• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • ရခိုင်အတွက် လူသားချင်းအကူအညီပေးရေးစင်္ကြံကနေ ဘင်္ဂလားဒေ့ရှ် နောက်ဆုတ်
  • Sky Villa ကွန်ဒိုမှ အလောင်းတစ်လောင်းနှင့် ရွှေထည်များ ထပ်မံတွေ့ရှိ
  • မြန်မာဘက်ခြမ်း မဆင်မခြင် ရွှေတူးဖော်မှုတွေကြောင့် ထိုင်းက ဆည်တွေ ဆောက်ဖို့ စီစဥ်
  • တပ်မဟာ ၆ တွင် စခန်းသိမ်းတိုက်ပွဲ ပြင်းထန်
  • ကန့်ဘလူတွင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံတစ်ဦး သေဆုံး
  • ချင်းကာကွယ်ရေး-အရှိုနယ်မြေရှိ ပညာရေး ဆရာများအား ခြိမ်းခြောက်ဟန့်တားခြင်း လုပ်မည် မဟုတ်ဟုဆို
  • နောင်ချိုမြို့နယ်ကို စစ်ကောင်စီ နှစ်ရက်ဆက် ဗုံးကြဲ
  • နယ်စပ်စခန်းများသိမ်းပြီးနောက် ထိုင်းနှင့် တော်လှန်ရေးပူးပေါင်းအဖွဲ့ကြား ဆက်ဆံရေးကောင်းမွန်လာဟုဆို
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»နေ့စဉ်သတင်း»ဒုက္ခသည်စခန်းက မူဆလင်(ရိုဟင်ဂျာ)များအား စစ်ကောင်စီက စစ်သင်တန်းတက်ခိုင်း
နေ့စဉ်သတင်း

ဒုက္ခသည်စခန်းက မူဆလင်(ရိုဟင်ဂျာ)များအား စစ်ကောင်စီက စစ်သင်တန်းတက်ခိုင်း

thanlwinkhetBy thanlwinkhetFebruary 28, 2024No Comments2 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

ဒုက္ခသည်စခန်းက မူဆလင်(ရိုဟင်ဂျာ)များအား စစ်ကောင်စီက စစ်သင်တန်းတက်ခိုင်း

**************************************

ယမင်းဖူးပွင့်အောင်

ဖေဖော်ဝါရီ ၂၈၊ ၂၀၂၄။

ရခိုင်ပြည်နယ်အတွင်းရှိ မူဆလင် (ရိုဟင်ဂျာ) ဒုက္ခသည်စခန်းများရှိ မူဆလင်(ရိုဟင်ဂျာ)များအား စစ်ကောင်စီက စစ်သင်တန်းတက်ရန် စာရင်းကောက်ခံနေသလို ဖမ်းဆီးမှုများလည်းရှိနေသည်ဟု ဒေသခံများထံက သိရသည်။

ကျောက်တစ်လုံးမြို့နယ် မူဆလင်ဒုက္ခသည်စခန်းရှိ ဒုက္ခသည်များကို စစ်သင်တန်းတက်ရန် ဖိအားပေးမှုများရှိနေ သလို ဖမ်းဆီးမှုများလည်းရှိနေသည်ဟု ရိုဟင်ဂျာလွတ်မြောက်ရေးညွန့်ပေါင်းအဖွဲ့ ပူးတွဲတည်ထောင်သူ ဦးနေ ဆန်းလွင် က ပြောသည်။

“ကျောက်တစ်လုံးဒုက္ခသည်စခန်းက ဒုက္ခသည်တွေကို စစ်သင်တန်းတက်ဖို့ ဖိအားပေးတယ်။ အားလုံးက တညီ တညွတ်တည်းနဲ့ မတက်နိုင်ဘူးလို့ငြင်းတော့ ဖမ်းသွားတာပါ” ဟုဆိုသည်။

မြန်မာအစိုးရအဆက်ဆက်က မူဆလင်(ရိုဟင်ဂျာ)များကို နိုင်ငံသားအဖြစ် လုံးဝသတ်မှတ်ခဲ့ခြင်းမရှိသည့်အတွက် တရားဥပဒေကြောင်းအရဆိုလျှင်လည်း နိုင်ငံမဲ့နေသူများကို စစ်မှုထမ်းရန်စာရင်းကောက်ခံခွင့်၊ တပ်သားစု ဆောင်းခွင့်မရှိသော်လည်း စစ်ကောင်စီသည် အဆိုပါဥပဒေကိုချိုးဖောက်ကာ လုပ်ဆောင်နေခြင်းသာ ဖြစ်သည်။

