• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • မင်းကင်း လေယာဉ်ဗုံးကြဲခံရ၍ ဒဏ်ရာရသူများ ဆေးရုံပို့ရာတွင် ခက်ခဲနေ
  • မွန်ပြည်နယ်မှ စစ်ဘေးရှောင်များ ဝမ်းရောဂါနှင့် အရေးပြားရောဂါဖြစ်ပွားနေ
  • NMSP (AD) နှင့် MLA ပေါင်းစည်းပြီး ရာမညမွန်တပ်တော်-RMA ဖွဲ့စည်း
  • ကရင်ပြည်နယ်၊ တပ်မဟာ ၆ရှိ ဘလယ်ဒိုတပ်စခန်းကို KNLA ဦးဆောင်သော တပ်ပေါင်းစုများ ပြန်လည်သိမ်းပိုက်
  • ပြည်ပသို့ ထွက်ခွာခွင့် အေအေ ပိတ်ပင်မှုအပေါ် ရခိုင်လူငယ်တွေ ကြိုဆိုသလား
  • ရခိုင်အတွက် လူသားချင်းအကူအညီပေးရေးစင်္ကြံကနေ ဘင်္ဂလားဒေ့ရှ် နောက်ဆုတ်
  • Sky Villa ကွန်ဒိုမှ အလောင်းတစ်လောင်းနှင့် ရွှေထည်များ ထပ်မံတွေ့ရှိ
  • မြန်မာဘက်ခြမ်း မဆင်မခြင် ရွှေတူးဖော်မှုတွေကြောင့် ထိုင်းက ဆည်တွေ ဆောက်ဖို့ စီစဥ်
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»တိုက်ပွဲသတင်း»ဖားကန့်မြို့နယ်တွင် KIA နှင့် စစ်ကောင်စီတပ် ဆက်လက်တိုက်ပွဲပြင်းထန်နေ
တိုက်ပွဲသတင်း

ဖားကန့်မြို့နယ်တွင် KIA နှင့် စစ်ကောင်စီတပ် ဆက်လက်တိုက်ပွဲပြင်းထန်နေ

thanlwinkhetBy thanlwinkhetFebruary 27, 2024No Comments2 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

ဖားကန့်မြို့နယ်တွင် KIA နှင့် စစ်ကောင်စီတပ် ဆက်လက်တိုက်ပွဲပြင်းထန်နေ

************************

ထွယ်။

ဖေဖော်ဝါရီ ၂၇ ၊ ၂၀၂၄။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ တာမခန်ကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် –  KIA ပူးပေါင်းတပ်တို့အကြား ယနေ့ ဖေဖော်ဝါရီ ၂၇ ရက် ညနေပိုင်းအထိ ဆက်လက်တိုက်ပွဲပြင်းထန်နေသည်ဟု ကာကွယ်ရေးတပ်ဖွဲ့များထံက သိရသည်။

တာမခန်ကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီ၏ နယ်မြေရဲစခန်းနှင့် စစ်တပ်ကုန်းကို ယမန်နေ့ ညနေ ၄ နာရီ ခွဲခန့်ကတည်းက ကချင်လွတ်မြောက်ရေးတပ်မတော် – KIA၊ ကချင်ပြည်သူ့ကာကွယ်ရေးတပ် KPDF ပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်နေခြင်းဖြစ်သည်။

KIA ၊ KPDF ပူးပေါင်းတပ်များက တာမခန်နယ်မြေရဲစခန်းကို  တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ကျန်ရှိနေသည့် စစ် ကောင်စီ၏ တပ်မ – ၃၃ လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ – ၁၁၉ တပ်ရင်းကို ယနေ့တွင် ဆက်လက် တိုက်ခိုက်လျက်ရှိသည်။

တာမခန်နယ်မြေရဲစခန်းကို လက်လွှတ်လိုက်ရပြီးနောက် စစ်ကောင်စီတပ်သည် ယမန်နေ့ညနေ ၅ နာရီခွဲခန့် က တည်းက လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်နေပြီး ယနေ့လည်း လေကြောင်းဖြင့် ဆက်တိုက် တိုက်ခိုက်လျက်ရှိ သည်။

ယနေ့နံနက် ၁၀ နာရီခန့်တွင် ၎င်းတို့၏ တိုက်လေယာဉ် ၁ စီး လက်နက်ကြီး ထိမှန်ခဲ့သည်ဟုလည်း KIA ရှေ့တန်း ရဲဘော် ၁ ဦးက သံလွင်ခက်ကိုပြောသည်။

တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိသည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် နီးစပ်သူများထံက သိရသော် လည်း ထိခိုက်သေဆုံးမှုများနှင့်ပတ်သက်၍ သံလွင်ခက်သတင်းဌာနအနေဖြင့် ဆက်လက်အတည်ပြုစုံစမ်းနေဆဲ ဖြစ်သည်။

လေကြောင်းဖြင့် တိုက်ခိုက်မှုများအပြင် ဖားကန့်မြို့ရှိ စစ်ကောင်စီဗျူဟာကုန်းကလည်း တာမခန်ကျေးရွာဘက်သို့ လက်နက်ကြီးပစ်ခတ်လျက်ရှိသည်ဟု ဖားကန့်ဒေသခံ အမျိုးသား ၁ ဦးက ပြောသည်။

၎င်းက “လက်ရှိအချိန်အထိ ဖားကန့်ဗျူဟာကုန်းကနေ ၁၅ မိနစ် ၁ ခါလောက် လက်နက်ကြီးသံကြားတုန်းပဲ”  ဟု ပြောသည်။

စစ်ကောင်စီတပ်ကပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် ယမန်နေ့တွင် တာမခန်ကျေးရွာအနီးရှိရွာက အမျိုးသား ၁ ဦး ခြေထောက်ထိမှန်ခဲ့သည်ဟု လူမှုကယ်ဆယ်ရေးအဖွဲ့ဝင် ၁ ဦးက သံလွင်ခက်ကို ပြောသည်။

“ကျွန်တော်တို့ မိတ်ဆွေပါပဲ။ လက်နက်ကြီးပစ်တော့ ခြေထောက်ထိတာ။ တစ်ဖက်တော့ ကျိုးသွားတယ်။ တစ်ဖက် တော့ မကျိုးဘူး။ ထိသွားတာ” ဟု ပြောသည်။

အဆိုပါ အမျိုးသားသည် အသက် ၅၀ ကျော်အရွယ်ရှိပြီဖြစ်ပြီး ကချင်လွတ်မြောက်ရေးတပ်မတော် – KIA ၏ ဆေး တပ်ဖွဲ့ဝင်များက ကုသပေးလျက်ရှိသောကြောင့် အသက်အန္တရာယ် မစိုးရိမ်ရဟု ၎င်းက ဆက်ပြောသည်။

ထို့ပြင် လက်နက်ကြီးထိမှန်မှုကြောင့် ယမန်နေ့ညတွင် တာမခန်ကျေးရွာရှိ နေအိမ် ၁ လုံး မီးလောင်ပျက်စီးခဲ့သည် ဟုလည်း ဒေသခံများထံက သိရသည်။

တာမခန်ကျေးရွာတွင်ဖြစ်ပွားသည့် တိုက်ပွဲကြောင့် တာမခန်ကျေးရွာဒေသခံများသည် ဖားကန့်မြို့အပါအဝင် ဆိုင်း တောင်ကျေးရွာနှင့် ဆယ်ဇင်းကျေးရွာဘက်သို့ တိုက်ပွဲတိမ်းရှောင်နေကြရသည်ဟု တာမခန်ကျေးရွာဒေသခံ အမျိုး သမီး ၁ ဦးက သံလွင်ခက်ကို ပြောသည်။

၎င်းက “ဒေသခံတွေ ရှောင်ကြပြီ။ မနေ့ကတော့ သတင်းကြားတာနဲ့ ရှောင်ကြတဲ့သူရှိတယ်။ တချို့ကျတော့လည်း မနေ့က ပိတ်မိနေပြီး တိုက်ပွဲနားချိန် ဒီနေ့မနက်မှ အကုန်ပြေးကုန်ကြတာ။ တာမခန်မှာ ဘယ်သူမှ မရှိတော့ဘူး” ဟု ပြောသည်။

ယခုနှစ် ဇန်နဝါရီ ၃ ရက်တွင်လည်း KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့အထက် နာဖော့ဒေသသို့ ရိက္ခာလာပို့သည်ဟု ယူဆရသည့် စစ်ကောင်စီတပ်၏ ရဟတ်ယာဉ်တစ်စီးကို KIA က ပစ်ချနိုင်ခဲ့ပြီး KIA ၊KPDF ပူးပေါင်းတပ်ဖွဲ့ဝင် များသည် ဖားကန့်မြို့နယ်ရှိ ဝှေခါစစ်တပ်ကုန်း၊ နန့်တိန်းစစ်တပ်ကုန်းများကို ဇန်နဝါရီလနှင့် ဖေဖော်ဝါရီပထမ အပတ်က သိမ်းပိုက်ထားနိုင်ခဲ့သည်။

