• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • Sky Villa ကွန်ဒိုမှ အလောင်းတစ်လောင်းနှင့် ရွှေထည်များ ထပ်မံတွေ့ရှိ
  • မြန်မာဘက်ခြမ်း မဆင်မခြင် ရွှေတူးဖော်မှုတွေကြောင့် ထိုင်းက ဆည်တွေ ဆောက်ဖို့ စီစဥ်
  • တပ်မဟာ ၆ တွင် စခန်းသိမ်းတိုက်ပွဲ ပြင်းထန်
  • ကန့်ဘလူတွင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံတစ်ဦး သေဆုံး
  • ချင်းကာကွယ်ရေး-အရှိုနယ်မြေရှိ ပညာရေး ဆရာများအား ခြိမ်းခြောက်ဟန့်တားခြင်း လုပ်မည် မဟုတ်ဟုဆို
  • နောင်ချိုမြို့နယ်ကို စစ်ကောင်စီ နှစ်ရက်ဆက် ဗုံးကြဲ
  • နယ်စပ်စခန်းများသိမ်းပြီးနောက် ထိုင်းနှင့် တော်လှန်ရေးပူးပေါင်းအဖွဲ့ကြား ဆက်ဆံရေးကောင်းမွန်လာဟုဆို
  • ကျောက်ဖြူ မင်းတပ်တောင် ကာကင်းစခန်းငယ်တစ်ခုကို အေအေ သိမ်းပိုက်
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»တိုက်ပွဲသတင်း»TNLA ထံ စစ်သင်တန်းတက်ရောက်ခဲ့သည့် မွန်ပြည်လွတ်မြောက်ရေးတပ်တော်
တိုက်ပွဲသတင်း

TNLA ထံ စစ်သင်တန်းတက်ရောက်ခဲ့သည့် မွန်ပြည်လွတ်မြောက်ရေးတပ်တော်

thanlwinkhetBy thanlwinkhetFebruary 28, 2024No Comments1 Min Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

TNLA ထံ စစ်သင်တန်းတက်ရောက်ခဲ့သည့် မွန်ပြည်လွတ်မြောက်ရေးတပ်တော်

************************************

သဇင်

ဖေဖော်ဝါရီ ၂၈၊၂၀၂၄။

စစ်တပ်အာဏာသိမ်းယူခဲ့သည့် တော်လှန်ရေးကာလအတွင်း အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်တော်လှန်ရန် ထွက်ပေါ်ခဲ့သော မွန်ပြည်လွတ်မြောက်ရေးတပ်တော် – MLA သည် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မ တော် – TNLA ထံ စစ်သင်တန်းတက်ရောက်ခဲ့သည်ဟု  သိရသည်။

MLA သည် ၂၀၂၂ ခုနှစ် အောက်တိုဘာလကတည်းက TNLA ထံ စစ်သင်တန်းသွားရောက်ခဲ့ပြီး ယင်းစစ်သင်တန်း ကို  ၁ နှစ် ကျော်ကြာတက်ရောက်ခဲ့သည်ဟု ဆိုသည်။

မြန်မာနိုင်ငံမြောက်ပိုင်းတွင် စစ်ရေးလှုပ်ရှားနေသည့် TNLA သည် မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့ဝင်ဖြစ်သည့်အပြင် အင်အားတောင့်တင်းသည့် အဖွဲ့အစည်းလည်းဖြစ်တာကြောင့် ယင်းအဖွဲ့များဖြင့် မဟာမိတ်ဖွဲ့နိုင်ခြင်းက မွန်တော်လှန်ရေးအတွက်လည်း အလားအလာကောင်းများရှိလာနိုင်သည်ဟု မွန်ပြည်လွတ်မြောက်ရေးတပ် တော် – MLA အတွင်းရေးမှူး နိုင်မာဃ က သံလွင်ခက် ကိုပြောသည်။

