• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်
  • ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး
  • စစ်တွေတွင် ရွေးကောက်ပွဲကျင်းပပြီးနောက် လက်နက်ကြီးသံများ ဆက်တိုက်ထွက်ပေါ်
  • ဘက်စုံပိတ်ဆို့မှုကြောင့် စစ်တွေလက်လုပ်လက်စားများ အငတ်ဘေး ရင်ဆိုင်နေရ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»တိုက်ပွဲသတင်း»မံစီတွင် တိုက်ပွဲဆက်လက်ပြင်းထန်၊ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၇ ဦးသေဆုံး
တိုက်ပွဲသတင်း

မံစီတွင် တိုက်ပွဲဆက်လက်ပြင်းထန်၊ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၇ ဦးသေဆုံး

thanlwinkhetBy thanlwinkhetFebruary 19, 2024No Comments1 Min Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

မံစီတွင် တိုက်ပွဲဆက်လက်ပြင်းထန်၊ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၇ ဦးသေဆုံး    

*****************

ထွယ်

ဖေဖော်ဝါရီ ၁၉၊ ၂၀၂၃။

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၊ စီခမ်းကြီးကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ကချင်လွတ်မြောက်ရေးတပ်မတော် – KIA နှင့် ပူးပေါင်းတပ်တို့က ဝင်ရောက်တိုက်ခိုက်နေသည်မှာ ၃ ရက်ရှိပြီဖြစ်သည်။

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားနေသည့်နေရာအပါအဝင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် စီခမ်းကြီးကျေးရွာနှင့် ၅ မိုင်ခန့်ဝေးသည့် သံတံတားကျေးရွာကိုလည်း ယမန်နေ့တွင် လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် ဒေသခံ ၇ ဦးခန့် သေဆုံးခဲ့သည်ဟု ဒေသခံများထံက သိရသည်။

စစ်ကောင်စီ၏ လေကြောင်းပစ်ခတ်မှုနှင့် Drone ဖြင့်ပစ်ခတ်မှုကြောင့် ဒေသခံပြည်သူများ သံတံတားကျေးရွာဘုန်းကြီးကျောင်းတွင် လူဦးရေ ၁၀၀ ကျော် ပိတ်မိနေပြီး ဘေးလွတ်ရာသို့ ကယ်ထုတ်ရန်ပင် ခက်ခဲလျက်ရှိသည်ဟု လူမှုကယ်ဆယ်ရေးပြုလုပ်နေသည့် အမျိုးသား ၁ ဦးက သံလွင်ခက်ကို ပြောသည်။

၎င်းက “သေတဲ့သူ စာရင်းကောက်ထားတာက ၇ ယောက်လောက်သေထားတယ်လို့ ပြောတယ်။ သံတံတားကို လေယာဉ်ရော Drone ရော ချတာတဲ့။ ကျွန်တော်တို့လည်း သံတံတားနားကို ကပ်မရဘူး၊ သူတို့လည်း ဘုန်းကြီး ကျောင်းက ထွက်မရဖြစ်နေတာ” ဟုပြောသည်။

တိုက်ပွဲဖြစ်ပွားသဖြင့် ဒေသခံပြည်သူများသေဆုံးမှုအပါအဝင် ထိခိုက်ဒဏ်ရာရရှိသူလည်း ၈ ဦးခန့် ရှိသည်ဟု ကြားသိရကြောင်း ၎င်းက ဆက်ပြောသည်။

မံစီမြို့နယ်ရှိ သံတံတားကျေးရွာသည် မန္တလေး – မြစ်ကြီးနား အမြန်လမ်းမပေါ်တွင်တည်ရှိပြီး မံစီမြို့နှင့် မိုင် ၃၀ ခန့်ဝေးကာ ဗန်းမော်မြို့နှင့် မိုင် ၄၀ ခန့် အကွာတွင် တည်ရှိသည်။

