• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • KNA အမည်ပြောင်း BGF က ယုံကြည်မရဟု KNU ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒိုပြော
  • ဘန်ကောက်ရှိ မြန်မာသံရုံးတွင် ကြိုတင်မဲပေးကာလ ရက်ထပ်တိုး
  • ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာ ၃ ဦး ရေနစ်သေဆုံး
  • လေးကေ့ကော် စစ်ရှောင် ၂၇၀၀ ကျော် စားနပ်ရိက္ခာနှင့် ဆေးဝါးများ အရေးပေါ် လိုအပ်
  • စစ်ကော်မရှင်ရွေးကောက်ပွဲက သူတို့ အာဏာသက်ဆိုးရှည်ဖို့ လုပ်တာဖြစ်တယ်
  • စစ်မီးလျှံကြား သုံးကြိမ်မြောက် ဘဝစရသူများ
  • ထမင်းမစားရွာတပ်စခန်း ပြန်ရရန် ကြိုးပမ်းသည့် စစ်တပ် အထိနာ၊ ၁၅ ဦးသေဆုံး
  • ရခိုင်ရေပိုင်နက်တွင် ငါးခိုးဖမ်းသူများက AA တပ်ဖွဲ့ဝင်များအား သတ်ဖြတ်
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»တိုက်ပွဲသတင်း»ကောလင်းမြို့အဖိခံနေရ၍ ကန့်ဘလူတွင် စခန်းသိမ်းထိုးစစ်ဖော်ဆောင်
တိုက်ပွဲသတင်း

ကောလင်းမြို့အဖိခံနေရ၍ ကန့်ဘလူတွင် စခန်းသိမ်းထိုးစစ်ဖော်ဆောင်

thanlwinkhetBy thanlwinkhetFebruary 8, 2024No Comments2 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

ကောလင်းမြို့အဖိခံနေရ၍ ကန့်ဘလူတွင် စခန်းသိမ်းထိုးစစ်ဖော်ဆောင်

******************************

Saw Smith

ဖေဖော်ဝါရီ ၈ ၊ ၂၀၂၄ ။

ကန့်ဘလူ၌ စခန်းသိမ်းထိုးစစ်ဆင်နေသောကြောင့် စစ်ကောင်စီ၏ လေကြောင်းပစ်ကူသည် ယနေ့တွင် ကောလင်းဘက်မရောက်တော့သည့်အပြင် စစ်ကူစစ်ကြောင်းတချို့နှင့် လက်နက်ကြီးပစ်ကူများသည်လည်း ကန့်ဘလူဘက်ကို ပိုမိုအားစိုက်လာခဲ့ရသည်ဟု ဒေသခံကာကွယ်ရေးတပ်များထံက သိရသည်။

သိမ်းပိုက်ခံထားရသည့် ကောလင်းမြို့ကို စစ်ကောင်စီက မြေပြင်၊ ဝေဟင်တို့မှ အင်အားအလုံးအရင်းဖြင့် ဖေဖော်ဝါရီ ၃ ရက်ကတည်းက နေ့စဥ်ရက်ဆက်  ထိုးစစ်ဆင်နေသောကြောင့် ယမန်နေ့ ညနေပိုင်း ၅ နာရီခန့်တွင် ကန့်ဘလူမြို့နယ် ချပ်သင်းပျူရွာ အထိုင်တပ်စခန်းကို ပူးပေါင်းတပ်များက ထိုးစစ်ဆင်နေခဲ့ခြင်းဖြစ်သည်။

” သူတို့က ကောလင်းကို တအားဖိနေတဲ့အခါကျတော့ ချပ်သင်းဘက်မှာ ထိုးစစ်ဆင်တိုက်တာ။ လေကြောင်းပစ်ကူက အခုလောလောဆယ်က ကောလင်းကို ပစ်မကူနိုင်ဘူးဗျ။ ချပ်သင်းမှာပဲ ပစ်ပစ်ပြီး ပြန်သွားတာ “ဟု  ကန့်ဘလူမြို့နယ် ပကဖ တာဝန်ရှိသူတစ်ဦးက ပြောသည် ။

