• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • KNA အမည်ပြောင်း BGF က ယုံကြည်မရဟု KNU ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒိုပြော
  • ဘန်ကောက်ရှိ မြန်မာသံရုံးတွင် ကြိုတင်မဲပေးကာလ ရက်ထပ်တိုး
  • ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာ ၃ ဦး ရေနစ်သေဆုံး
  • လေးကေ့ကော် စစ်ရှောင် ၂၇၀၀ ကျော် စားနပ်ရိက္ခာနှင့် ဆေးဝါးများ အရေးပေါ် လိုအပ်
  • စစ်ကော်မရှင်ရွေးကောက်ပွဲက သူတို့ အာဏာသက်ဆိုးရှည်ဖို့ လုပ်တာဖြစ်တယ်
  • စစ်မီးလျှံကြား သုံးကြိမ်မြောက် ဘဝစရသူများ
  • ထမင်းမစားရွာတပ်စခန်း ပြန်ရရန် ကြိုးပမ်းသည့် စစ်တပ် အထိနာ၊ ၁၅ ဦးသေဆုံး
  • ရခိုင်ရေပိုင်နက်တွင် ငါးခိုးဖမ်းသူများက AA တပ်ဖွဲ့ဝင်များအား သတ်ဖြတ်
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»တိုက်ပွဲသတင်း»အရပ်သားလက်နက်ကိုင်ဆောင်ခြင်းကို ထိန်းသိမ်းမည်ဟု MNDAA ဆို
တိုက်ပွဲသတင်း

အရပ်သားလက်နက်ကိုင်ဆောင်ခြင်းကို ထိန်းသိမ်းမည်ဟု MNDAA ဆို

thanlwinkhetBy thanlwinkhetFebruary 7, 2024No Comments1 Min Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

အရပ်သားလက်နက်ကိုင်ဆောင်ခြင်းကို ထိန်းသိမ်းမည်ဟု MNDAA ဆို

****************************

ယမင်းဖူးပွင့်အောင်

ဖေဖော်ဝါရီ ၇၊ ၂၀၂၄။

ပြန်လည်ထူထောင်ရေးကာလတွင် မလိုလားအပ်သည့်ပြဿနာများ မဖြစ်ပေါ်လာစေရန် အရပ်သားများ လက်နက်ကိုင်ဆောင်မှုကို ထိန်းသိမ်းမည်ဟု မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် – MNDAA ပြောရေးဆိုခွင့်ရှိသူ လီကျားဝင်း က ဆိုသည်။

လီကျားဝင်းက ” “တိုက်ပွဲအပြီး ပြန်လည်ထူထောင်ရေးကာလဆိုတော့ လက်နက်တွေက အရပ်သားတွေကိုင်ရင် တော်တော်လေးကို မလိုလားအပ်တဲ့ ပြဿနာတွေဖြစ်စေနိုင်တယ်။ ဒါတွေကို လျော့ကျအောင် ပပျောက်အောင် ကျွန်တော်တို့က ထိန်းသိမ်းရမှာဖြစ်တယ်” ဟုဆိုသည်။

ရှမ်းပြည်နယ်၊ အမှတ် ၁ အထူးအုပ်ချုပ်ရေးဒေသတွင် ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ အမျိုးအစားအစုံ တရားမဝင်လက်နက် ၆၃၁ လက်ကို သိမ်းဆည်းရမိခဲ့သည်ဟု ဖေဖော်ဝါရီ ၅ ရက်နေ့၌ တရုတ်ဘာသာဖြင့် MNDAA က ထုတ်ပြန်ခဲ့သည်။

အကြီးစားစစ်ဆေးရေးနှင့် ပြုပြင်ရေးလုပ်ငန်းဌာနချုပ်၏ပြောကြားချက်အရ ဖေဖော်ဝါရီ ၃ ရက် မွန်းလွဲပိုင်းတွင် ကုန်တင်ယာဉ် ၁ စီးအတွင်း လက်နက်အများအပြားဝှက်ထားသည်ဟု သတင်းရရှိပြီးနောက် သွားရောက်ရှင်းလင်း ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သိမ်းဆည်းရမိသည့် လက်နက်များသည် MNDAA ၏ တပ်မဟာ ၁ ခုစာအတွက် မလုံလောက်နိုင်ဟု လက်နက်အရေးကျွမ်းကျင်သူ ၁ ဦးက သံလွင်ခက်ကို သုံးသပ်ပြောကြားသည်။

