• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • မကွေးတိုင်း နောင်ကျေးရွာကို စစ်ကောင်စီ ဒရုန်းဖြင့် ဗုံးကြဲ အဖွားအိုတစ်ဦး သေဆုံး
  • ရှမ်းမြောက်စစ်မျက်နှာ နောင်ချိုကျဆုံးခြင်း(ရုပ်သံ)
  • ဆားလင်းကြီးမြို့နယ်တွင် ၇၈ နှစ်မြောက် အာဇာနည်နေ့အခမ်းအနား ပြုလုပ်
  • ကျောက်ဖြူရဲတပ်ရင်းအနီး တိုက်ပွဲ စစ်ကောင်စီက စက်တပ်လေထီး၊ ဒရုန်း အများအပြားသုံး ခုခံ
  • ကြည်းတပ်၊ ရေတပ်ပေါင်း၍ သပိတ်ကျင်းကို စစ်ကောင်စီ ထိုးစစ်ဆင်
  • TNLA အနေဖြင့် နိုင်ငံရေးလမ်းကြောင်းသစ်ဖြင့် လျှောက်လှမ်းသင့်ဟု ဆို
  • ရခိုင်ပြည်ထုတ် တောအရက်တွင် မယ်သနော အဆိပ်ဓာတ် ၁၂ ရာခိုင်နှုန်းထိ ပါဝင်
  • ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်များ တရားဝင် အလုပ်လုပ်ကိုင်ခွင့်ရရန် တောင်းဆို
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»နေ့စဉ်သတင်း»BGF ဘက်တံဆိပ်ပြောင်းလဲမည့်အပေါ် ကရင်လူထုကြိုဆို
နေ့စဉ်သတင်း

BGF ဘက်တံဆိပ်ပြောင်းလဲမည့်အပေါ် ကရင်လူထုကြိုဆို

thanlwinkhetBy thanlwinkhetFebruary 24, 2024No Comments2 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

BGF ဘက်တံဆိပ်ပြောင်းလဲမည့်အပေါ် ကရင်လူထုကြိုဆို

***********************

နန်းဆုပန်ခန့်

ဖေဖော်ဝါရီ ၂၄၊ ၂၀၂၄။

ကရင်နယ်ခြားစောင့်တပ် – BGF သည် ကရင်အမျိုုးသားတပ်မတော် – KNA ဘက်တံဆိပ်သို့ပြောင်းလဲမည်ဟု သတင်းများထွက်ပေါ်နေသည့်အပေါ် ကရင်လူထုကကြိုဆိုလျက်ရှိသည်ဟု ကရင်ပြည်သူများထံက သိရသည်။

BGF ၏ ဘက်တံဆိပ်ပြောင်းလဲမှုသည် ကရင်လူထုနှင့် လက်နက်ကိုင်တပ်ဖွဲ့များအတွက် ရန်သူ့အင်အား လျော့ နည်းလာခြင်းလည်းဖြစ်သည်ဟု ကရင်ပြည်သူ လူငယ်အမျိုးသား ၁ ဦးက သံလွင်ခက်ကိုပြောသည်။

၎င်းက “ကောင်းတာပေါ့၊ ကြိုဆိုတယ်လေ၊ ကိုယ်နဲ့ဘက်တူရင် ကိုယ့်အတွက် ရန်သူအင်အားနည်းသွားတာပေါ့ ဗျာ။ ဒါအတွက် ဝမ်းသာမှုမျိုးခံစားရပြီး သူတို့အတွက် အမှန်တရားကိုလက်ခံလာနိုင်တာမျိုးလို့ ကျွန်တော်မြင် တယ်” ဟုဆိုသည်။

BGF နှင့်နီးစပ်သူများကတော့ BGF တပ်သည် ၎င်း၏ ယခင်ဘက်တံဆိပ်အား ပြောင်းလဲအသုံးပြုရန် ဖေဖော်ဝါရီ ၂၂ ရက်တွင် အတည်ပြုခဲ့သည်ဟု ဆိုသည်။

