• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်
  • ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး
  • စစ်တွေတွင် ရွေးကောက်ပွဲကျင်းပပြီးနောက် လက်နက်ကြီးသံများ ဆက်တိုက်ထွက်ပေါ်
  • ဘက်စုံပိတ်ဆို့မှုကြောင့် စစ်တွေလက်လုပ်လက်စားများ အငတ်ဘေး ရင်ဆိုင်နေရ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»နေ့စဉ်သတင်း»ပြစ်မှုကျူးလွန်မထားပါက ဖမ်းဆီးထားသည့် ထားဝယ်နည်းပညာတက္ကသိုလ် ကျောင်းအုပ်ကြီးအပါအဝင် ၃ ဦး အားလွတ်ပေးရန် DDMSC တောင်းဆို
နေ့စဉ်သတင်း

ပြစ်မှုကျူးလွန်မထားပါက ဖမ်းဆီးထားသည့် ထားဝယ်နည်းပညာတက္ကသိုလ် ကျောင်းအုပ်ကြီးအပါအဝင် ၃ ဦး အားလွတ်ပေးရန် DDMSC တောင်းဆို

thanlwinkhetBy thanlwinkhetMarch 1, 2024No Comments2 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

ပြစ်မှုကျူးလွန်မထားပါက ဖမ်းဆီးထားသည့် ထားဝယ်နည်းပညာတက္ကသိုလ် ကျောင်းအုပ်ကြီးအပါအဝင် ၃ ဦး အားလွတ်ပေးရန် DDMSC တောင်းဆို

*****************************

သံလွင်ခက်

မတ် ၁၊ ၂၀၂၄။

ပြစ်မှုကျူးလွန်ထားခြင်းမရှိပါက ဖမ်းဆီးထားသည့် ထားဝယ်နည်းပညာတက္ကသိုလ် ကျောင်းအုပ်ကြီး(ဒု-ပါမောက္ခ ချုပ် ဒေါက်တာကျော်အောင်)၊ အင်္ဂလိပ်စာဌာန ဌာနမှူး ဒေါ်စုစုလတ် နှင့် မြိုပြအင်ဂျင်နီယာဌာန ဌာနမှူး ဒေါက်တာနန္ဒာလွင်တို့အား ပြန်လည်လွတ်ပေးရန် ထားဝယ်အခြေစိုက်တော်လှန်ရေးတပ်ဖွဲ့တစ်ဖွဲ့ဖြစ်သည့် ဗထူး တပ်မတော်အား ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ – DDMSC ကတောင်းဆိုလိုက်သည်။

ဖေဖော်ဝါရီ ၂၈ ရက်တွင် တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှင်ကျေးရွာ၊ နည်းပညာ တက္ကသိုလ် ( ထားဝယ် )အနီး ဘုရားမဲစစ်ဆေးရေးဂိတ်နှင့်ကပ်လျှက် ဘုရားမဲဘုန်းကြီးကျောင်းအတွင်း တပ်စွဲနေထိုင်သော ကာကင်းစခန်းနှင့် ဘုရားမဲစစ်ဆေးရေးဂိတ်အား ဗထူးတပ်မတော်က ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

ထို့နောက် နည်းပညာတက္ကသိုလ် ( ထားဝယ် ) က Non – CDM ဒု-ပါမောက္ခချုပ် ဒေါက်တာကျော်အောင်၊ ဌာနမှူး ဒေါ်စုစုလတ်နှင့် ဌာနမှူး ဒေါ်နန္ဒာလွင်တို့ ၃ ဦးအား ဗထူးတပ်မတော်တပ်ဖွဲ့ဝင်များက ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။

ဗထူးတပ်မတော်က ဖမ်းဆီးထားသည့် ထားဝယ်နည်းပညာသက္ကသိုလ် Non CDM ဝန်ထမ်း ၃ ဦးသည် ပြည်သူလူထုအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ အကြမ်းဖက်မှုများ၊ ရာဇဝတ်ပြစ်မှုများကျူးလွန်ထားခြင်း တစုံတရာမရှိပါက လက်နက်ကိုင်တပ်ဖွဲ့များ လေးစားလိုက်နာရမည့် နိုင်ငံတကာလူသားချင်းစာနာမှု စံနှုန်းတန်ဖိုးများအရ ချက်ချင်းပြန်လည်လွတ်ပေးစေလိုသည်ဟု အချက် ၇ ချက်ပါ တောင်းဆိုချက်ဖြင့် ဖေဖော်ဝါရီ ၂၉ ရက်ညပိုင်း တွင် DDMSC ကတိုက်တွန်းတောင်းဆိုခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးခံထားရသူ ၃ ဦးသည် အာဏာသိမ်းစစ်ကောင်စီ၏ စစ်ရေးလှုပ်ရှားမှုများတွင် ပါဝင်ပတ်သက်ခြင်း၊ CDM ဝန်ထမ်း/ကျောင်းသားများအပါအဝင် ပြည်သူများအပေါ် ပြစ်မှုကျူးလွန်ခြင်း၊ ခြိမ်းခြောက်ခြင်းမျိုး မရှိဟု ထား ဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