၎င်းက “MNDAA ရဲ့ ဖွဲ့စည်းပုံအင်အားက ဘယ်လောက်ရှိမလဲတော့ ကျွန်တော် အတိအကျမသိထားဘူး။ သိမ်းမိတာတွေက တပ်မဟာ ၁ ခုစာတော့ မရနိုင်ဘူးယူဆပါတယ်။ MNDAA က 7.62×39 ပဲသုံးတော့ စကစရဲ့ နေတိုးစံပြုကျည်သုံး လက်နက်ငယ်တွေ သိပ်သုံးမယ်တော့ မထင်ဘူး။ အခုပုံထဲကဖမ်းမိတာတွေကတော့ Type 56 ( တရုတ် AK) တွေဖြစ်ပုံရလို့ သုံးလို့ရနိုင်တယ်။ ဒကစ ကျတုန်းက သိမ်းမိတာတွေကတော့ တခြားကိုပဲ ပေးမယ်ထင်တယ်” ဟုဆိုသည်။

ယခုနှစ် ဖေဖော်ဝါရီလ ၅ ရက်မတိုင်မီ ကိုးကန့်ဒေအတွင်းရှိ အရပ်သားများအနေဖြင့် ဝှက်ထားသော လက်နက်ခဲယမ်းများ လာရောက်အပ်နှံရမည်ဖြစ်ပြီး သတ်မှတ်ကာလအတွင်း လာရောက်အပ်နှံခြင်းမရှိပါက ဥပဒေနှင့်အညီအရေးယူမည်ဟု MNDAA က ဇန်နဝါရီ ၂၁ ရက် ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

ဓာတ်ပုံ – The Kokang

ပုံစာ – MNDAA က သိမ်းဆည်းရမိသည့် တရားမဝင်လက်နက်များ။

************

အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။

Telegram – > https://t.me/newstlk/3266

YouTube – > https://youtu.be/eEaLA1Cu5r0

Website – > https://thanlwinkhet.net/?p=7545

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleထန်းတပင်မြို့နယ်တွင် တိုက်ပွဲများပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်
Next Article အသံတိတ်သပိတ်တွင် ပါဝင်ခဲ့သည့် တက္ကသိုလ်ကျောင်းသားများ ဖမ်းဆီးရိုက်နှက်ခံရ
thanlwinkhet
  • Website

Related Posts

စစ်ကော်မရှင်ရွေးကောက်ပွဲက သူတို့ အာဏာသက်ဆိုးရှည်ဖို့ လုပ်တာဖြစ်တယ်

September 13, 2025

ထမင်းမစားရွာတပ်စခန်း ပြန်ရရန် ကြိုးပမ်းသည့် စစ်တပ် အထိနာ၊ ၁၅ ဦးသေဆုံး

September 12, 2025

သပိတ်ကျင်းတွင် စစ်တပ်၏ လေကြောင်းနှင့် လက်နက်ကြီးကြောင့် အပြစ်မဲ့ပြည်သူများ သေဆုံး

September 11, 2025

Leave A Reply Cancel Reply

Recent Posts

  • KNA အမည်ပြောင်း BGF က ယုံကြည်မရဟု KNU ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒိုပြော
  • ဘန်ကောက်ရှိ မြန်မာသံရုံးတွင် ကြိုတင်မဲပေးကာလ ရက်ထပ်တိုး
  • ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာ ၃ ဦး ရေနစ်သေဆုံး
  • လေးကေ့ကော် စစ်ရှောင် ၂၇၀၀ ကျော် စားနပ်ရိက္ခာနှင့် ဆေးဝါးများ အရေးပေါ် လိုအပ်
  • စစ်ကော်မရှင်ရွေးကောက်ပွဲက သူတို့ အာဏာသက်ဆိုးရှည်ဖို့ လုပ်တာဖြစ်တယ်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

KNA အမည်ပြောင်း BGF က ယုံကြည်မရဟု KNU ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒိုပြော

ဘန်ကောက်ရှိ မြန်မာသံရုံးတွင် ကြိုတင်မဲပေးကာလ ရက်ထပ်တိုး

ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာ ၃ ဦး ရေနစ်သေဆုံး

လေးကေ့ကော် စစ်ရှောင် ၂၇၀၀ ကျော် စားနပ်ရိက္ခာနှင့် ဆေးဝါးများ အရေးပေါ် လိုအပ်

ယခင်သတင်းများ

  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ဓာတ်ပုံသတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

KNA အမည်ပြောင်း BGF က ယုံကြည်မရဟု KNU ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒိုပြော

September 14, 2025

ဘန်ကောက်ရှိ မြန်မာသံရုံးတွင် ကြိုတင်မဲပေးကာလ ရက်ထပ်တိုး

September 13, 2025

ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာ ၃ ဦး ရေနစ်သေဆုံး

September 13, 2025

လေးကေ့ကော် စစ်ရှောင် ၂၇၀၀ ကျော် စားနပ်ရိက္ခာနှင့် ဆေးဝါးများ အရေးပေါ် လိုအပ်

September 13, 2025

စစ်ကော်မရှင်ရွေးကောက်ပွဲက သူတို့ အာဏာသက်ဆိုးရှည်ဖို့ လုပ်တာဖြစ်တယ်

September 13, 2025

စစ်မီးလျှံကြား သုံးကြိမ်မြောက် ဘဝစရသူများ

September 12, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.