• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်
  • ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး
  • စစ်တွေတွင် ရွေးကောက်ပွဲကျင်းပပြီးနောက် လက်နက်ကြီးသံများ ဆက်တိုက်ထွက်ပေါ်
  • ဘက်စုံပိတ်ဆို့မှုကြောင့် စစ်တွေလက်လုပ်လက်စားများ အငတ်ဘေး ရင်ဆိုင်နေရ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»တိုက်ပွဲသတင်း»လူမျိုးသုဉ်းသတ်ဖြတ်မှု ပြစ်ဒဏ်ကင်းလွတ်ခွင့်ပြုမည်မဟုတ်ဟု KSCC ဥက္ကဋ္ဌပြော
တိုက်ပွဲသတင်း

လူမျိုးသုဉ်းသတ်ဖြတ်မှု ပြစ်ဒဏ်ကင်းလွတ်ခွင့်ပြုမည်မဟုတ်ဟု KSCC ဥက္ကဋ္ဌပြော

thanlwinkhetBy thanlwinkhetFebruary 8, 2024No Comments2 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

လူမျိုးသုဉ်းသတ်ဖြတ်မှု ပြစ်ဒဏ်ကင်းလွတ်ခွင့်ပြုမည်မဟုတ်ဟု KSCC ဥက္ကဋ္ဌပြော

************************

သဇင်

ဖေဖော်ဝါရီ ၉၊၂၀၂၄။

ကရင်နီပြည် (ကယားပြည်နယ်)၊ ဒီးမော့ဆိုမြို့နှင့် ရှားတောမြို့နယ်ရှိ ကလေးသူငယ်များနှင့် အမျိုးသမီးများအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှုနှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သူများကို ပြစ်ဒဏ်ကင်းလွတ်ခွင့်ပြုမည်မဟုတ်ဘူးဟု ကရင်နီပြည်အတိုင်ပင်ခံကောင်စီ KSCC ဥက္ကဋ္ဌ ဦးအောင်ဆန်းမြင့်က သံလွင်ခက်ကို ပြောသည်။

ဖေဖော်ဝါရီ ၅ ရက် နံနက်အစောပိုင်းတွင် ရှားတောမြို့ကို ရဟတ်ယာဉ်ဖြင့် စစ်ကူရောက်ရှိလာသည့် အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ် – ရပခ လက်အောက်ခံ မိုင်းပျဥ်းအခြေ စိုက် အမှတ် -၂၄၉၊ ခြေလျင်တပ်ရင်း (ခလရ-၂၄၉) နှင့် ကရင်နီကာကွယ်ရေးပူပေါင်းအဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။

ထို့နောက် အဆိုပါတိုက်ပွဲက လူစုကွဲလာသည့် စစ်ကောင် စီတပ်ဖွဲ့ဝင်များသည် ရှားတော‌မြို့နယ်ရှိ  စစ်ဘေးရှောင်အမျိုးသား ၁ ဦး၊ အမျိုးသမီး ၃ ဦးနှင့် ကလေး ၃ဦးကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

နောက်တစ်နေ့တွင် ဖမ်းဆီးခံထားရသူများထဲက အမျိုးသား ထွက်ပြေးလွတ်မြောက်လာခဲ့သော်လည်း ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ ဦးအပါဝင် မသန်စွမ်းအမျိုးသမီး၂ ဦး နှင့်အသက် ၁၀ နှစ်အောက် ကလေးငယ် ၃ ဦးတို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပစ်သတ်ခဲ့သည်။

လေကြောင်းတိုက်ခိုက်ခြင်း၊လက်နက်ကြီးပစ်ခတ်ခြင်းများအပြင် ဒေသခံများကို ဓားစာခံအဖြစ်ဖမ်းဆီးကာ သတ်ဖြတ်ခဲ့ခြင်းများ ပြုလုပ်နေသည့်စစ်ကောင်စီသည် နိုင်ငံတကာဥပဒေနှင့် စံနှုန်းများကို ပြောင်ပြောင်တင်း တင်းချိုးဖောက်နေခြင်းဖြစ်သည်။

ထိုကဲ့သို့ ပြစ်မှုကျူးလွန်သူများကို ပြစ်ဒဏ်ကင်းလွတ်ခွင့်ပြုမည်မဟုတ်ဟု ကရင်နီပြည်အတိုင်ပင်ခံကောင်စီ KSCC ဥက္ကဋ္ဌ ဦးအောင်ဆန်းမြင့် က ပြောသည်။

၎င်းက “ စစ်တပ်က သူတို့ပြောဆိုထားတဲ့အတိုင်း မင်းတို့နယ်မြေတွေကို သိမ်းပိုက်လို့ရချင်ရမယ်။ မင်းတို့လည်းအေးအေးဆေးဆေးနေရမှာမဟုတ်ဘူးဆိုတဲ့အတိုင်း ဒီလိုလုပ်ရပ်တွေကို ပြောင်ပြောင်တင်းတင်းလုပ်ဆောင်နေတာဖြစ်တယ်။ ဒီလိုစစ်ကောင်စီရဲ့လုပ်ရပ်တွေနဲ့ ပတ် သက်ပြီးတော့မှ နိုင်ငံတကာက အရေးယူဆောင်ရွက်နိုင်အောင် ဒီမိုကရေစီတည်ဆောက်ရေးကာလတွေမှာ ဒါတွေကို တရားမျှတမှုရအောင် အစွမ်းကုန်ကြိုးစားကြရမှာဖြစ်တယ်။ ပြစ်မှုကျူးလွန်တဲ့သူတွေကိုတော့ ပြစ်ဒဏ်ကင်းလွတ်ခွင့် ပေးမှာမဟုတ်ဘူးလို့ပြောချင်ပါတယ် ” ဟု ပြောသည်။