ယခင် ကရင်နယ်ခြားစောင့်တပ် BGF ဘက်တံဆိပ်အား ကရင်အမျိုးသားတပ်မတော် KNA ဘက်တံဆိပ်သို့ ပြောင်းရန် BGF တပ်ဖွဲ့၏ ခေါင်းဆောင်ပိုင်းများက အတည်ပြုခဲ့ခြင်းဖြစ်သည်ဟု အမည်မဖော်လိုသည့် BGF တပ် ဖွဲ့ဝင် ၁ ဦးက သံလွင်ခက်သတင်းဌာနကိုပြောသည်။

၎င်းက “ အစည်းအဝေးမှာ မနေ့ကတော့ ဆုံးဖြတ်ချက်ချပြီးသွားပြီ။ ပြောင်းမယ်လို့ ရည်ရွယ်ထားတယ်ပေါ့နော်။ အခုပြောင်းဖို့အတွက်ကိုလည်း လူကြီးတွေအကုန်လုံး အတည်ပြုပြီးသွားပြီ။ ပြောင်းတာတော့ မပြောင်းရသေးဘူး ပေါ့နော် “ ဟု ဆိုသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၀ ရက်တွင်လည်း ကရင်အမျိုးသားအစည်းအရုံး – KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း က ကရင်လက်နက်ကိုင်အဖွဲ့အစည်းများ တစုတစည်းတည်းဖြစ်ရန်ဆန္ဒရှိပြီး ကော်သူးလေပြည်ကို တည်ထောင်ရန် လုပ်ဆောင်နေသည်ဟု KNU ၏ လူမှုကွန်ရက်စာမျက်နှာကတဆင့် ပြောကြားခဲ့သည်။

“ကျွန်တော်တို့ရဲ့ ကရင်အမျိုးသားအစည်းအရုံးအဖွဲ့အစည်း – KNU ရဲ့လုပ်ဆောင်မှုအောက်မှာ ကရင့်တော်လှန် ရေးအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA ၊ ဒုတိယကတော့ DKBA လက်နက်ကိုင် ကရင်ဗုဒ္ဓဘာသာအဖွဲ့အစည်း၊  တတိယကတော့ KNU / KNLA လက်နက်ကိုင် ကရင်ငြိမ်းချမ်းရေး အဖွဲ့အစည်း၊ နောက်တစ်ခုက DKBA ကနေတဆင့် ပေါ်ပေါက်လာတဲ့ BGF အဖွဲ့အစည်းတွေဖြစ်တယ်၊ ဒီအဖွဲ့အစည်းတွေ ဘယ် လိုခွဲထွက်ကွဲပြားနေပါစေ၊ ကျွန်တော်တို့အားလုံးနားလည်တာကတော့ ကရင်တစ်မျိုးသားလုံး မျှော်လင့်တောင့်တ နေတဲ့ ကရင်ပြည် ( ခေါ် ) ကော်သူးလေပြည် ရရှိဖို့အတွက် လုပ်ဆောင်နေတာပဲဖြစ်တယ် ” ဟု ပြောကြားခဲ့ ခြင်းဖြစ်သည်။

ကရင်ခေါင်းဆောင်များ၏ ပြောကြားချက်များအတိုင်း ကရင်လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် လက်ရှိတွင် တစုတစည်းတည်း နေထိုင်သင့်ပြီဖြစ်သလို ဘက်တံဆိပ်ပြောင်းလျှင် ပိုမိုစည်းလုံးလာနိုင်သည်ဟု BGF တပ်ဖွဲ့ဝင် ၁ ဦးကလည်းဆိုသည်။

၎င်းက “ လူကြီးတွေပြောတဲ့အတိုင်းပဲ။ ကျွန်တော်တို့ ကရင်လူမျိုးတွေက တစုတစည်းနဲ့ပြန်ပြီးတော့ စည်းစည်း လုံးလုံးနဲ့ ညီညီညွတ်ညွတ်နဲ့ နေသင့်တာကတော့ကြာပါပြီ။ ဘက်တံဆိပ်တွေ ပြန်ပြီးတော့လဲမယ့်အပေါ်မှာလည်း ကျွန်တော်တို့ ကရင်လူမျိုးတွေက ပိုပြီးတော့စည်းလုံးသွားတာပေါ့နော်။ ကျွန်တော်တို့ ကရင်လူမျိုးတွေ စည်း စည်းလုံးလုံး ပြန်ဖြစ်လာနိုင်မယ်လို့လည်း ကျွန်တော်မြင်တယ်ပေါ့နော်။ ကျွန်တော်လည်း ပိုပြီးတော့ သဘောကျ တယ်” ဟု ဆိုသည်။

