• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်
  • ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး
  • စစ်တွေတွင် ရွေးကောက်ပွဲကျင်းပပြီးနောက် လက်နက်ကြီးသံများ ဆက်တိုက်ထွက်ပေါ်
  • ဘက်စုံပိတ်ဆို့မှုကြောင့် စစ်တွေလက်လုပ်လက်စားများ အငတ်ဘေး ရင်ဆိုင်နေရ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»နေ့စဉ်သတင်း»ရှမ်း/တောင်ကျောင်းသားများကို အခြားဒေသများတွင် စာမေးပွဲဖြေဆိုခွင့်ပြုထား
နေ့စဉ်သတင်း

ရှမ်း/တောင်ကျောင်းသားများကို အခြားဒေသများတွင် စာမေးပွဲဖြေဆိုခွင့်ပြုထား

thanlwinkhetBy thanlwinkhetFebruary 6, 2024No Comments2 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

ရှမ်း/တောင်ကျောင်းသားများကို အခြားဒေသများတွင် စာမေးပွဲဖြေဆိုခွင့်ပြုထား

****************************

ယမင်းဖူးပွင့်အောင်

ဖေဖော်ဝါရီ ၆၊ ၂၀၂၄။

ရှမ်းပြည်နယ်တောင်ပိုင်းတွင် တိုက်ပွဲပြင်းထန်နေသောဒေသများက ကျောင်းသားများကို အခြားဒေသများတွင် စာမေးပွဲပြောင်း‌ရွှေ့ဖြေဆိုခွင့်ပြုထားသည်ဟု ကျောင်းသားမိဘများထံက သိရသည်။

ဆီဆိုင်၊ ဘန်းယဉ်နှင့် ဟိုပုံးမြို့များတွင် ယခုနှစ် ဇန်နဝါရီ ၂၃ ရက်ကစတင်၍ စစ်ကောင်စီတပ်ဖွဲ့အပါအဝင် ပအိုဝ်းအမျိုးသားတပ် PNA (ပြည်သူ့စစ်) နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် – PNLA တို့ကြား ထိတွေ့တိုက်ပွဲများပြင်းထန်နေသည်။

အဆိုပါမြို့များရှိစာသင်ကျောင်းများ၌ ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများအနေဖြင့် တောင် ကြီးမြို့တွင် စာမေးပွဲပြောင်းရွှေ့ဖြေဆိုလျှင် ချက်ချင်းလက်ခံပေးရန် စာထုတ်ထားသည်ဟု လုံခြုံရေးအရ အမည် မဖော်လိုသူ အမျိုးသမီးပညာရေးဝန်ထမ်း ၁ ဦးက သံလွင်ခက် ကို ပြောသည်။

၎င်းက “လတ်တလောအတွက် ချက်ချင်းလက်ခံပေးဖို့ စာထွက်ထားတယ်။ ဆီဆိုင်တို့ ဘန်းယဉ်တို့ဘက်က ကလေးတွေကို တောင်ကြီးမြို့မှာ ပေးဖြေမယ်ပေါ့။ ဘယ်အတန်းပဲဖြစ်ဖြစ်။ မြကန်သာရဲ့မြောက်ဘက်က အမက – ၂၂ ကျောင်းမှာ ဆီဆိုင်ပညာရေးမှူးရှိတယ်။ သူ့ကိုသွားတွေ့ပြီး ဘယ်‌ကျောင်းကပါ ဘယ်အတန်းကပါလို့ပြောပြီး ထောက်ခံစာရေးပြီးရင် ကိုယ်ကြိုက်တဲ့ကျောင်းမှာ သွားအပ်ပြီးဖြေပါတဲ့” ဟု ပြောသည်။

ဆီဆိုင်မြို့ကို PNLA က ထိန်းချုပ်ပြီးနောက် စစ်ကောင်စီသည် ပအိုဝ်းလူမျိုးအများစုနေထိုင်ရာ ရှမ်းပြည်နယ် တောင်ပိုင်းရှိ မြို့များ၊ ကျေးရွာများကို တိုက်ခိုက်ဖျက်ဆီးနေသဖြင့် ဘုန်းတော်ကြီးကျောင်း ၅ ကျောင်း၊ ဓမ္မာရုံ ၁ ရုံ၊ ဘုရားရှိခိုး ကျောင်း ၁ ကျောင်း၊ စာသင်ကျောင်း ၁ ကျောင်း နှင့် နေအိမ်အများအပြားထိခိုက်ပျက်စီးခဲ့ရသည်ဟု PNLA က ထုတ်ပြန်ထားသည်။

ဟိုပုံးမြို့နယ်ရှိ စံဖူးကျေးရွာတွင် စစ်ကောင်စီ၊ PNO ပြည်သူ့စစ်ပူးပေါင်းတပ်များနှင့် PNLA တပ်ဖွဲ့များကြား တိုက်ပွဲများစတင်ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်တွင်လည်း ဆီဆိုင်မြို့တွင် တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။

