• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • စစ်တွေ စစ်ဘေးရှောင်များ စားဝတ်နေရေး ကြပ်တည်းနေ
  • မီဇိုရမ်ဘက်မှ ကုန်အဝင်နည်းသောကြောင့် ရခိုင်တွင် ကုန်ဈေးနူန်း ပြန်တက်
  • သေ့ဘောဘိုးစခန်းသိမ်းတိုက်ပွဲတွင် ၁၂၀ မမနှင့် လက်နက်ကြီးများ သိမ်းဆည်းရရှိ
  • ထိုင်းမှာ ၂ ရက်အတွင်း လူ သုံးသောင်းဝန်းကျင် ကိုဗစ် ကူးစက်ခံရ
  • စီးပွားရေးမြို့တော် ရန်ကုန်တွင် လူ ၂ ဒဿမ ၇ သန်းခန့် ဆင်းရဲကြပ်တည်းနေ
  • သေ့ဘောဘိုးစခန်းကို ကရင်ပူးပေါင်းတပ်များ သိမ်းပိုက် မြဝတီတောင်ပိုင်းတွင် နောက်ထပ် စခန်း ၃ ခုသာကျန်
  • ဖားကန့်တွင် ယမ်းဂိုထောင်ပေါက်ကွဲမှုကြောင့် လူနှစ်ဦး သေဆုံး
  • သေ့ဘောဘိုးတိုက်ပွဲ စစ်ကောင်စီ လေကြောင်းမှ ဆက်တိုက်ဗုံးကြဲနေ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»တိုက်ပွဲသတင်း»ကောလင်းမြို့တိုက်ပွဲ စစ်ကောင်စီတပ် သေဆုံးမှုများပြီးတပ်ပြန်ဆုတ်၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ
တိုက်ပွဲသတင်း

ကောလင်းမြို့တိုက်ပွဲ စစ်ကောင်စီတပ် သေဆုံးမှုများပြီးတပ်ပြန်ဆုတ်၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

thanlwinkhetBy thanlwinkhetFebruary 9, 2024No Comments2 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

ကောလင်းမြို့တိုက်ပွဲ စစ်ကောင်စီတပ် သေဆုံးမှုများပြီးတပ်ပြန်ဆုတ်၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

****************************

Saw Smith

ဖေဖော်ဝါရီ ၉ ၊ ၂၀၂၄ ။

ကောလင်းမြို့တွင်းသို့ ကျွံဝင်လာသည့် စစ်ကောင်စီတပ်များကို ကာကွယ်ရေးပူးပေါင်းတပ်များက စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်များ ထိခိုက်သေဆုံးမှု များပြီး တပ်ပြန်ဆုတ်သွားရသည်ဟု ကာကွယ်ရေးရဲဘော်များထံက သိရသည် ။

သိမ်းပိုက်ခံထားရသည့် ကောလင်းမြို့ကို စစ်ကောင်စီက မြေပြင်၊ ဝေဟင်တို့မှ နေ၍ အင်အားလုံးအရင်းဖြင့် ဖေဖော်ဝါရီ ၃ ရက်နေ့ကတည်းက ထိုးစစ်ဆင်နေရာ ပြင်းထန်တိုက်ပွဲများ နေ့စဥ်ဖြစ်ပွားခဲ့သည်။

ယမန်နေ့တွင် စစ်ကောင်စီတပ်စစ်ကြောင်းတချို့ ကောလင်းမြို့တွင်းသို့ ထိုးဖောက်ဝင်ရောက်လာခဲ့သောကြောင့် ပြင်းထန်ထိတွေ့မှုများ ညပိုင်းထိဖြစ်ပွားခဲ့သည်။

” ညနေအစောပိုင်း ဒီကောင်တွေ မြို့ထဲထိဝင်လာတာ

တန်ပြန်တိုက်လိုက်တာ ညကပြန်ဆုတ်သွားရတယ် “ဟု ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည် ။

ယမန်နေ့တွင် ကောလင်းမြို့၌ ဖြစ်ပွားခဲ့သည့် တိုက်ပွဲအခြေအနေ နှင့် ပတ်သက်၍ ကောလင်းခရိုင် တပ်ရင်း၂ တာဝန်ရှိသူ တစ်ဦးကလည်း စစ်ကောင်စီဘက်ထိခိုက်သေဆုံးမှုများသည်ဟု ယနေ့နံနက်ပိုင်းတွင် ဖော်ပြထားသည်။