BGF ဘက်တံဆိပ်ဖြင့်နေခဲ့စဉ်တွင် စစ်ကောင်စီကထောက်ပံ့သည့်လစာကိုယူခဲ့ပြီး ၂၀၂၁ ခုနှစ် စစ်တပ်အာဏာ သိမ်းပြီးနောက်ပိုင်းတွင် စစ်ကောင်စီတပ်က ၎င်းတို့နှင့်အတူ စစ်ဆင်ရေးတွင်ဝင်ရောက်ရန် တိုက်တွန်းမှုများ လည်း ရှိခဲ့သည်။

စစ်ကောင်စီတပ်နှင့်အတူ စစ်ဆင်ရေးထွက်ပြီး ကရင်လူမျိုးအချင်းချင်း ပြန်လည်တိုက်ခိုက်ရမည်ကို မလိုလား သလို ကရင်လူထုကို စိတ်ချမ်းသာစေချင်သည်ဟု BGF တပ်ဖွဲ့ဝင် ၁ ဦးကဆိုသည်။

၎င်းက “ ကျွန်တော်တို့က သူတို့နဲ့ ပူးပေါင်းပြီးတော့ စစ်ဆင်ရေးတွေဘာတွေ ထွက်ရတယ်၊ ပြုရတယ်ဆိုတော့ ကိုယ့်ကရင်လူမျိုးအချင်းချင်းပဲကိုယ်ပြန်တိုက်နေရတာ။ အဲဒီအပေါ်မှာ ကျွန်တော်တို့ကလည်းမလုပ်ချင်ဘူး။ ကျွန် တော်တို့ပြည်သူလူထုစိတ်ချမ်းချမ်းသာသာနေနိုင်ဖို့ပဲ နဂိုကတည်းက ရည်ရွယ်ခဲ့တာ” ဟု ဆိုသည်။

ကရင်နယ်ခြားစောင့်တပ် – BGF တပ်အနေဖြင့်  စစ်ကောင်စီ၏ လက်အောက်ခံအဖြစ်မနေတော့သလို စစ်ကောင် စီထံက လစာနှင့် ရိက္ခာမယူဘဲ သီးခြားရပ်တည်တော့မည်ဟု ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းတွင် ပြောဆိုခဲ့သည်။

BGF ကို ဖျက်သိမ်းပြီး KNA – Karen National Army အဖြစ် ပြောင်းလဲဖွဲ့စည်းသွားမည်ဟု သတင်းများ ထွက်ပေါ်နေသည့်နှင့်ပတ်သက်၍ အတည်မပြုသေးဟု ကရင်နယ်ခြားစောင့်တပ်ဖွဲ့ ဗိုလ်မှူးကြီး စောချစ်သူ က ပြီးခဲ့သည့်ရက်ပိုင်းတွင် သတင်းမီဒီယာများကိုဖြေကြားထားသည်။

BGF သည် ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် – DKBA က ခွဲထွက်ပြီး ၂၀၁၀ ခုနှစ် ဩဂုတ်လ ၂၀ ရက်တွင် BGF တပ်အဖြစ် စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။

ပုံစာ – ပြောင်းလဲရန်အတည်ပြုခဲ့သည်ဟု သတင်းထွက်ပေါ်နေသော ကရင်အမျိုးသားတပ်မတော် KNA ဘက် တံဆိပ်။