အသတ်ခံရသည့် ကိုယ်ဝန်ဆောင်အပါအဝင် ရုပ်အလောင်း ၆ လောင်းကို ကရင်နီတော်လှန်ရေးပူးပေါင်းတပ်များက နယ်မြေရှင်းလင်းစဉ် ရှာဖွေတွေ့ရှိခဲ့ပြီး သေနတ်ဒဏ်ရာများဖြင့် သေဆုံးလျက်တွေ့ရှိခဲ့သည်ဟု ကရင်နီတပ်မတော် – KA စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က ပြောသည်။

၎င်းက “ ရုပ်အလောင်းတွေကို တွေ့တဲ့ချိန်မှာ အားလုံးက သေနတ်ချက်တွေနဲ့ သေဆုံးနေတာ။ ခုလက်ရှိမှာတော့ ရှားတောမြို့ထဲမှာ နယ်မြေရှင်းလင်းရေးလုပ်နေတယ်။ ပြည်သူတွေကိုပစ်သတ်သွားတဲ့ ရန်သူတွေကို လိုက်လံချေမှုန်းနေပါတယ်။ နောက်ပြီး ရှားတောမြို့နယ်ထဲဗျူဟာကုန်း ၁ ခုကျန်နေသေးတယ်။အဲ့တာကိုလည်း ရှင်းဖို့ကြိုးစားနေပါတယ်” ဟု ဆိုသည်။

ကရင်နီလူ့အခွင့်အရေးအဖွဲ့က ရုပ်အလောင်းများကို နာရီပိုင်းအတွင်း ပြန်လည်တွေ့ရှိပြီး  ဦးခေါင်းကို တေ့ကာ ပစ်ခတ်ထားသည့် ဒဏ်ရာများနှင့် ညိုမည်းဒဏ်ရာများအပြင် ခြေထောက်တွင် ဓားဖြင့် လှီးဖြတ်ထားသည့် ဒဏ်ရာများလည်း တွေ့ရှိရသည်ဟု ထုတ်ပြန်ထားသည်။

ထို့ပြင် ဖေဖော်ဝါရီ ၅ရက်တွင် ဒီးမော့ဆိုမြို့နယ်၊အနောက်ခြမ်း ဒေါဆီအီကျေးရွာစာသင်ကျောင်းနှင့် လွိုင်နန်းဖကျေးရွာ စာသင်ကျောင်း ၂ ကျောင်းကို စစ်ကောင်စီတပ်က ဂျက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် အသက် ၁၃  နှစ်အရွယ် အလယ်တန်း ကျောင်းသား ၄ ဦး နှင့် သက်ကြီးပိုင်းအမျိုးသား ၁ ဦး သေဆုံးခဲ့သည့်အပြင် မူကြိုအရွယ်ကလေးငယ် ၁ ဦးနှင့် ဆရာ၊ ဆရာမအပါအဝင် ၂၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ UNICEF ကလည်း ကလေးများစာသင်ကြားနေသည့် နေရာများကို တိုက်ခိုက်ခြင်းသည် ကလေးအခွင့်အရေးနှင့် နိုင်ငံတကာ လူသားချင်းစာနာရေး ဥပဒေကို စိုးရိမ်စဖွယ် ချိုးဖောက်ခြင်းဖြစ်သည့်အတွက် ပြင်းပြင်းထန်ထန် ကန့်ကွက်သည်ဟု ဖေဖော်ဝါရီ ၇ ရက်တွင် ထုတ်ပြန်ထားသည်။

စစ်အာဏာသိမ်းပြီး ၃ နှစ်ကျော်ကာလအတွင်း စစ်ကောင်စီနှင့် စစ်ကောင်စီလက်အောက်ခံအဖွဲ့များ၏ သတ်ဖြတ်မှုကြောင့် ကလေးသူငယ် ၅၅၃ ဦးသေဆုံးခဲ့သည်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း – AAPP ၏ ယခုနှစ်ဖေဖော်ဝါရီ ၇ ရက် ထုတ်ပြန်ချက်အရ သိရသည်။

ဓာတ်ပုံ – CJ

ပုံစာ – ဖမ်းဆီးခံရသူများအနက်မှ သတ်ဖြတ်ခံခဲ့ရသည့် ကလေးငယ်၏ရုပ်အလောင်း။

************

အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။

Telegram – > https://t.me/newstlk/3280

YouTube – > https://youtu.be/eEaLA1Cu5r0

Website – > https://thanlwinkhet.net/?p=7569

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleကောလင်းမြို့အဖိခံနေရ၍ ကန့်ဘလူတွင် စခန်းသိမ်းထိုးစစ်ဖော်ဆောင်
Next Article စစ်သင်္ဘော ၁၀ စီးကို AA ချေမှုန်းထားနိုင်
thanlwinkhet
  • Website

Related Posts

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ခရစ္စမတ်နေ့ဆုတောင်းသည့် ဒိုက်ဦးနိုင်ကျဉ်းသူများ ရိုက်နှက်ခံရ

December 29, 2025

ရွေးကောက်ပွဲအကြောင်းပြ ကရင်နီကုန်သွယ်လမ်းများ စစ်ကော်မရှင်ပိတ်

December 28, 2025

Leave A Reply Cancel Reply

Recent Posts

  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

ယခင်သတင်းများ

  • December 2025
  • November 2025
  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ထုတ်ပြန်ချက်
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နိုင်ငံရေးသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • ရွေးကောက်ပွဲသတင်း
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

December 31, 2025

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

December 31, 2025

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

December 31, 2025

ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

December 31, 2025

ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး

December 30, 2025
Copyright © 2026. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.