သတင်းများ

  • December 2025
  • November 2025
  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ထုတ်ပြန်ချက်
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နိုင်ငံရေးသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • ရွေးကောက်ပွဲသတင်း
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

December 31, 2025

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

December 31, 2025

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

December 31, 2025

ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

December 31, 2025

ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး

December 30, 2025
Copyright © 2026. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.