“မြန်မာပြည်မြောက်ပိုင်းနဲ့ တောင်ပိုင်းအနေအထားအရဆိုရင် လက်ရှိအခြေအနေမှာ မြောက်ပိုင်းက လက်နက် အင်အားတောင့်တင်းတာပေါ့။ အဲလိုလက်နက်အင်အားတောင့်တင်းတဲ့မြောက်ပိုင်းကို မဟာမိတ်ဖွဲ့နိုင်ခဲ့ရင် အများကြီးအဆင်ပြေနိုင်ခြေရှိတာပေါ့” ဟု ဆိုသည်။

တအာင်းပလောင်ဆိုသည်မှာ မွန်-ခမာအနွယ်မှ ဆင်းသက်လာခြင်းဖြစ်ပြီး မွန်တိုင်းရင်းသားနှင့် ညီအစ်ကိုသဖွယ် ဖြစ်သည့်အတွက် ယခုလို မဟာမိတ်ဖွဲ့နိုင်ခဲ့တာဂုဏ်ယူသလို တအာင်းတပ်မတော်၏အောင်မြင်မှုကိုလည်း ဝမ်း သာဂုဏ်ယူမိသည်ဟု သူက ဆက်ပြောသည်။

မွန်တော်လှန်ရေးအောင်မြင်မှုအစပြုရန်မှာ မဟာမိတ်စုဖွဲ့နိုင်ခြင်းကလည်း အရေးပါသည့်အခန်းကဏ္ဍတွင်ပါဝင် နေပြီး အင်အားကြီးရန်သူကို မဟာမိတ်စစ်ရေးနည်းဗျူဟာဖြင့်သာ တိုက်ထုတ်နိုင်မည်ဟု မွန်ပြည်ကာကွယ်ရေး တပ် ဥက္ကဋ္ဌ ‌ဒေါက်တာသီရိမွန်ချမ်း ကဆိုသည်။

“MLA က TNLA ဆီ စစ်သင်တန်းသွားတက်ပြီး မဟာမိတ်ဖွဲ့နိုင်ခဲ့တယ်ဆိုတာက စစ်ရေးအမြင်နဲ့ကြည့်ရင် ဒီလို မဟာမိတ်ဖြစ်တာထက် ပိုပြီးကျယ်ပြန့်ပါတယ်။ ဒါကလည်း စစ်ရေးမဟာဗျူဟာ တစ်ရပ်လို့ပဲမြင်ပါတယ်။ စစ်ရေး အရ သမိုင်းကိုပြန်ကြည့်မယ်ဆိုရင်လည်း မဟာမိတ်ဖွဲ့ခြင်းက အလွန်ကိုအရေးပါတယ်ဆိုတာ တွေ့ရမှာပါ။ အင်အားကြီးတဲ့ရန်သူကို မဟာမိတ်စစ်ရေးဗျူဟာလို့ခေါ်တဲ့ နည်းဗျူဟာနဲ့ပဲ တိုက်မှရမှာပါ”ဟုဆိုသည်။

ယင်းအပြင် မွန်ပြည်လွတ်မြောက်ရေးတပ်တော်သည် ကျည်တစ်ထောင့်မျှဖောက်စရာမလိုဘဲ စစ်ကောင်စီထိန်း ချုပ်နယ်မြေဖြစ်သည့် မွန်ကျေးရွာများတွင် မွန်အမျိုးသားအလံ စိုက်ထူနိုင်ခဲ့သည်အပြင် အင်အားကြီးတိုင်းရင်း သားလက်နက်ကိုင်အဖွဲ့နှင့် မဟာမိတ်ဖွဲ့နိုင်ခဲ့သည့် ပထမဦးဆုံး မွန်လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုလည်းဖြစ် သည်။