DDMSC အဖွဲ့ဝင် ၁ ဦးက ” ဖမ်းခံလိုက်ရတဲ့ Non CDM ဆရာ၊ ဆရာမ ၃ ယောက်ထဲမှာ အရင်ထဲကရှိတဲ့ စည်ပင် ဌာနမှူး ဒေါက်တာနန္ဒာလွင်ပေါ့ဗျာ။ ကျန်တဲ့ ၂ ယောက်ကတော့ အာဏာသိမ်းပြီးကာလမှ အသစ်ရောက်လာတာ ဖြစ်မယ်။ ဒေါက်တာနန္ဒာလွင်နဲ့ပတ်သက်ပြီး ကျွန်တော်တို့လည်း မေးမြန်းစုံစမ်းတာတွေလုပ်တယ်။ မေးမြန်းတဲ့ အခါကျတော့ လူ့အခွင့်အရေးချိုးဖောက်တာတွေ၊ အကြမ်းဖက်မှုတွေမှာ ပါဝင်ပတ်သက်တာမျိုးတွေမရှိဘူး။ ကျွန်တော်တို့သိရသလောက်ဆိုရင်။ အဲဒါကြောင့်ပဲ ကျွန်တော်တို့အနေနဲ့ တောင်းဆိုတာပေါ့။ သက်ဆိုင်ရာ လက် နက်ကိုင်တပ်ဖွဲ့ကို လိုအပ်တဲ့စစ်ဆေးမေးမြန်းမှုတွေလုပ်ပြီးတော့ ပြန်လွတ်ဖို့ အဲဒါတာတွေ တောင်းဆိုတာဖြစ် တယ် ” ဟုဆိုသည်။

အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု – CDM သည် အတင်းအဓမ္မဖိအားပေး ပါဝင်စေခိုင်း၍ရသည့် လှုပ်ရှားမှု မျိုးမဟုတ်ဘဲ မိမိသဘောဆန္ဒအရပါဝင်လိုသူများသာ ပါဝင်လှုပ်ရှားနိုင်သည့်လှုပ်ရှားမှုဖြစ်ပြီး CDM လှုပ်ရှားမှုတွင် မပါဝင်ဘဲ Non CDM ဝန်ထမ်းအဖြစ် ဆက်လက်ရပ်တည်နေခြင်းသည် နိုင်ငံသား ၁ ဦးအနေဖြင့် ရွေးချယ်ခွင့်ရှိ သည့် အခြေခံအခွင့်အရေးဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

လက်ရှိတွင် ဖမ်းဆီးထိန်းသိမ်းထားသည့် ဒု-ပါမောက္ခချုပ် ဒေါက်တာကျော်အောင်၊ ဌာနမှူး ဒေါ်စုစုလတ်နှင့် ဌာနမှူး ဒေါ်နန္ဒာလွင်တို့ ၃ ဦးအား စစ်ဆေးမှုများလုပ်ဆောင်နေဆဲဖြစ်သည်ဟု ဗထူးတပ်မတော်က တာဝန်ရှိသူ ၁ ဦး က သံလွင်ခက်သတင်းဌာနကို ပြောသည်။

၎င်းက ” ဒီထိန်းသိမ်းထားတာနဲ့ပက်သက်ပြီး ကျွန်တော်တို့အနေနဲ့က လက်ရှိ စစ်ဆေးဆောင်ရွက်နေဆဲဖြစ်တယ်။ အဲလောက်ပဲ ပြောလို့ရဦးမယ် ” ဟုဆိုသည်။

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ- NUCC ကထုတ်ပြန်ထားသည့် နိုင်ငံ့ဝန်ထမ်း CDM မူဝါဒတွင်လည်း CDM ဝန်ထမ်းများအပါအဝင် ပြည်သူလူထုအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ အကြမ်းဖက်မှုများ၊ ရာဇဝတ်မှု များကျူးလွန်သည့် Non – CDM ဝန်ထမ်းများကိုသာ ဥပဒေအတိုင်းအရေးယူမည်ဟု ပါရှိသည်။