ချပ်သင်းပျူရွာတွင် စစ်ကောင်စီနှင့် ပျူစောထီး အင်အား ၈၀ ကျော်ရှိပြီး လက်ရှိထိုးစစ်ဆင်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများသည်ဟု ၎င်းက ဆက်လက်ပြောသည် ။

ထို့ကြောင့် စစ်ကောင်စီ၏ ကန့်ဘလူ ၆၀၀၆ တပ်ရင်းမှ စစ်ကား ၆ စီးနှင့် ဟောင်ဝှစ်ဇာ ပစ်ကူများ ၁၀၀ ကျော်ထိ ပေးခဲ့သည့်အပြင် လေကြောင်းမှလည်း ယမန်နေ့ ညပိုင်းနှင့် ယနေ့ နေ့လည်ပိုင်းထိ ပစ်ကူ ၅ ကြိမ်ထိ လာရောက်ခဲ့သည် ။

ကာကွယ်ရေးပူးပေါင်းတပ်များက  ချပ်သင်းရွာထိုးစစ်ဆင်နေသည့်အပြင် ကျွန်းလှသို့ရောက်ရှိနေသည့် အင်အား ၂၀၀ ခန့်ရှိ စစ်ကြောင်းကိုလည်း ကောလင်းဘက်မသွားနိုင်ရန် ကြားဖြတ်တိုက်ခိုက်နေရာ အဆိုပါစစ်ကြောင်းမှာ ထွက်လာလိုက်၊ ပြန်ဝင်လိုက်ရ ဖြစ်နေသည်ဟု သိရသည်။

စစ်ရေးအရအရေးပါသည့် စစ်ကိုင်းတိုင်းအတွင်းရှိ  ခရိုင်မြို့ကြီးတစ်ခုဖြစ်သော ကောလင်းမြို့ကို ပြီးခဲ့သည့် နိုဝင်ဘာလ ၆ ရက်တွင် ပူးပေါင်းတပ်များက သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် ပြန်လည်ထိုးစစ်ဆင်နေခြင်းဖြစ်သည်။

” တောင်ဘက်ခြမ်းအင်အားက ဟတ်စကီးတွေနဲ့လာချတာ ကိုးတောင်ဘို့ဘက်ကနေ ၄၀၀ ကျော် လောက်ရှိတယ်။ ကောလင်းမြောက်ဘက်ခြမ်း ဝန်သိုဘက်ကနေ  ၃၀၀ ကျောတယ် “ဟု ကောလင်းမြို့သို့ စစ်ကြောင်းထိုးနေမှုကို ဒေသခံ ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည် ။

စစ်ကောင်စီ၏ ဝန်သိုမြို့အထိုင်တပ်မှ ယမန်နေ့ ညပိုင်းတွင်  ဟောင်ဝှစ်ဇာဖြင့် အချက်ရေ ၅၀ ကျော် ပစ်ခတ်ခဲ့သည့်အပြင် ကောလင်းမြောက်ဘက်ရှိစစ်ကြောင်းများကလည်း ယနေ့တွင် ကောလင်းမြို့ကို ထိုးဖောက်နေပြီဖြစ်သည်ဟု စစ်ကောင်စီဝါဒဖြန့် သတင်းဌာနများတွင်ဖော်ပြထားသည်။

” မြို့ထဲကိုဝင်ရောက်နိုင်ပြီလားလို့မေးရင် မဟုတ်သေးပါဘူးဗျ။ မြို့ပြင်အစွန်ကျတဲ့ရပ်ကွက်ကို ဝင်တာကဟုတ်ပါတယ် ။ လေကြောင်းတိုက်ခိုက်မှုက ဒီနေ့ကောလင်းကိုတော့မရှိသေးဘူးဗျ ” ဟု ကောလင်းဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ညနေ ၄ နာရီခန့်တွင်ပြောသည် ။

ကောလင်းမြို့ကို လက်လွှတ်ဆုံးရှုံးရပြီးနောက် စစ်ကောင်စီသည် အကြိမ်ကြိမ် ပြန်လည်ထိုးစစ်ဆင်နေခဲ့ရာ ယခုအကြိမ်တွင် မြေပြင်စစ်ကြောင်း အများအပြားအသုံးပြုနေသည့်အပြင် လေကြောင်းမှလည်း နေ့စဥ်နီးပါးလာရောက်၍ပစ်ကူပေး ထိုးစစ်ဆင်နေသည်။