ထို့ကြောင့်လည်း ပညာရေးထက်စားဝတ်နေရေးကို ပိုမိုဦးစားပေးနေရသဖြင့် တောင်ကြီးမြို့ကို စာမေးပွဲသွား ရောက်ဖြေဆိုမည့် ကျောင်းသားရာခိုင်နှုန်းနည်းနိုင်သည်ဟု ဆီဆိုင်မြို့တွင်နေထိုင်သည့် အမျိုးသားဒေသခံ ၁ ဦးက သံလွင်ခက် ကို ပြောသည်။

“လိုင်းပေါ်မှာပဲစာတွေပျံ့နေတာ၊ တရားဝင်လားတော့မသိဘူး။ အခုက ပညာရေးထက် စားဝတ်နေရေးကို ပိုဦးစား ပေးနေရတော့ သွားဖြေမယ့်ရာခိုင်နှုန်းနည်းမယ် ထင်တယ်။ တောထဲကို ရှောင်နေကြတဲ့သူတွေလည်းရှိတယ်။ ဖေ ဖော်ဝါရီမှာဖြေမယ့်စာမေးပွဲက အဆင့်ကြီးဆိုတော့ ကလေးတွေအတွက် နစ်နာတာပေါ့”

ရှမ်းပြည်နယ်တောင်ပိုင်းတွင် ကရင်နီဒေသက စစ်ဘေးရှောင်လာသူအများအပြားရှိနေပြီး ယခုကဲ့သို့ ထပ်မံ ရှောင် တိမ်းရသည့်အတွက် ထိခိုက်နစ်နာမှုများစွာရှိသည်ဟု ပအိုဝ်းအမျိုးသမီး ၁ ဦးဖြစ်သူ မကြယ်စင် က ပြောသည်။

၎င်းက “အခုလို တိုက်ပွဲထပ်ဖြစ်တော့ အခုဆို ထပ်ပြီးရှောင်စရာနေရာမရှိဘူးဆိုပြီး ထိခိုက်နစ်နာမှုတွေတော့ အ များကြီးရှိတယ်။ အထူးသဖြင့် ပအိုဝ်းပြည်သူအချင်းချင်း ၂ ခြမ်းလိုမျိုးဖြစ်သွားတယ်။ PNA ကိုထောက်ခံတဲ့သူ လည်းရှိတယ်။ PNLA ကိုထောက်ခံတဲ့လူထုက ၁ ခြမ်းဖြစ်တယ်။ အခုဆိုလူထုက ဘယ်သူ့နောက်လိုက်လို့ လိုက်ရ မှန်းမသိဘူးဆိုတဲ့အခြေအနေတွေလည်း အများကြီးရှိတယ်ပေါ့” ဟု ဆိုသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်တွင်လည်း တိုက်ပွဲဖြစ်ပွားလာနိုင်မည့်အခြေအနေအပေါ် စိုးရိမ်၍ ဒေသခံ ကျောင်းသားမိဘများက အခြားမြို့များ၌ စာမေးပွဲပြောင်းရွှေ့ဖြေဆိုခွင့်ပြုရန် တောင်းဆိုထားသော်လည်း လက်ခံ ခြင်းမရှိဟု ဒေသခံများထံက သိရသည်။

ပုံစာ – တောင်ကြီးမြို့နယ်အတွင်းရှိ ကျောင်းများတွင် စာသင်ကြားနေသည့် မြင်ကွင်း/ ပုံ အဟောင်း

************

အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။

Telegram – > https://t.me/newstlk/3254

YouTube – > https://youtu.be/eEaLA1Cu5r0

Website – > https://thanlwinkhet.net/?p=7521

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleကော့ကရိတ်မြို့နယ်ကစစ်ရှောင်များ စားနပ်ရိက္ခာအခက်အခဲကြုံတွေ့နေ
Next Article YDF ရဲဘော် ၂ ဦးအရှင်လတ်လတ်မီးရှို့ခံရပြီးနောက် စစ်သုံ့ပန်းများဆယ်ချီ ဖမ်းဆီးရမိခဲ့
thanlwinkhet
  • Website

Related Posts

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ခရစ္စမတ်နေ့ဆုတောင်းသည့် ဒိုက်ဦးနိုင်ကျဉ်းသူများ ရိုက်နှက်ခံရ

December 29, 2025

ရွေးကောက်ပွဲအကြောင်းပြ ကရင်နီကုန်သွယ်လမ်းများ စစ်ကော်မရှင်ပိတ်

December 28, 2025

Leave A Reply Cancel Reply

Recent Posts

  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

ယခင်သတင်းများ

  • December 2025
  • November 2025
  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ထုတ်ပြန်ချက်
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နိုင်ငံရေးသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • ရွေးကောက်ပွဲသတင်း
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

December 31, 2025

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

December 31, 2025

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

December 31, 2025

ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

December 31, 2025

ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး

December 30, 2025
Copyright © 2026. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.