ဓာတ်ပုံ – MLA

ပုံစာ – မွန်ပြည်တော်လှန်ရေးတပ်တော် တပ်ဖွဲ့ဝင်များ။

************

အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။

Telegram – >  https://t.me/newstlk/3556

YouTube – > https://youtu.be/eEaLA1Cu5r0

Website – > https://thanlwinkhet.net/?p=7982

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleကချင်ပြည်နယ်အတွင်း လက်လွှတ်ခဲ့ရသည့် တပ်စခန်းကို ပြန်လည်အခြေချနိုင်ရန် စစ်ကောင်စီကြိုးပမ်း
Next Article ဒုက္ခသည်စခန်းက မူဆလင်(ရိုဟင်ဂျာ)များအား စစ်ကောင်စီက စစ်သင်တန်းတက်ခိုင်း
thanlwinkhet
  • Website

Related Posts

မြန်မာဘက်ခြမ်း မဆင်မခြင် ရွှေတူးဖော်မှုတွေကြောင့် ထိုင်းက ဆည်တွေ ဆောက်ဖို့ စီစဥ်

May 23, 2025

တပ်မဟာ ၆ တွင် စခန်းသိမ်းတိုက်ပွဲ ပြင်းထန်

May 23, 2025

ကန့်ဘလူတွင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံတစ်ဦး သေဆုံး

May 22, 2025

Leave A Reply Cancel Reply

Recent Posts

  • Sky Villa ကွန်ဒိုမှ အလောင်းတစ်လောင်းနှင့် ရွှေထည်များ ထပ်မံတွေ့ရှိ
  • မြန်မာဘက်ခြမ်း မဆင်မခြင် ရွှေတူးဖော်မှုတွေကြောင့် ထိုင်းက ဆည်တွေ ဆောက်ဖို့ စီစဥ်
  • တပ်မဟာ ၆ တွင် စခန်းသိမ်းတိုက်ပွဲ ပြင်းထန်
  • ကန့်ဘလူတွင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံတစ်ဦး သေဆုံး
  • ချင်းကာကွယ်ရေး-အရှိုနယ်မြေရှိ ပညာရေး ဆရာများအား ခြိမ်းခြောက်ဟန့်တားခြင်း လုပ်မည် မဟုတ်ဟုဆို

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

Sky Villa ကွန်ဒိုမှ အလောင်းတစ်လောင်းနှင့် ရွှေထည်များ ထပ်မံတွေ့ရှိ

မြန်မာဘက်ခြမ်း မဆင်မခြင် ရွှေတူးဖော်မှုတွေကြောင့် ထိုင်းက ဆည်တွေ ဆောက်ဖို့ စီစဥ်

တပ်မဟာ ၆ တွင် စခန်းသိမ်းတိုက်ပွဲ ပြင်းထန်

ကန့်ဘလူတွင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံတစ်ဦး သေဆုံး

ယခင်သတင်းများ

  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • ဓာတ်ပုံသတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

Sky Villa ကွန်ဒိုမှ အလောင်းတစ်လောင်းနှင့် ရွှေထည်များ ထပ်မံတွေ့ရှိ

May 23, 2025

မြန်မာဘက်ခြမ်း မဆင်မခြင် ရွှေတူးဖော်မှုတွေကြောင့် ထိုင်းက ဆည်တွေ ဆောက်ဖို့ စီစဥ်

May 23, 2025

တပ်မဟာ ၆ တွင် စခန်းသိမ်းတိုက်ပွဲ ပြင်းထန်

May 23, 2025

ကန့်ဘလူတွင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံတစ်ဦး သေဆုံး

May 22, 2025

ချင်းကာကွယ်ရေး-အရှိုနယ်မြေရှိ ပညာရေး ဆရာများအား ခြိမ်းခြောက်ဟန့်တားခြင်း လုပ်မည် မဟုတ်ဟုဆို

May 22, 2025

နောင်ချိုမြို့နယ်ကို စစ်ကောင်စီ နှစ်ရက်ဆက် ဗုံးကြဲ

May 22, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.