စီခမ်းကြီးကျေးရွာတွင် ယခုအချိန်ထိ တိုက်ပွဲများပြင်းထန်နေပြီး ဒေသခံပြည်သူသေဆုံးမှုကို ၎င်းတို့လည်း ကြားမိသည်ဟု စီခမ်းကြီးကျေးရွာမှ မန်သာကျေးရွာသို့ တိုက်ပွဲရှောင်လာသည့် စီခမ်းကြီးကျေးရွာဒေသခံ အမျိုးသမီး ၁ ဦးက သံလွင်ခက်ကို ပြောသည်။

“စီခမ်းကြီးမှာ ကျွန်မတို့ ဒေသခံ ၅ ယောက် ၆ ယောက် လေယာဉ်မှန်းမသိ လက်နက်ကြီးမှန်းမသိ ထိလို့ သေပြီတဲ့။ မနေ့တုန်းကလည်း ဒေသခံ ၂ ယောက် ဆိုင်ကယ်သွားယူတဲ့အချိန် ထိထားတယ်တဲ့။ သေပြီလား၊ ရှင်သေးလား မသိသေးဘူး။ လေယာဉ်လည်း ပစ်လိုက်တာ အရမ်းပဲ။ မနေ့ညလည်း တစ်ညလုံးပစ်ခတ်သံကြားတယ်။ ဒီမနက်လည်း တစ်မနက်လုံး ပစ်နေတာ။ အခုလည်း ပစ်နေတာပဲ” ဟု ပြောသည်။

မံစီမြို့နယ် စီခမ်းကြီးကျေးရွာတွင် ယခုအချိန်ထိ ကျေးရွာတွင်း ပိတ်မိနေသူများလည်းရှိသည်ဟု ၎င်းက ဆက်ပြောသည်။

စစ်ကောင်စီတပ်သည် ၎င်းတို့စခန်းမကျဆုံးစေရန်အတွက် စီခမ်းကြီးကျေးရွာအနီးကို တိုက်ပွဲဖြစ်ပွားခြင်းမရှိသေးမီ ၄ ရက်ခန့်ကတည်းက လေကြောင်းဖြင့်ပစ်ခတ်ခဲ့ပြီး ဒေသခံပြည်သူများအသုံးပြုနေသည့် တံတားများကိုလည်း လေကြောင်းဖြင့်ပစ်ခတ်ကာ ဖျက်ဆီးခဲ့သည်။

Photo –  The Kachin Net

************

အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။

Telegram – > https://t.me/newstlk/3408

YouTube – > https://youtu.be/eEaLA1Cu5r0

Website – >  https://thanlwinkhet.net/?p=7773

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleတရုတ်ကို အိမ်နီးချင်းကောင်းဟု စစ်ခေါင်းဆောင် ဆိုလာပြန်
Next Article မီးမမှန်တဲ့နိုင်ငံမှာ လျှပ်စစ်ကားသုံးစွဲရေး စစ်ကောင်စီက တိုးမြှင့်လုပ်ဆောင်လာ
thanlwinkhet
  • Website

Related Posts

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ခရစ္စမတ်နေ့ဆုတောင်းသည့် ဒိုက်ဦးနိုင်ကျဉ်းသူများ ရိုက်နှက်ခံရ

December 29, 2025

ရွေးကောက်ပွဲအကြောင်းပြ ကရင်နီကုန်သွယ်လမ်းများ စစ်ကော်မရှင်ပိတ်

December 28, 2025

Leave A Reply Cancel Reply

Recent Posts

  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

ယခင်သတင်းများ

  • December 2025
  • November 2025
  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ထုတ်ပြန်ချက်
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နိုင်ငံရေးသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • ရွေးကောက်ပွဲသတင်း
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

December 31, 2025

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

December 31, 2025

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

December 31, 2025

ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

December 31, 2025

ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး

December 30, 2025
Copyright © 2026. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.