************

အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။

Telegram – > https://t.me/newstlk/3491

YouTube – > https://youtu.be/eEaLA1Cu5r0

Website – > https://thanlwinkhet.net/?p=7883

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleကလေးမြို့နယ်တွင်ဖြစ်ပွားသည့် တိုက်ပွဲ၌ ချင်းကာ ကွယ်ရေးတပ်ဖွဲ့ဝင် ၄ ဦး ကျဆုံး
Next Article ၂၀ ရာစုအတွင်း ဂျပန်တပ်များ၏ နန်ကင်းလူမျိုးသုဥ်းသတ်ဖြတ်မှု (သို့မဟုတ် ) The Rape of Nanking
thanlwinkhet
  • Website

Related Posts

ကြည်းတပ်၊ ရေတပ်ပေါင်း၍ သပိတ်ကျင်းကို စစ်ကောင်စီ ထိုးစစ်ဆင်

July 18, 2025

ရခိုင်ပြည်ထုတ် တောအရက်တွင် မယ်သနော အဆိပ်ဓာတ် ၁၂ ရာခိုင်နှုန်းထိ ပါဝင်

July 18, 2025

ရခိုင်တွင် အင်တာနက်အသုံးပြုခ တန်းတူသတ်မှတ်ပေး

July 17, 2025

Leave A Reply Cancel Reply

Recent Posts

  • မကွေးတိုင်း နောင်ကျေးရွာကို စစ်ကောင်စီ ဒရုန်းဖြင့် ဗုံးကြဲ အဖွားအိုတစ်ဦး သေဆုံး
  • ရှမ်းမြောက်စစ်မျက်နှာ နောင်ချိုကျဆုံးခြင်း(ရုပ်သံ)
  • ဆားလင်းကြီးမြို့နယ်တွင် ၇၈ နှစ်မြောက် အာဇာနည်နေ့အခမ်းအနား ပြုလုပ်
  • ကျောက်ဖြူရဲတပ်ရင်းအနီး တိုက်ပွဲ စစ်ကောင်စီက စက်တပ်လေထီး၊ ဒရုန်း အများအပြားသုံး ခုခံ
  • ကြည်းတပ်၊ ရေတပ်ပေါင်း၍ သပိတ်ကျင်းကို စစ်ကောင်စီ ထိုးစစ်ဆင်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

မကွေးတိုင်း နောင်ကျေးရွာကို စစ်ကောင်စီ ဒရုန်းဖြင့် ဗုံးကြဲ အဖွားအိုတစ်ဦး သေဆုံး

ရှမ်းမြောက်စစ်မျက်နှာ နောင်ချိုကျဆုံးခြင်း(ရုပ်သံ)

ဆားလင်းကြီးမြို့နယ်တွင် ၇၈ နှစ်မြောက် အာဇာနည်နေ့အခမ်းအနား ပြုလုပ်

ကျောက်ဖြူရဲတပ်ရင်းအနီး တိုက်ပွဲ စစ်ကောင်စီက စက်တပ်လေထီး၊ ဒရုန်း အများအပြားသုံး ခုခံ

ယခင်သတင်းများ

  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ဓာတ်ပုံသတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

မကွေးတိုင်း နောင်ကျေးရွာကို စစ်ကောင်စီ ဒရုန်းဖြင့် ဗုံးကြဲ အဖွားအိုတစ်ဦး သေဆုံး

July 19, 2025

ရှမ်းမြောက်စစ်မျက်နှာ နောင်ချိုကျဆုံးခြင်း(ရုပ်သံ)

July 19, 2025

ဆားလင်းကြီးမြို့နယ်တွင် ၇၈ နှစ်မြောက် အာဇာနည်နေ့အခမ်းအနား ပြုလုပ်

July 19, 2025

ကျောက်ဖြူရဲတပ်ရင်းအနီး တိုက်ပွဲ စစ်ကောင်စီက စက်တပ်လေထီး၊ ဒရုန်း အများအပြားသုံး ခုခံ

July 18, 2025

ကြည်းတပ်၊ ရေတပ်ပေါင်း၍ သပိတ်ကျင်းကို စစ်ကောင်စီ ထိုးစစ်ဆင်

July 18, 2025

TNLA အနေဖြင့် နိုင်ငံရေးလမ်းကြောင်းသစ်ဖြင့် လျှောက်လှမ်းသင့်ဟု ဆို

July 18, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.