စစ်သင်္ဘော ၁၀ စီးကို AA ချေမှုန်းထားနိုင်
****************************
သံလွင်ခက်
ဖေဖော်ဝါရီ ၉ ၊ ၂၀၂၄ ။
စစ်ကောင်စီ၏ ရေတပ်ကို ရက္ခိုင့်တပ်တော်မှ တန်ပြန်တိုက်ခိုက်နိုင်ခဲ့ပြီး စစ်ကောင်စီ၏ မြစ်အတွင်းမှ တိုက်ခိုက်ရေးစစ်သင်္ဘော ၃ စီးကို နစ်မြုပ်အောင် တိုက်ခိုက်နိုင်ခဲ့သည်ဟု ညီနောင်မဟာမိတ် ၃ ဖွဲ့က ယမန်နေ့ညပိုင်း၌ သတင်းထုတ်ပြန်သည် ။
အဆိုပါသင်္ဘော ၃ စီးကို ဖေဖော်ဝါရီလ ၇ ရက်နှင့် ၈ရက် တို့တွင်ဖြစ်ပွားခဲ့သောစစ်ဆင်ရေးအတွင်း တိုက်ခိုက်နိုင်ခဲ့ခြင်းဖြစ်သည် ။
တိုက်ပွဲများနေ့စဥ်ပြင်းထန်ဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်တွင် စစ်ကောင်စီ၏ ကြည်း၊ ရေ၊ လေ ပူးပေါင်းခုခံစစ်ကို ရက္ခိုင့်တပ်တော်မှ ချေမှုန်းနေရာ
ယခုနှစ် ၂၀၂၄ ခုနှစ်အတွင်းတွင်ပင် စစ်ကောင်စီ၏စစ်သင်္ဘော ၇ စီးခန့်ကို သွားလာ၍မရနိုင်အောင်နှင့် မြစ်အတွင်းရေချ၍မရနိုင်အောင် ပြုလုပ်နိုင်ခဲ့သည်။
ယခုတစ်ကြိမ်တွင် စစ်ကောင်စီ၏ကမ်းထိုးယာဉ်နှင့် Navy စုစုပေါင်း ၃ စီးတို့ကို ရက္ခိုင့်တပ်တော်မှ ရက္ခိုင်ပင်လယ်ပြင်ထက်တွင် အပြတ်အသတ်ချေမှုန်းတိုက်ခိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၈) ရက်နေ့သည် ရက္ခိုင့်တပ်တော်၏သမိုင်းတွင် ရန်သူအား ပင်လယ်ပြင်ထက်တွင် အောင်ပွဲကိုရေးထိုးနိုင်ခဲ့သော နေ့တစ်နေ့ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။
ရန်သူ့ရေတပ်မှ စစ်သင်္ဘောများကို
အာရက္ခပင်လယ်ပြင်ထဲသို့ နစ်မြုပ်အောင် ကြံဆောင်နိုင်ခဲ့သောနေ့လည်းဖြစ်သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ဤပင်လယ်ပြင်တိုက်ပွဲအတွင်း ပေးအပ်လာသောတာဝန်ကို ကျေပွန်စွာနှင့် တိကျစွာထမ်းရွက်ပေးခဲ့ကြသော အာရက္ခစစ်သည်တော်များကို လေးနက်စွာဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်ဟု AA ပါဝင်သော ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်သည် ။
လက်နက်ချအညံ့ခံရန် ပြောထားသော်လည်း နားထောင်ခြင်းမရှိသည့် စစ်သင်္ဘောများပေါ်မှ ထွက်ပြေးနေသော ရန်သူများကိုလည်း မြစ်ကြောင်းအတွင်း တစ်ယောက်မကျန် လိုက်လံချေမှုန်းတိုက်ခိုက်လျက်ရှိသည်ဟု ညီနောင်မဟာမိတ် ၃ ဖွဲ့က သတိပေးထားသည်။
ပုံစာ- ဧရာဝတီမြစ်ကြောင်းတွင်း၌ ပြီးခဲ့သော ၂၀၂၃ ခုနှစ်တွင် စစ်ကောင်စီက လက်နက်၊ လူအင်အား၊ ရိက္ခာများ တင်ဆောင်လာသည့် သင်္ဘောများဖြင့် စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့် ကချင်ပြည်နယ်ဘက်သို့ အကြိမ်ကြိမ် အင်အားဖြည့်ခဲ့မှုများ ။
ပုံစာ- ရခိုင်ပြည်နယ် စစ်တွေ ၊ အငူမော်ဆိပ်ကမ်း၌ မြင်တွေ့ရသော စစ်ရေယာဉ် ။
************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3281
YouTube – > https://youtu.be/eEaLA1Cu5r0
Website – > https://thanlwinkhet.net/?p=7572