ပုံစာ – KIA တပ်ဖွဲ့ဝင်များ။ ( ပုံ – အဟောင်း )

************

အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။

Telegram – >  https://t.me/newstlk/3550

YouTube – > https://youtu.be/eEaLA1Cu5r0

Website – > https://thanlwinkhet.net/?p=7966

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleလက်နက်ကိုင်တော်လှန်ရေးအရွေ့ အဟုန်ကောင်းလာသည့် မွန်တော်လှန်ရေး
Next Article ထိုင်းနိုင်ငံတွင် တရားမဝင်နေထိုင်သည့် မြန်မာနိုင်ငံသား ၂၀ ကျော် ဖမ်းဆီးခံရ
thanlwinkhet
  • Website

Related Posts

မင်းကင်း လေယာဉ်ဗုံးကြဲခံရ၍ ဒဏ်ရာရသူများ ဆေးရုံပို့ရာတွင် ခက်ခဲနေ

May 24, 2025

မွန်ပြည်နယ်မှ စစ်ဘေးရှောင်များ ဝမ်းရောဂါနှင့် အရေးပြားရောဂါဖြစ်ပွားနေ

May 24, 2025

NMSP (AD) နှင့် MLA ပေါင်းစည်းပြီး ရာမညမွန်တပ်တော်-RMA ဖွဲ့စည်း

May 24, 2025

Leave A Reply Cancel Reply

Recent Posts

  • မင်းကင်း လေယာဉ်ဗုံးကြဲခံရ၍ ဒဏ်ရာရသူများ ဆေးရုံပို့ရာတွင် ခက်ခဲနေ
  • မွန်ပြည်နယ်မှ စစ်ဘေးရှောင်များ ဝမ်းရောဂါနှင့် အရေးပြားရောဂါဖြစ်ပွားနေ
  • NMSP (AD) နှင့် MLA ပေါင်းစည်းပြီး ရာမညမွန်တပ်တော်-RMA ဖွဲ့စည်း
  • ကရင်ပြည်နယ်၊ တပ်မဟာ ၆ရှိ ဘလယ်ဒိုတပ်စခန်းကို KNLA ဦးဆောင်သော တပ်ပေါင်းစုများ ပြန်လည်သိမ်းပိုက်
  • ပြည်ပသို့ ထွက်ခွာခွင့် အေအေ ပိတ်ပင်မှုအပေါ် ရခိုင်လူငယ်တွေ ကြိုဆိုသလား

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

မင်းကင်း လေယာဉ်ဗုံးကြဲခံရ၍ ဒဏ်ရာရသူများ ဆေးရုံပို့ရာတွင် ခက်ခဲနေ

မွန်ပြည်နယ်မှ စစ်ဘေးရှောင်များ ဝမ်းရောဂါနှင့် အရေးပြားရောဂါဖြစ်ပွားနေ

NMSP (AD) နှင့် MLA ပေါင်းစည်းပြီး ရာမညမွန်တပ်တော်-RMA ဖွဲ့စည်း

ကရင်ပြည်နယ်၊ တပ်မဟာ ၆ရှိ ဘလယ်ဒိုတပ်စခန်းကို KNLA ဦးဆောင်သော တပ်ပေါင်းစုများ ပြန်လည်သိမ်းပိုက်

ယခင်သတင်းများ

  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • ဓာတ်ပုံသတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

မင်းကင်း လေယာဉ်ဗုံးကြဲခံရ၍ ဒဏ်ရာရသူများ ဆေးရုံပို့ရာတွင် ခက်ခဲနေ

May 24, 2025

မွန်ပြည်နယ်မှ စစ်ဘေးရှောင်များ ဝမ်းရောဂါနှင့် အရေးပြားရောဂါဖြစ်ပွားနေ

May 24, 2025

NMSP (AD) နှင့် MLA ပေါင်းစည်းပြီး ရာမညမွန်တပ်တော်-RMA ဖွဲ့စည်း

May 24, 2025

ကရင်ပြည်နယ်၊ တပ်မဟာ ၆ရှိ ဘလယ်ဒိုတပ်စခန်းကို KNLA ဦးဆောင်သော တပ်ပေါင်းစုများ ပြန်လည်သိမ်းပိုက်

May 24, 2025

ပြည်ပသို့ ထွက်ခွာခွင့် အေအေ ပိတ်ပင်မှုအပေါ် ရခိုင်လူငယ်တွေ ကြိုဆိုသလား

May 23, 2025

ရခိုင်အတွက် လူသားချင်းအကူအညီပေးရေးစင်္ကြံကနေ ဘင်္ဂလားဒေ့ရှ် နောက်ဆုတ်

May 23, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.