ဘူးသီးတောင်မြို့နယ်နှင့် စစ်တွေမြို့နယ်များတွင်လည်း အလားတူဖြစ်ရပ်မျိုးကြုံတွေ့နေရပြီး မြို့ ၂ မြို့တွင် အနည်းဆုံး ဒုက္ခသည် ၆၀၀ ထက်မနည်းဖမ်းဆီးခံခဲ့ရကာ စစ်ကောင်စီက လူမျိုးရေးပြဿနာဖန်တီးနေခြင်းလည်း ဖြစ်နိုင်သည်ဟု ၎င်းက ဆက်ပြောသည်။

“မဖြစ်မနေ ဝင်ကိုဝင်ရမယ်။ စာရင်းပေးပါဆိုပြီး တောင်းတယ်။ စာရင်းမရရင် တွေ့သမျှလူငယ်တွေကို ကားပေါ် တင် ဖမ်းသွားတာမျိုးတွေ ဖြစ်နေတာပါ။ လူသားဒိုင်းအနေနဲ့ သုံးချင်တာလည်း ပါသလို၊ စစ်ရေးအကြပ်အတည်း ရောက်နေတဲ့အချိန်မှာ လူမျိုးစု ၂ စုကြား ပြဿနာတည်ပေးဖို့ ကြိုးစားနေတာလို့လည်း ယူဆရတယ်။ တကယ်လို့ ပြဿနာတစုံတရာဖြစ်လာရင် စစ်ကောင်စီက အနေချောင်မယ်လို့ စဥ်းစားနေပုံရတယ်” ဟုပြောသည်။

စစ်ကောင်စီ၏ဖမ်းဆီးခြင်းကို ရှောင်လွှဲနိုင်ရန် ဒုက္ခသည်များက လုံခြုံသည့်နေရာတွင် ခိုလှုံခွင့်ရဖို့လိုအပ်သော် လည်း မူဆလင်(ရိုဟင်ဂျာ)များတွင် လုံခြုံသည့်နေရာလည်းမရှိသလို ကာကွယ်ပေးမည့် လက်နက်ကိုင်အဖွဲ့ အစည်းလည်း မရှိဟု မူဆလင် (ရိုဟင်ဂျာ) အရေး ကူညီဆောင်ရွက်ပေးနေသူများက ဆိုကြသည်။

နိုင်ငံတကာတွင်ရှိသော မူဆလင် (ရိုဟင်ဂျာ) ၂၆ ဖွဲ့ကလည်း ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် မူဆလင်(ရိုဟင် ဂျာ)များအား လူမျိုးတုံးသတ်ဖြတ်မှုက ကာကွယ်ပေးနိုင်ရန် နိုင်ငံတကာတရားရုံး – ICJ က ချမှတ်ထားသည့် အစီ အမံများကို လျစ်လျူရှုထားပြီး မြန်မာစစ်တပ်၏ ပြဿနာကိုဖြေရှင်းရန် တာဝန်ပျက်ကွက်နေပြီဖြစ်သည်ဟု ယနေ့ တွင်ထုတ်ပြန်သည်။

အနိမ့်ဆုံးအအနေဖြင့်တော့  ဗြိတိန်အစိုးရသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေးတစ်ရပ်ကို ဦးဆောင်ခေါ်ယူပြီး လက်တွေ့အရေးယူဆောင်ရွက်ခြင်းမရှိသည့်အပေါ် ဆွေးနွေးသင့်သည်ဟု တိုက်တွန်းထား သည်။

အမျိုးသား ညီညွတ်ရေးအစိုးရ – NUG ၊ လူ့အခွင့်အရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးကလည်း

“နိုင်ငံရေးအရလိုအပ်နေတဲ့ အခင်းအကျင်းတွေပေါ်လာတိုင်း အမျိုးသားအကျိုးစီးပွားနဲ့ ရေရှည်ကို ဦးစားပေးဖို့ လိုပါတယ်။ ဒီအချိန်ကာလနဲ့ ဒီအရွေ့မှာ မူဆလင်(ရိုဟင်ဂျာ) တွေရဲ့ အလွှာအသီးသီး၊ နယ်ပယ်အသီးသီးက အသိ ပညာရှင်၊ အတတ်ပညာရှင်၊ နိုင်ငံရေးသမား၊ အမျိုးသမီးတွေ၊ လူငယ်တွေ ၊ တက်ကြွလှုပ်ရှားသူများနဲ့ ဒီမိုကရေစီ အရေး၊ ဖယ်ဒရယ်ပြည်ထောင်စုအရေး ဆောင်ရွက်နေကြသူများ စတဲ့ နယ်ပယ်အသီးသီးကလူတွေက မတူတာ တွေဘေးဖယ်ပြီး စည်းလုံးညီညွတ်ဖို့အကောင်းဆုံးအချိန်ဖြစ်ပါတယ်”ဟု သူ၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေး သားထားသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူကမူ ရခိုင်ပြည်နယ်ရှိ မူဆလင်(ရိုဟင်ဂျာ)များအား ပြည်သူ့ စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းရန် SAC က စုဆောင်းနေသည်ဟူသော သတင်းများမှာ လုံးဝမှန်ကန်မှုမရှိဘဲ လုပ်ကြံဖန်တီးထားခြင်း ဖြစ်သည်ဟု ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ထည့်သွင်းပြောကြားထားသည်။

