• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်
  • ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး
  • စစ်တွေတွင် ရွေးကောက်ပွဲကျင်းပပြီးနောက် လက်နက်ကြီးသံများ ဆက်တိုက်ထွက်ပေါ်
  • ဘက်စုံပိတ်ဆို့မှုကြောင့် စစ်တွေလက်လုပ်လက်စားများ အငတ်ဘေး ရင်ဆိုင်နေရ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»တိုက်ပွဲသတင်း»ကလေးမြို့နယ်တွင်ဖြစ်ပွားသည့် တိုက်ပွဲ၌ ချင်းကာ ကွယ်ရေးတပ်ဖွဲ့ဝင် ၄ ဦး ကျဆုံး
တိုက်ပွဲသတင်း

ကလေးမြို့နယ်တွင်ဖြစ်ပွားသည့် တိုက်ပွဲ၌ ချင်းကာ ကွယ်ရေးတပ်ဖွဲ့ဝင် ၄ ဦး ကျဆုံး

thanlwinkhetBy thanlwinkhetFebruary 24, 2024No Comments1 Min Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

ကလေးမြို့နယ်တွင်ဖြစ်ပွားသည့် တိုက်ပွဲ၌ ချင်းကာ ကွယ်ရေးတပ်ဖွဲ့ဝင် ၄ ဦး ကျဆုံး

******************

ထွယ်
ဖေဖော်ဝါရီ ၂၄၊ ၂၀၂၄။

ချင်းပြည်နယ်နှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် စစ် ကိုင်းတိုင်း ကလေးမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်တို့ကြား တိုက်ပွဲပြင်းထန်နေပြီး ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNDF ၏ ဒုစစ်ဦးစီးချုပ်အပါအဝင် ရဲဘော် ၃ ဦး ကျဆုံးခဲ့သည်ဟု ကာကွယ် ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။

ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ဝင် CNDF ၏ ဒုစစ်ဦးစီးချုပ်နှင့် ရဲမေ ၁ ဦး၊ ရဲဘော် ၁ ဦးသည် ယမန်နေ့ ဖေဖော်ဝါရီ ၂၃ ရက်တွင် တိုက်ပွဲစစ်ဆင်ရေးတစ်နေရာမှ တစ်နေရာသို့ ရွှေ့ပြောင်းသွားလာစဉ် ကလေးမြို့နယ်၊ မန်တော်ကျေးရွာအနီး၌ ခြုံခိုတိုက်ခိုက်ခံရပြီး ကျဆုံးခဲ့ရခြင်းဖြစ်သည်ဟု ချင်းအမျိုးသားအဖွဲ့ချုပ် CNO ၏ အထွေထွေအတွင်းရေးမှူးက သံလွင်ခက်ကို ပြောသည်။

ထို့ပြင် တိုက်ခိုက်ခံရသည့်နေရာတွင် ရဲမေနှင့် ရဲဘော်၏ ရုပ်အလောင်း မတွေ့ရှိရသဖြင့် ကျဆုံးသတင်းမှာ ရာ ခိုင်နှုန်းပြည့်အတည်ပြုရန် ခက်ခဲလျက်ရှိသည်ဟု သူက ဆက်ပြောသည်။

“ရဲမေ ၁ ယောက်နဲ့ ရဲဘော် ၁ ယောက်က ကျဖို့ ရာခိုင်နှုန်းတော့ များတယ်။ ဒါပေမယ့် ရွာကမြင်တဲ့သူက အ လောင်း ၁ လောင်းပဲ မြင်တယ်လို့ ပြောတဲ့အတွက်ကြောင့် ၁၀၀ မှာ ၁၀၀ ရာခိုင်နှုန်းအတည်မပြုနိုင်တာပေါ့။ ဒါပေမယ့် စစ်ဦးစီးချုပ်တော့ အဲ့မှာပဲ တစ်ခါတည်းပွဲချင်းကျသွားတယ်လို့တော့ ကျွန်တော်တို့ သတင်းရတယ်” ဟု ပြောသည်။

ထို့အတူ ဖေဖော်ဝါရီ ၂၂ ရက်ကလည်း ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ – CNDF ၏ ရဲဘော် ၁ ဦး ကလေးမြို့တောင်ပိုင်း စက္ကန့်ကျေးရွာတိုက်ပွဲတွင် မိုင်းနင်းမိကာ ကျဆုံးခဲ့သည်ဟု ချင်းအမျိုးသားအဖွဲ့ချုပ် – CNO ၏ အထွေထွေအတွင်းရေးမှူးက ပြောသည်။

စစ်ကိုင်းတိုင်း ကလေးမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်များကြား တိုက်ပွဲပြန် လည်ပြင်းထန်နေသည်မှာ ၃ ရက်ခန့်ရှိပြီဖြစ်ပြီး စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးမြို့တွင် ၂ ရက်အတွင်း ကလေးသူငယ်အပါအဝင် အရပ် သားပြည်သူ ၅ ဦး လက်နက်ကြီးကျည်ထိမှန်မှုကြောင့် သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူများလည်းရှိသည်ဟု ဒေသခံများထံက သိရသည်။

ထို့ပြင် ကလေးမြို့ ဗိုလ်ချုပ်လမ်းပေါ်ရှိ မြို့တွင်းပိုင်း ရပ်ကွက်များဖြစ်သည့် ကြို့သုံးပင် ရပ်ကွက်အပါအဝင် တာဟန်းရပ်ကွက်၊ တောင်ဖီလာရပ်ကွက်၊ တောင်ဇလပ်ရပ်ကွက်၊ လေးအိမ်စုကျေးရွာနှင့် မွန်းလိုင်ကျေးရွာက ဒေသခံများလည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်း ရှောင်နေရပြီး အချို့က နေအိမ်တွင်းပိတ်မိလျက်ရှိသည်ဟု ကလေးမြို့ ဒေသခံ ၁ ဦးက သံလွင်ခက်ကို ပြောသည်။

ပုံစာ – ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNDF ၏ ဒုစစ်ဦးစီးချုပ်အပါအဝင် ကျဆုံးရဲဘော် ၃ ဦး။

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleကောလင်းကို စစ်ကောင်စီပြန်ထိန်းချုပ်ပြီးတစ်မြို့လုံးနီးပါး မီးရှို့ဖျက်ဆီး
Next Article BGF ဘက်တံဆိပ်ပြောင်းလဲမည့်အပေါ် ကရင်လူထုကြိုဆို
thanlwinkhet
  • Website

Related Posts

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ခရစ္စမတ်နေ့ဆုတောင်းသည့် ဒိုက်ဦးနိုင်ကျဉ်းသူများ ရိုက်နှက်ခံရ

December 29, 2025

ရွေးကောက်ပွဲအကြောင်းပြ ကရင်နီကုန်သွယ်လမ်းများ စစ်ကော်မရှင်ပိတ်

December 28, 2025

Leave A Reply Cancel Reply

Recent Posts

  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

ယခင်သတင်းများ

  • December 2025
  • November 2025
  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ထုတ်ပြန်ချက်
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နိုင်ငံရေးသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • ရွေးကောက်ပွဲသတင်း
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

December 31, 2025

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

December 31, 2025

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

December 31, 2025

ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

December 31, 2025

ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး

December 30, 2025
Copyright © 2026. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.