ထို့ကြောင့် ကာကွယ်ရေးတပ်ဖွဲ့များအနေဖြင့်လည်း တော်လှန်ရေးဦးဆောင်အဖွဲ့များကလက်ခံထားသည့် စံ သတ်မှတ်ချက်များနှင့် အညီ ဆောင်ရွက်စေချင်သည်ဟု DDMSC အဖွဲ့ဝင် ၁ ဦးက ဆိုသည်။

၎င်းက ” NUCC ရဲ့ CDM ပေါ်လစီအရဆိုရင် အကြမ်းဖက်မှုတွေမှာ ပါဝင်ပတ်သက်တဲ့ဟာမျိုး ရာဇဝတ်မှုကျုးလွန် ထားတဲ့ဟာမျိုး ပြီးတော့ လူ့အခွင့်အရေးချိုးဖောက်တဲ့ဟာမျိုးတှေတွေ မရှိဘူးဆိုရင် Non – CDM ဆိုတဲ့ အကြောင်းပြချက်တစ်ခုထဲနဲ့တော့ သူတို့ကို ဖမ်းဆီးအရေးယူခွင့်မရှိဘူးလို့ နားလည်တယ်။ ပြီးတော့ NUCC ဆိုတာကလည်း ကျွန်တော်တို့တော်လှန်ရေးရဲ့ တပ်ပေါင်းစုတစ်ခုလည်းဖြစ်တယ်။ အဲတော့ ဖြစ်စေချင်တာက တော့ တော်လှန်ရေးအစိုးရကိုယ်တိုင်လက်ခံထားတဲ့  စံသတ်မှတ်ချက်တွေနဲ့အညီ လိုက်လုပ်စေချင်တယ်” ဟုဆို သည်။

အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM တွင် ပါဝင်နေသည့် ပြည်သူ့ဝန်ထမ်းများအပေါ် လေးစားဂုဏ်ယူ ပြီး CDM လှုပ်ရှားမှုတွင်မပါဝင်သေးသည့် Non – CDM ဝန်ထမ်းများကိုလည်း CDM လှုပ်ရှားမှုတွင် ပါဝင်လာကြရန် ခြိမ်းခြောက်ဖိအားပေးခြင်းမျိုးမဟုတ်ဘဲ မိမိသဘောဆန္ဒအလျောက်ပါဝင်လာကြရန် အခွင့်အလမ်းများဖန်တီးပြီး စည်းရုံးတိုက်တွန်းကြစေလိုသည်ဟု DDMSC ကတိုက်တွန်းထားသည်။

ပုံစာ – နည်းပညာတက္ကသိုလ် ( ထားဝယ် )

************

အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။

Telegram – >  https://t.me/newstlk/3594

YouTube – > https://youtu.be/eEaLA1Cu5r0

Website – > https://thanlwinkhet.net/?p=8046

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleထိုင်းနိုင်ငံဖွား ရွှေ့ပြောင်းနှင့်တိုင်းရင်းသားတို့၏ကလေးများ ထိုင်းနိုင်ငံသားဖြစ်ခွင့်ရသင့်ဟု TDRI ဒါရိုက်တာပြော
Next Article သမီးရည်းစားချင်းသတ်ဖြတ်မှုဖြစ်စဉ် မဘသ အင်အား ၁၀၀၀ ခန့်က ဗလီကိုလှည့်ကာ နာရေးချဖို့ စီစဉ်နေ
thanlwinkhet
  • Website

Related Posts

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ခရစ္စမတ်နေ့ဆုတောင်းသည့် ဒိုက်ဦးနိုင်ကျဉ်းသူများ ရိုက်နှက်ခံရ

December 29, 2025

ရွေးကောက်ပွဲအကြောင်းပြ ကရင်နီကုန်သွယ်လမ်းများ စစ်ကော်မရှင်ပိတ်

December 28, 2025

Leave A Reply Cancel Reply

Recent Posts

  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

ယခင်သတင်းများ

  • December 2025
  • November 2025
  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ထုတ်ပြန်ချက်
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နိုင်ငံရေးသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • ရွေးကောက်ပွဲသတင်း
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

December 31, 2025

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

December 31, 2025

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

December 31, 2025

ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

December 31, 2025

ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး

December 30, 2025
Copyright © 2026. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.