ကမ္ဘောဒီးယား၊ ထိုင်း ဖိုက်တာများနှင့် ထွန်းထွန်းမင်း၊ ကျော်စွာဝင်းတို့ ယနေ့ပြိုင်ထိုးသတ်မည်
**************************
သံလွင်ခက်
ဖေဖော်ဝါရီ ၂၉ ၊ ၂၀၂၄ ။
မြန်မာ့ရိုးရာလက်ဝှေ့ကျော် ထွန်းထွန်းမင်းနှင့်ကျော်စွာဝင်းတို့သည် ကမ္ဘောဒီးယားနိုင်ငံတွင် ယနေ့ ဖေဖော်ဝါရီ ၂၉ ရက်၊ ညပိုင်း၌ ကျင်းပသွားမည့်
ခမာဖိုက် လက်ဝှေ့ပြိုင်ပွဲတွင် ကမ္ဘောဒီးယား၊ ထိုင်း ဖိုက်တာများနှင့် ယှဥ်ပြိုင်ထိုးသတ်သွားမည်ဖြစ်သည်။
မြန်မာ့ရိုးရာလက်ဝှေ့ ချန်ပီယံဟောင်းထွန်းထွန်းမင်းက
၈၁ ကီလိုတန်းတွင် ကမ္ဘောဒီးယားဖိုက် ပရွမ်ဆမ်နန်နှင့် ယှဥ်ပြိုင်ထိုးသတ်မည်ဖြစ်သည်။
ထွန်းထွန်းမင်းနှင့် ပရွမ်ဆမ်နန်တို့သည် ပြီးခဲ့သည့်
၂၀၂၃ ကမ္ဘောဒီးယားဆီးဂိမ်းစ်ပြိုင်ပွဲတွင် ခမာလက်ဝှေ့ ၈၁ ကီလိုတန်း ဗိုလ်လုပွဲ၌ တွေ့ဆုံခဲ့ပြီး ပရွမ်ဆမ်နန်က အမှတ်ဖြင့်အနိုင်ရရှိခဲ့သည်။
မြန်မာ့ရိုးရာလက်ဝှေ့ကျော် ကျော်စွာဝင်းသည် ၇၁ ကီလိုတန်းတွင် ထိုင်းဖိုက်တာ ပတ်ချဖူရာဖာနှင့်ယှဥ်ပြိုင်ထိုးသတ်သွားရမည်ဖြစ်သည်။ ကျော်စွာဝင်းသည် အဆိုပါပွဲစဥ်အတွက် ကမ္ဘောဒီးယား ဖိုက်တာရွမ်ဆက်ဖွန်နှင့် ယှဥ်ပြိုင်ရန်ပွဲတည်ထားခြင်းပြီး ပြိုင်ဘက်က ကျန်းမာရေးအခြေအနေရ မယှဉ်ပြိုင်နိုင်သဖြင့် ထိုင်းဖိုက်တာနှင့်ယှဥ်ပြိုင်ရခြင်းဖြစ်သည်။
အဆိုပါပြိုင်ပွဲနှင့်ပတ်သက်၍ ထွန်းထွန်းမင်းက ” ကျွန်တော်တို့ညီကိုနှစ်ယောက်ကိုယ်စွမ်းညာဏ်စွမ်းရှိသလောက်အကောင်းဆုံးကြိုးစားခဲ့မယ်လို့ကတိပေးပါတယ်” ဟု ယမန်နေ့တွင် လူမှုကွန်ရက်စာမျက်နှာတွင်ဖော်ပြထားသည်။
ကမ္ဘောဒီးယားနိုင်ငံတွင် သွားယှဥ်ပြိုင်ထိုးသတ်မည့် ကစားသမား၂ ဦးကို မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ် အလုပ်အမှုဆောင်အရာရှိ ဦးကျော်ဇင်ဦး အလုပ်မှုဆောင် ဦသန့်ကိုဝင်း နှင် ရိုးရာလက်ဝှေ့ အဖွဲ့ချုပ် ဒိုင်လူကြီး ဦးချစ်ကိုတို့က ယမန်နေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ လိုက်လံပို့ဆောင်ပေးခဲ့ကြသည်။
************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3564
YouTube – > https://youtu.be/eEaLA1Cu5r0
Website – > https://thanlwinkhet.net/?p=7998