ပုံစာ-ကောလင်းမြို့ကို သိမ်းပိုက်ပြီးနောက် ပြည်သူ့တော်လှန်ရေးတပ် အလံတော်လွှင့်ထူထားသည်ကို နိုဝင်ဘာလ ၆ရက်တွင် NUG ကာကွယ်ရေးဝန်ကြီးဌာနက ဖော်ပြထားမှု ။

************

အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။

Telegram – > https://t.me/newstlk/3277

YouTube – > https://youtu.be/eEaLA1Cu5r0

Website – > https://thanlwinkhet.net/?p=7564

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleကန့်ဘလူတွင် စစ်ရဟတ်ယာဉ်အပစ်ခံရပြီး ထိမှန်
Next Article လူမျိုးသုဉ်းသတ်ဖြတ်မှု ပြစ်ဒဏ်ကင်းလွတ်ခွင့်ပြုမည်မဟုတ်ဟု KSCC ဥက္ကဋ္ဌပြော
thanlwinkhet
  • Website

Related Posts

စစ်ကော်မရှင်ရွေးကောက်ပွဲက သူတို့ အာဏာသက်ဆိုးရှည်ဖို့ လုပ်တာဖြစ်တယ်

September 13, 2025

ထမင်းမစားရွာတပ်စခန်း ပြန်ရရန် ကြိုးပမ်းသည့် စစ်တပ် အထိနာ၊ ၁၅ ဦးသေဆုံး

September 12, 2025

သပိတ်ကျင်းတွင် စစ်တပ်၏ လေကြောင်းနှင့် လက်နက်ကြီးကြောင့် အပြစ်မဲ့ပြည်သူများ သေဆုံး

September 11, 2025

Leave A Reply Cancel Reply

Recent Posts

  • KNA အမည်ပြောင်း BGF က ယုံကြည်မရဟု KNU ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒိုပြော
  • ဘန်ကောက်ရှိ မြန်မာသံရုံးတွင် ကြိုတင်မဲပေးကာလ ရက်ထပ်တိုး
  • ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာ ၃ ဦး ရေနစ်သေဆုံး
  • လေးကေ့ကော် စစ်ရှောင် ၂၇၀၀ ကျော် စားနပ်ရိက္ခာနှင့် ဆေးဝါးများ အရေးပေါ် လိုအပ်
  • စစ်ကော်မရှင်ရွေးကောက်ပွဲက သူတို့ အာဏာသက်ဆိုးရှည်ဖို့ လုပ်တာဖြစ်တယ်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

KNA အမည်ပြောင်း BGF က ယုံကြည်မရဟု KNU ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒိုပြော

ဘန်ကောက်ရှိ မြန်မာသံရုံးတွင် ကြိုတင်မဲပေးကာလ ရက်ထပ်တိုး

ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာ ၃ ဦး ရေနစ်သေဆုံး

လေးကေ့ကော် စစ်ရှောင် ၂၇၀၀ ကျော် စားနပ်ရိက္ခာနှင့် ဆေးဝါးများ အရေးပေါ် လိုအပ်

ယခင်သတင်းများ

  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ဓာတ်ပုံသတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

KNA အမည်ပြောင်း BGF က ယုံကြည်မရဟု KNU ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒိုပြော

September 14, 2025

ဘန်ကောက်ရှိ မြန်မာသံရုံးတွင် ကြိုတင်မဲပေးကာလ ရက်ထပ်တိုး

September 13, 2025

ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာ ၃ ဦး ရေနစ်သေဆုံး

September 13, 2025

လေးကေ့ကော် စစ်ရှောင် ၂၇၀၀ ကျော် စားနပ်ရိက္ခာနှင့် ဆေးဝါးများ အရေးပေါ် လိုအပ်

September 13, 2025

စစ်ကော်မရှင်ရွေးကောက်ပွဲက သူတို့ အာဏာသက်ဆိုးရှည်ဖို့ လုပ်တာဖြစ်တယ်

September 13, 2025

စစ်မီးလျှံကြား သုံးကြိမ်မြောက် ဘဝစရသူများ

September 12, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.