• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်
  • ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး
  • စစ်တွေတွင် ရွေးကောက်ပွဲကျင်းပပြီးနောက် လက်နက်ကြီးသံများ ဆက်တိုက်ထွက်ပေါ်
  • ဘက်စုံပိတ်ဆို့မှုကြောင့် စစ်တွေလက်လုပ်လက်စားများ အငတ်ဘေး ရင်ဆိုင်နေရ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»နေ့စဉ်သတင်း»မိုးကောင်းတံတား ပျက်စီးခဲ့သည့်အတွက် ကုန်တင်ကားရာချီပိတ်မိနေ
နေ့စဉ်သတင်း

မိုးကောင်းတံတား ပျက်စီးခဲ့သည့်အတွက် ကုန်တင်ကားရာချီပိတ်မိနေ

thanlwinkhetBy thanlwinkhetFebruary 28, 2024No Comments1 Min Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

မိုးကောင်းတံတား ပျက်စီးခဲ့သည့်အတွက် ကုန်တင်ကားရာချီပိတ်မိနေ

*************************

နန်းဆုပန်ခန့်။

ဖေဖော်ဝါရီ ၂၈၊ ၂၀၂၄။

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ မော်လမြိုင် – သထုံ – ရန်ကုန် ပြည်ထောင်စုကားလမ်းမပေါ်ရှိ မိုးကောင်းတံတား ယနေ့ ဖေဖော်ဝါရီ ၂၈ ရက် မနက်အစောပိုင်းတွင် မိုင်းခွဲဖျက်ဆီးခံခဲ့ရသည်ဟု ဒေသခံများထံက သိရသည်။

တံတားမိုင်းခွဲဖျက်ဆီးခံခဲ့ရသည့်အတွက် အိမ်စီးကားများသည် ရွာထဲလမ်းမှ ဖြတ်သန်းသွားလာရသော်လည်း သံလွင်ခက်က ဆက်သွယ်မေးမြန်းသည့် ညနေ ၆နာရီထိ ကုန်တင်ယာဉ်များ ဖြတ်သန်းသွားလာ၍မရသေးဘဲ ရာနှင့်ချီပိတ်မိနေသည် ဟု ဒေသခံအမျိုးသား ၁ ဦးက ပြော သည်။

၎င်းက “ ပိတ်မိတာအများကြီးပဲ။ အရှည်ကြီးပဲ။ ဟိုဘက်ဒီဘက်ဆိုတော့ ၃၀၀လောက်တော့ရှိမယ်ထင်တာပဲ။ ရွာထဲကလမ်းကျတော့ မှန်လုံတို့၊ ၁၂ ဘီးတို့၊ ၁၀ ဘီးတို့ သွားလို့မရဘူးလေ။ ရွာထဲလမ်းကတော့ ကျဥ်းတဲ့အခါကျတော့ ကားသေးပဲသွားလို့ရတာ” ဟု ဆိုသည်။

ပေါက်ကွဲမှုကြောင့် တံတား ၁ စင်းလုံးပြိုကျပျက်စီးသွားသည့်အပြင် လူနေအိမ် ၁ လုံးလည်းပျက်စီးသွားခဲ့သည်ဟု ဒေသခံအမျိုးသား ၁ ဦးကဆိုသည်။

၎င်းက “ ကြီးကြီးမားမားထိခိုက်တာတော့မရှိပါဘူး။

လူထိတာက ခဲတို့ ဘာတို့နဲ့ ရှပ်သွားတာအဲ့လောက်ပဲ။ တံတားရဲ့ ညာဘက်၊ အောက်ဘက်ခြမ်းမှာရှိတဲ့   သစ်သား ၂ ထပ်အိမ် ၁ လုံးကတော့ မိုင်းစမှန်လို့ ကြီးကြီးမားမားပျက်စီးသွားတယ်။ ကျန်တဲ့အိမ်တွေကတော့ ခဲစမှန်လို့ ပြတင်းပေါက်မှန်ကွဲတာတို့ အဲ့လောက်ပဲ “ ဟု ဆိုသည်။

မိုးကောင်းတံတားသည် ဆောက်လုပ်မပြီးသေးဘဲ မိုင်းခွဲခံခဲ့ရခြင်းဖြစ်ပြီး မည်သည့်အဖွဲ့က လုပ်ဆောင်သည်ကိုတော့ ထုတ်ပြန်ထားခြင်းမရှိပေ။

လက်ရှိအချိန်တွင် ပျက်စီးခဲ့သည့်တံတားကို ပြန်လည်ပြုပြင်မှုများ လုပ်ဆောင်နေသည်ဟု ဒေသခံများထံကသိရပြီး ဘတ်ဟိုးများဖြင့်တူးပြီး ပြန်လည်မြေဖို့နေပြီဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇွန်လ ၂၉ ရက်တွင်လည်း ရန်ကုန် – မော်လမြိုင်ကားလမ်းပေါ်မှာရှိ ကျုံအိတ်တံတား မိုင်းခွဲဖျက်ဆီးခံခဲ့ရသည်။

ဓါတ်ပုံ – မိုးကောင်းလူမှုကူညီကယ်ဆယ်ရေးအသင်း

ပုံစာ -မိုးကောင်းတံတား ၁ စင်းလုံး ပြိုကျပျက်ဆီး မှုနှင့် တံတားဘေးနေအိမ် ၁ လုံး ပျက်စီးနေသည့် မြင်ကွင်း။

************

အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။

Telegram – >  https://t.me/newstlk/3559

YouTube – > https://youtu.be/eEaLA1Cu5r0

Website – > https://thanlwinkhet.net/?p=7990

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleနွေဦးတော်လှန်ရေးအတွင်းက ရာမည မွန်ပြည်
Next Article ကမ္ဘောဒီးယား၊ ထိုင်း ဖိုက်တာများနှင့် ထွန်းထွန်းမင်း၊ ကျော်စွာဝင်းတို့ ယနေ့ပြိုင်ထိုးသတ်မည်
thanlwinkhet
  • Website

Related Posts

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ခရစ္စမတ်နေ့ဆုတောင်းသည့် ဒိုက်ဦးနိုင်ကျဉ်းသူများ ရိုက်နှက်ခံရ

December 29, 2025

ရွေးကောက်ပွဲအကြောင်းပြ ကရင်နီကုန်သွယ်လမ်းများ စစ်ကော်မရှင်ပိတ်

December 28, 2025

Leave A Reply Cancel Reply

Recent Posts

  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

ယခင်သတင်းများ

  • December 2025
  • November 2025
  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ထုတ်ပြန်ချက်
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နိုင်ငံရေးသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • ရွေးကောက်ပွဲသတင်း
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

December 31, 2025

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

December 31, 2025

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

December 31, 2025

ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

December 31, 2025

ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး

December 30, 2025
Copyright © 2026. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.