************

အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။

Telegram – >  https://t.me/newstlk/3558

YouTube – > https://youtu.be/eEaLA1Cu5r0

Website – > https://thanlwinkhet.net/?p=7986

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous ArticleTNLA ထံ စစ်သင်တန်းတက်ရောက်ခဲ့သည့် မွန်ပြည်လွတ်မြောက်ရေးတပ်တော်
Next Article နွေဦးတော်လှန်ရေးအတွင်းက ရာမည မွန်ပြည်
thanlwinkhet
  • Website

Related Posts

ရခိုင်အတွက် လူသားချင်းအကူအညီပေးရေးစင်္ကြံကနေ ဘင်္ဂလားဒေ့ရှ် နောက်ဆုတ်

May 23, 2025

မြန်မာဘက်ခြမ်း မဆင်မခြင် ရွှေတူးဖော်မှုတွေကြောင့် ထိုင်းက ဆည်တွေ ဆောက်ဖို့ စီစဥ်

May 23, 2025

တပ်မဟာ ၆ တွင် စခန်းသိမ်းတိုက်ပွဲ ပြင်းထန်

May 23, 2025

Leave A Reply Cancel Reply

Recent Posts

  • ရခိုင်အတွက် လူသားချင်းအကူအညီပေးရေးစင်္ကြံကနေ ဘင်္ဂလားဒေ့ရှ် နောက်ဆုတ်
  • Sky Villa ကွန်ဒိုမှ အလောင်းတစ်လောင်းနှင့် ရွှေထည်များ ထပ်မံတွေ့ရှိ
  • မြန်မာဘက်ခြမ်း မဆင်မခြင် ရွှေတူးဖော်မှုတွေကြောင့် ထိုင်းက ဆည်တွေ ဆောက်ဖို့ စီစဥ်
  • တပ်မဟာ ၆ တွင် စခန်းသိမ်းတိုက်ပွဲ ပြင်းထန်
  • ကန့်ဘလူတွင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံတစ်ဦး သေဆုံး

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

ရခိုင်အတွက် လူသားချင်းအကူအညီပေးရေးစင်္ကြံကနေ ဘင်္ဂလားဒေ့ရှ် နောက်ဆုတ်

Sky Villa ကွန်ဒိုမှ အလောင်းတစ်လောင်းနှင့် ရွှေထည်များ ထပ်မံတွေ့ရှိ

မြန်မာဘက်ခြမ်း မဆင်မခြင် ရွှေတူးဖော်မှုတွေကြောင့် ထိုင်းက ဆည်တွေ ဆောက်ဖို့ စီစဥ်

တပ်မဟာ ၆ တွင် စခန်းသိမ်းတိုက်ပွဲ ပြင်းထန်

ယခင်သတင်းများ

  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • ဓာတ်ပုံသတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

ရခိုင်အတွက် လူသားချင်းအကူအညီပေးရေးစင်္ကြံကနေ ဘင်္ဂလားဒေ့ရှ် နောက်ဆုတ်

May 23, 2025

Sky Villa ကွန်ဒိုမှ အလောင်းတစ်လောင်းနှင့် ရွှေထည်များ ထပ်မံတွေ့ရှိ

May 23, 2025

မြန်မာဘက်ခြမ်း မဆင်မခြင် ရွှေတူးဖော်မှုတွေကြောင့် ထိုင်းက ဆည်တွေ ဆောက်ဖို့ စီစဥ်

May 23, 2025

တပ်မဟာ ၆ တွင် စခန်းသိမ်းတိုက်ပွဲ ပြင်းထန်

May 23, 2025

ကန့်ဘလူတွင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံတစ်ဦး သေဆုံး

May 22, 2025

ချင်းကာကွယ်ရေး-အရှိုနယ်မြေရှိ ပညာရေး ဆရာများအား ခြိမ်းခြောက်ဟန့်တားခြင်း လုပ်မည် မဟုတ်ဟုဆို

May 22, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.