၎င်းက” ကောလင်းမြို့ မင်းချမ်းကျောင်း

နှင့် တဲကြီးကုန်း တဝိုက် တွင် စကစနှင့် တပ်ရင်း ၂

နှင့်ပူးပေါင်းအဖွဲ့များ အပြင်းအထန် အထိတွေ့ဖြစ်

ရာ စကစများ အထိနာအကျအဆုံးများပြီး  ရင်း ၂

မှ ရဲဘော် ၄ ဦးဒဏ်ရာရ ၊ မစိုးရိမ်ရပါ ။

သိမ်းဆည်းရမိ ပစ္စည်း လေးတွေကတော့ ဓာတ်ပုံ

နှင့်တကွ တင်ပြလိုက်ရပါတယ် ။ အမျိုးတို့

ကျနော်တို့ အစွမ်းကုန်ကြိုးစားနေဆဲပါ ။

တပ်ရင်း ၁ လဲ အစွမ်းကုန်ကြိုးစားနေပါတယ် “ဟု လူမှုကွန်ရက်စာမျက်နှာတွင် အသိပေးဖော်ပြထားသည် ။

ကောလင်းမြို့ကို စစ်ကောင်စီက မြို့၏တောင်ဘက် ကိုးတောင်ဘို့ဘက်မှ ရဟတ်ယာဥ်များဖြင့် ချပေးမှုများအပါအဝင်အင်အား ၅၀၀ နီးပါးရှိ စစ်ကြောင်းများ နှင့် မြို့မြောက်ဘက် ဝန်သိုဘက်ကနေလာသည် အင်အား ၃၀၀ ကျော်ရှိ စစ်ကြောင်းများဖြင့် ထိုးစစ်ဆင်နေခြင်းဖြစ်သည်။

စစ်ကောင်စီသည် စစ်ကြောင်း အင်အားအများအပြားနှင့် လက်နက်ကြီးပစ်ကူများစွာတို့ဖြင့် မြေပြင်မှ ထိုးစစ်ဆင်နေသည့်အပြင် လေကြောင်းမှလည်း နေ့စဥ်နီးပါး ပစ်ကူပေး၍ ထိုးစစ်ဆင်နေသည် ။

စစ်ကောင်စီ၏ မြေပြင်၊ ဝေဟင်တို့မှ အပြင်းအထန်ထိုးစစ်ဆင်နေမှုကို အကောင်းဆုံးတန်ပြန်တိုက်ခိုက်နေသည့် ပူးပေါင်းတပ်များအနေဖြင့် တိုက်ပဲဲကာလာသည်နှင့် လိုအပ်ချက်များရှိလာသဖြင့် ပြည်သူများ ဝိုင်းဝန်းကူညီထောက်ပံ့ပေးကြရန် မနွေဦးနှင်းက မေတ္တာရပ်ခံပြောဆိုသည်။

ကောလင်း ခရိုင်တပ်ရင်း ၁ ၊ တပ်ရင်း ၂ နှင့် ကောလင်း ပကဖ အဖွဲ့များကို အဓိက ထောက်ပံ့မှုပေးနေသည့် မနွေဦးနှင်းက ” NUG က စီစဉ်ထားပေမဲ့လည်းထောက်ပို့လုပ်နေသူတယောက်အနေနဲ့ပြည်သူတွေကို လိုက်ပါပူးပေါင်းပေးဖို့ နိုင်သလောက်ပါဝင်ပေးဖို့ ပြောချင်ပါတယ် “ဟု ပြောသည် ။

ကောလင်းမြို့ကို စစ်ကောင်စီဘက်က အင်အားအလုံးအရင်းဖြင့် ဖိနေသောကြောင့် ကန့်ဘလူဘက်တွင် စစ်ကောင်စီနှင့်ပျူစောထီးများတပ်စွဲထားသည့် ချပ်သင်းရွာကို ပူးပေါင်းတပ်များက ထိုးစစ်ဆင်တိုက်ခိုက်နေသလို ကျွန်းလှဘက်တွင်လည်း အင်အား ၂၀၀ ခန့်ရှိ စစ်ကြောင်း ရှေ့ဆက်မလာနိုင်ရန် ပိတ်ဆို့တိုက်ခိုက်မှုများပြုလုပ်နေသည်ဟု ကန့်ဘလူ ပကဖ တပ်ဖွဲ့ဝင်များထံက သိရသည်။

စစ်ရေးအရအရေးပါပြီး ခရိုင်မြို့ကြီးတစ်ခုဖြစ်သော ကောလင်းမြို့ကို ပြီးခဲ့သည့် နိုဝင်ဘာလ ၆ ရက်တွင် ပူးပေါင်းတပ်များ ပိုက်သိမ်းခဲ့ရာ စစ်ကောင်စီက မကြာခဏ တိုက်ခိုက်နေရာ ယခုအကြိမ်၌ အင်အားအလုံးအရင်းဖြင့် ပြန်လည်ထိုးစစ်ဆင်နေခြင်းဖြစ်သည်။

ပုံစာ-ယမန်နေ့ ကောလင်းမြို့တိုက်ပွဲတွင်းမှ စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိသော လက်နက်၊ခဲယမ်းပစ္စည်းများ ။

************

အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။

Telegram – > https://t.me/newstlk/3282

YouTube – > https://youtu.be/eEaLA1Cu5r0

Website – > https://thanlwinkhet.net/?p=7575

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleလေကြောင်းဗျူဟာကြားက စတေးခံ မြေစာပင်များ
Next Article မိုးညှင်းခရိုင်ဒေသခံများကိုဖမ်းဆီးပြီး စစ်သင်တန်းပေးနေ
thanlwinkhet
  • Website

Related Posts

စစ်တွေ စစ်ဘေးရှောင်များ စားဝတ်နေရေး ကြပ်တည်းနေ

June 5, 2025

မီဇိုရမ်ဘက်မှ ကုန်အဝင်နည်းသောကြောင့် ရခိုင်တွင် ကုန်ဈေးနူန်း ပြန်တက်

June 4, 2025

သေ့ဘောဘိုးစခန်းသိမ်းတိုက်ပွဲတွင် ၁၂၀ မမနှင့် လက်နက်ကြီးများ သိမ်းဆည်းရရှိ

June 4, 2025

Leave A Reply Cancel Reply

Recent Posts

  • စစ်တွေ စစ်ဘေးရှောင်များ စားဝတ်နေရေး ကြပ်တည်းနေ
  • မီဇိုရမ်ဘက်မှ ကုန်အဝင်နည်းသောကြောင့် ရခိုင်တွင် ကုန်ဈေးနူန်း ပြန်တက်
  • သေ့ဘောဘိုးစခန်းသိမ်းတိုက်ပွဲတွင် ၁၂၀ မမနှင့် လက်နက်ကြီးများ သိမ်းဆည်းရရှိ
  • ထိုင်းမှာ ၂ ရက်အတွင်း လူ သုံးသောင်းဝန်းကျင် ကိုဗစ် ကူးစက်ခံရ
  • စီးပွားရေးမြို့တော် ရန်ကုန်တွင် လူ ၂ ဒဿမ ၇ သန်းခန့် ဆင်းရဲကြပ်တည်းနေ

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

စစ်တွေ စစ်ဘေးရှောင်များ စားဝတ်နေရေး ကြပ်တည်းနေ

မီဇိုရမ်ဘက်မှ ကုန်အဝင်နည်းသောကြောင့် ရခိုင်တွင် ကုန်ဈေးနူန်း ပြန်တက်

သေ့ဘောဘိုးစခန်းသိမ်းတိုက်ပွဲတွင် ၁၂၀ မမနှင့် လက်နက်ကြီးများ သိမ်းဆည်းရရှိ

ထိုင်းမှာ ၂ ရက်အတွင်း လူ သုံးသောင်းဝန်းကျင် ကိုဗစ် ကူးစက်ခံရ

ယခင်သတင်းများ

  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • ဓာတ်ပုံသတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

စစ်တွေ စစ်ဘေးရှောင်များ စားဝတ်နေရေး ကြပ်တည်းနေ

June 5, 2025

မီဇိုရမ်ဘက်မှ ကုန်အဝင်နည်းသောကြောင့် ရခိုင်တွင် ကုန်ဈေးနူန်း ပြန်တက်

June 4, 2025

သေ့ဘောဘိုးစခန်းသိမ်းတိုက်ပွဲတွင် ၁၂၀ မမနှင့် လက်နက်ကြီးများ သိမ်းဆည်းရရှိ

June 4, 2025

ထိုင်းမှာ ၂ ရက်အတွင်း လူ သုံးသောင်းဝန်းကျင် ကိုဗစ် ကူးစက်ခံရ

June 4, 2025

စီးပွားရေးမြို့တော် ရန်ကုန်တွင် လူ ၂ ဒဿမ ၇ သန်းခန့် ဆင်းရဲကြပ်တည်းနေ

June 4, 2025

သေ့ဘောဘိုးစခန်းကို ကရင်ပူးပေါင်းတပ်များ သိမ်းပိုက် မြဝတီတောင်ပိုင်းတွင် နောက်ထပ် စခန်း ၃ ခုသာကျန်

June 3, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.